Ornagai {English ~ Myanmar Dictionary}


Ornagai ~ English - Myanmar Dictionary

Ornagai ဆိုတာက English Myanmar Dictionary ၀ဘ်ဆိုဒ် တစ်ခုပါ။ Ornagai မှာ အင်္ဂလိပ်စာကနေ မြန်မာ စာ (အဘိဓာန်) အလွယ်တကူ ရှာနိုင်သလို မြန်မာ ကနေ အင်္ဂလိပ်စာကိုလဲ ပြန်ရှာလို့ ရပါတယ်။ Ornagai ဆိုဒ်က ရိုးရှင်း တက်တာမြန်သလို ရှာတဲ့ အခါမှာလဲ Google လို auto suggestion ထည့်ပေးထားပါတယ်။ Result မှာ noun, verb, adj, adv စတာတွေကို ခွဲပေးထားတဲ့ အပြင် voice spelling ပါထည့်ပေးထားပါတယ်။

Ornagai ~ English - Myanmar Dictionary

Ornagai အဘိဓာန်က အွန်လိုင်းသုံးရုံတင် မကပဲ Offline အတွက် StarDict နဲ့ Babylon တို့အတွက်လဲ ရနိုင်ပါတယ်။ StarDict နဲ့ Babylon တို့က Mac အတွက်လဲ ရှိပါတယ်။ StarDict ကတော့ Open Source ပါ။ နောက် Mobile Phone အတွက်လဲရှိပါတယ်။ Mobile Phone က ကျွန်တော် အရင်ရေးခဲ့ဖူးတဲ့ MysteryZillion Mobile Dictionary project ပါပဲ အရင်နာမည်နဲ့ မဟုတ်တော့ပဲ Ornagai လို့ ပြောင်းထားတာပါ။

Ornagai on StarDict

သူ့ကို သွင်းဖို့ .jar ဖိုင်ကို download လုပ်ပြီး laptop ရဲ့ bluetooth ကနေ ဒါမှမဟုတ် mobiel phone USB cable ကနေ တစ်ဆင့် သွင်းနိုင်ပါတယ်။ တချို့ ဖုန်းတွေမှာ copyright, virus protect စနစ်တွေကြောင့် .jar ဖိုင်ကို bluetooth က ပို့ရင် လက်မခံတတ်ပါဘူး။ အဲဒါဆိုရင်တော့ ဖုန်းဝယ်တုန်းက ပါတဲ့ကြိုးနဲ့ ကွန်ပျူတာကနေ သွင်းလို့ ရသလို ဖိုင်နာမည်က extension .jar ကို ခဏဖြုတ်ထားပြီး ဖုန်းထဲရောက်သွားမှ ပြန်ထည့်ရေးပြီး သုံးနိုင်ပါတယ်။

Ornagai ~ English - Myanmar Dictionary

ဒီ Ornagai Dictionary ကို ကို Saturngod နဲ့ မိုဘိုင်းဖုန်း နဲ့ အခြား စာလုံး ဒေတာတွေကို Mystery Zillion အဖွဲ့သားတွေ ၀ိုင်းဝန်းရေးထားကြတာလို့ သိရပါတယ်။ စာလုံးတော်တော်များများ ရှိနေပြီဖြစ်ပြီး တကယ်လို့ result မှာ စိတ်ကြိုက်မတွေ့ရင်ပဲဖြစ်ဖြစ်၊ ရှာမတွေ့ရင်ပဲ ဖြစ်ဖြစ် ကိုယ့်ဖာသာ add လုပ်နိုင်အောင် Result page အောက်ဖက်မှာ form တစ်ခုထည့်ထားတာကိုလဲ တွေ့ရမှာပါ။ Ornagai က Open Technology Project ဖြစ်ပြီး သူနဲ့ ပက်သက်တဲ့ သတင်းတွေကို Ornagai News အောက်မှာ ဖတ်ရှုနိုင်ပါတယ်။ ကျွန်တော်လဲ အမြဲဖတ်လေ့ရှိပြီး comment တွေ ဖတ်ကြည့်တဲ့ အခါ တချို့တွေ မေးခွန်းတွေ မေးထားတာကို တွေ့ရပါတယ်။ တစ်ချို့ အကြောင်းအရာတွေကို ကျွန်တော် အခု ပို့စ်မှာပဲ တွဲပြီး ဖြေလိုက်ပါမယ်.. (ကျွန်တော်က Ornagai ရဲ့ တာဝန်ရှိသူတစ်ယောက် မဟုတ်ပါ ဒါကြောင့် အောက်ပါ အချက်များက ကျွန်တော် ထင်တာတစ်ချို့သာဖြစ်ပါတယ်။ Ornagai နဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး)

Ornagai Mobile Dictionary ကို iPhone မှာ သုံးလို့ ရပါသလား ?

မရပါဘူး.. iPhone က နောက်ဆုံး OS 3.0 တင်ထားရင်တောင် .jar ဖိုင်ကို support မလုပ်တဲ့အတွက် iPhone မှာ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ Safari သုံးပြီး Web Based Dictionary ကို သုံးရင်တော့ ရပါတယ်။

မိုဘိုင်းဖုန်းမှာ မြန်မာစာ မြင်ရချင်တယ်၊ SMS ကို မြန်မာလိုပိုချင်တယ် ရမလား ?

မရပါဘူး… Ornagai က mobile phone မှာ မြန်မာစာ ပေါ်အောင် လုပ်တဲ့ software မဟုတ်သလို Oranagai မှာပါတဲ့ မြန်မာစာကိုလဲ အခြား mobiel phone ထဲက application တွေက နေ ယူသုံးလို့ မရပါဘူး။ မြန်မာလို SMS ပို့ချင်ရင်တော့ အခပေးရတဲ့ MySM, SM3 လို software တွေရှိပါတယ်။ ဖုန်းဆိုင်တွေမှာ ၀ယ်သွင်းလို့ ရပါတယ်။

တချို့ဖုန်းတွေမှာ သွင်းလို့ မရတာ ဘာကြောင့်ပါလဲ ?

တစ်ချို့ဖုန်းတွေ မော်ဒယ် မှာ သွင်းပြီး သုံးလို့ မရဘူးဆိုတာ ကျွန်တော်ကြည့်တာတော့ အနဲစုပဲ မရတာပါ.. မရတာက security က .jar အတွက် certificate လိုတာကြောင့်ဖြစ်နိုင်ပါတယ်.. သုံးလို့ရတယ်ဆိုတဲ့ Phone အမျိုးအစား model no တွေကို ဒီ Chart မှာ တစ်ချက်ကြည့်ကြည့်ပါဦး။

Ornagai Mobiel Dictionary ကို အခကြေးငွေယူပြီး ဖုန်းဆိုင်မှာ ထည့်လို့ ရမလား၊ ပိုက်ဆံယူပြီး သွင်းတဲ့ ဆိုင်ရှိပါသလား ?

ဒါကိုတော့ ကျွန်တော်လဲ မဖြေတတ်ပါဘူး.. သိချင်ရင် ကို Saturn ကို မေးပါ.. Ornagai Dictionary ကို ပိုက်ဆံနဲ့ သွင်းပေးတဲ့ ဆိုင် ရှိမရှိလဲ ကျွန်တော် မသိပါ.. ရှိခဲ့ရင်လဲ ပိုက်ဆံယူတာက အပြစ်သက်ရောက် သလားဆိုတာကိုလဲ မပြောတတ်ပါ.. Ornagai ရဲ့ License ကို လဲ ကျွန်တော် မသိပါဘူး။





Related Posts

9 Comments so far »

  1. nyanlynnphyo said,

    Wrote on September 18, 2009 @ 10:30 pm

    i want to use the dictionary.can i get it? how can get it?

    Well-loved. Like or Dislike: Thumb up 3 Thumb down 0

  2. than htike said,

    Wrote on October 21, 2009 @ 8:58 pm

    ကျေးဇူးတင်ပါတယ်

    Well-loved. Like or Dislike: Thumb up 3 Thumb down 0

  3. Happy Birthday to 3 Years Old Mystery Zillion!! « My Burmese Blog said,

    Wrote on April 1, 2010 @ 9:02 pm

    [...] နောက် community အနေနဲ့ open source projects တွေဖြစ်တဲ့ Ornagai Mobile Phone Dicitonary, MZ Edu လို ပရောဂျက်တွေလဲ [...]

    Like or Dislike: Thumb up 0 Thumb down 0

  4. Ornagai iPhone Dictionary App Give Away!! « My Burmese Blog said,

    Wrote on August 2, 2010 @ 9:23 pm

    [...] ဆိုတာ English – Myanmar Dictionary တစ်ခုပါ။ အဲဒီ Ornagai ကို အရင်လို Web ပေါ်မှာတင်မဟုတ်ပဲ အခု [...]

    Like or Dislike: Thumb up 0 Thumb down 0

  5. manawphyulay said,

    Wrote on August 6, 2010 @ 11:12 am

    so good. Nice post!

    Like or Dislike: Thumb up 0 Thumb down 0

  6. Nyi Nyi Myint said,

    Wrote on October 22, 2010 @ 6:47 am

    Hello Ko Htoo Tay Zar,

    I’ve just found out your website. I feel that it is very interesting and very useful for us.

    I would like to use your English-Myanmar dictionary in my computer and also in my mobile phone. I mean for offline (NOT ONLINE). Now I’m OK with online using.

    I would like to know

    1) whether I can install your English-Myanmar dictionary to my computer and mobile phone Nokia E71x (or) not.

    2)If yes, please share the procedure.

    Thank you in anticipation.
    Nyi Nyi Myint.

    Well-loved. Like or Dislike: Thumb up 2 Thumb down 0

  7. Danny said,

    Wrote on January 19, 2011 @ 8:14 am

    I don’t know how to install. Can you tell me the way that to install that dictionary.

    Like or Dislike: Thumb up 0 Thumb down 0

  8. Jue Seint Seint Aung said,

    Wrote on March 15, 2011 @ 7:56 am

    Awesome One

    Like or Dislike: Thumb up 0 Thumb down 0

  9. mueng said,

    Wrote on May 20, 2011 @ 2:13 pm

    i like it…

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: