hit counter

Fun Booth

MYT - Fun Booth

Fun Booth ဆိုတာက Mac Application တစ်ခုဖြစ်ပြီး ဓာတ်ပုံ ရိုက်တဲ့ အခါ သုံးပါတယ်။ Mac OS X ရဲ့built in Photo Booth နဲ့ ပုံစံတူပါတယ်။ မတူတာက Mac တွေရဲ့ iSight Camera ကိုသုံးပြီး ပုံကို ကြည့်တဲ့ အခါ Face Detection နဲ့ အလိုလျောက်ပုံထဲက မျက်နှာတွေမှာ ကိုယ်ထည့်ချင်တဲ့ ဦးထုပ်၊ မျက်နှာဖုံး၊ နှုတ်ခမ်းမွေးလို အရာတွေ ထည့်လို့ ရပါတယ်။ Real Time ထည့်ပေးတာပါ။

HTZ ~ Fun Booth

Application က အလိုလျောက် ကင်မရာမြင်ကွင်းထဲက မျက်နှာတွေကို ရှာပြီး ထည့်ပေးတာပါ။ နေရာရွှေ့သွားရင် သူလဲ လိုက်ရွှေ့ပါတယ်။ နောက် ဓာတ်ပုံတင် မဟုတ်ပဲ Video ပါ လုပ်လို့ ရပါတယ်။ iPhoto, YouTube, Flickr, Email, TwitPic တို့ကို export လုပ်ယူလို့ ရပါတယ်။ နောက် Mac အတွက်တင် မဟုတ်ပဲ iPhone အတွက်လဲ မကြာခင်ရပါတော့မယ်။

Fun Booth 2

ဒီ Application ကို SourceBits ရဲ့ လက်အောက်က SpoonJuice က ထုတ်ထားတာပါ။ နောက် Apple Download မှာ သူက Stuff Pick ဆုကို လဲရထားပြီး 2006 တုန်းကလဲ Apple Award ဆု ရထားတာပါ။ ကျွန်တော်ကတော့ shareware အနေနဲ့ မ၀ယ်ဘဲသုံးတာမို့ ကင်မရာထဲက လူတစ်ယောက်ထဲကိုပဲ ပေးလုပ်ပြီး ရုပ်ပြောင် ကာတွန်းတွေကလဲ ၅၀ လောက်သာ ပေးသုံးပါတယ်။ 1 ယောက်ထဲ သုံးဖို့ကတော့ shareware version နဲ့တင် SpoonJuice မှာ Download ယူစမ်းနိုင်ပါတယ်။ Fun Booth ဆိုတဲ့ အတိုင်း တကယ်ကို ပျော်စရာ (ရီစရာ) ကောင်းပါတယ်… Have Fun!!

ဒီပို့စ်တင်ဖို့ အတွက် မော်ဒယ်ကို မင်းယွန်းသစ်က ရန်ကုန်ကနေ မန်းလေးထိ လာပြီး ကူညီ အရိုက်ခံပေးပါတယ် :D နောက်တာ အမှန်တော့ ကိုသခင်ကြီးကိုမောင်လှကိုညီမင်းစံ တို့နဲ့ တွေ့ခဲ့တုန်းက ရိုက်ထားတာပါ။


Related Posts

1 Comment so far »

  1. soe wai said,

    Wrote on July 18, 2009 @ 11:24 am

    ဟား အရမ်းမိုက်တယ်ဗျာ

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: