Open Web Tools Directory ~ Mozilla Labs

Mozilla Labs ကနေ ဒီနေ့ Open Web Tools ဆိုတာကို စပြီး launch (Labs) လုပ်ပါတယ်။ ဒါနဲ့ Open ဆိုတော့ အလကားရမယ် လေ့လာလို့ ရမယ်ဆိုပြီး ၀မ်းသာအားရ ပြေးကြည့်ပါတယ်။ ကွန်နက်ရှင်က မကောင်းတော့ Refresh 5 ခါလောက်နဲ့ ၁၀ မိနစ်လောက် စောင့်လိုက်မှ မြင်ရပါတော့တယ်။ Open Web Tools ဆိုတဲ့ အတိုင်း powerful open source web based/ web technologies တွေကို စုစည်းထားတာကို တွေ့ရပါတယ်။
CSS Canvas ကို သုံးထားတဲ့ Web Interface ဖြစ်တာကြောင့် မိတ်ဆွေကြည့်ဖို့ အတွက် Firefox 3.0 +, Safari 4, Chrome 2, Opera 9 တို့သုံးမှသာ မြင်ရမှာ ဖြစ်ပါတယ်။ Prototype Javascripting ကိုသုံးထားပြီး lightbox, auto align, tool tips လို script တွေသုံးထားတာကလဲ ကျွန်တော့်ရဲ့ အရင်ကတဲက မကြိုက်တဲ့ flash ကို ပိုပြီး စိတ်မ၀င်စားတော့ အောင် လုပ်ယူသွားနိုင်ပါတယ်။

Open Web Tools Directory ဆိုတဲ့ အတိုင်း Tools တွေကို ရှင်းပြချက်တွေနဲ့ မူရင်း ဆိုဒ်တွေကို link လုပ်ပေးထားပါတယ်။ အောက်ဖက် မှာ search box, category ခွဲထားတာကိုလဲ တွေ့နိုင်ပြီး။ သက်ဆိုင် search result, category အလိုက် စီပြပေးပါတယ်။ Tools တွေမှာ jQuery, jQuery Library, Scriptalous, Firebug အစရှိတာတွေကို စုစည်းပေးထားတာမို့ browser မှာ bookmark လုပ်ထားသင့်တဲ့ ဆိုဒ်တစ်ခုပါလို့ ညွှန်းပါရစေ။






thant tin said,
Wrote on August 1, 2009 @ 8:53 pm
speeder Xp ကို သုံးချင်တယ် စက်မှာ ဘယ်လိုအချက်တွေလိုလဲ
ဘယ်လိုအပြစ်ရှိလဲ သိချင်ပါတယ်။
gmailကို စာပို့ပေးပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ………………….
သန့်တင်