30 Aug, 2009
ဒီနေ့ August 31 က နိုင်ငံတကာက blog တွေ စုပေါင်းပြီး လုပ်လေ့ရှိတဲ့ Blog Day ပါ။ ဒီနှစ်နဲ့ ဆိုရင် Blog Day ဆိုတာကို စလုပ်ခဲ့တာ ၅ နှစ်ရှိပြီ… ကျွန်တော်လဲ တစိတ်တပိုင်း အနေနဲ့ ပါတာ တတိယမြောက်နှစ်ပေါ့… Blog Day အကြောင်းပြောရရင် မပြောတော့ပါဘူး Blog Day ဆိုဒ်မှာသာ ဖတ်ကြည့်ပါတော့.. ဘာပဲပြောပြော blogDay initiator Nir Ofir ရဲ့ အိုင်ဒီယာကို သဘောကျပါတယ် 31 ရယ် 08 ကို ပေါင်းထားတဲ့ 3108 ဆိုတာလေးကို သဘောကျပါတယ်..
Read the rest of this entry »
21 Aug, 2009
ဆိုကြပါဆို Twitter မှာ လူ အယောက် ၁၀၀ ပဲ ရှိတယ်ဆိုရင်… သူ့ရဲ့ အတင်းတုပ်တဲ့သူ၊ ဘာမှမပြောတဲ့သူ၊ စကားများတဲ့သူ၊ နားထောင်ပေးတဲ့သူ စတဲ့ အရေအတွက်ကို chart တစ်ခု လုပ်ထားတာ Flickr မှာ တွေ့လို့ ပြန်တင်လိုက်ပါတယ်။ ကြည့်လိုက်တော့ ကျွန်တော် က 5 percent ၂ ခုပြထားတာ ထဲမှာ အပါအ၀င်ပါ လားလို့.. ဆိုတော့ စကားများတဲ့ သူတစ်ယောက်ပေါ့.. မိတ်ဆွေကော ?? ဘာမှမဟုတ်ပါဘူး စိတ်ဝင်စားဖို့ ကောင်းတဲ့ idea chart မို့ တင်လိုက်တာပါ။
18 Aug, 2009
လွန်ခဲ့တဲ့ အပတ်က ဂိမ်းခွေတစ်ခွေ ၀ယ်ဖြစ်ခဲ့ပါတယ်… Guitar Hero ~ World Tour ပါ။ ဒီအခွေနဲ့ဆိုရင် ပြည်တွင်းမှာ PC အတွက်လာတဲ့ Guitar Hero 3 ခွေမြောက်ပါ။ ပထမ GH 3 နောက် Aerosmith နဲ့ အခု World Tour ပါ။ ဂိမ်းခွေသွင်းရင်းနဲ့ Wikipedia မှာ World Tour Tracks Lists ကြည့်မိပါတယ်။ သီချင်းတွေ တော်တော်များများ ကြိုက်တာတွေ ဖြစ်နေတယ်.. မသိတဲ့ band တွေ သီချင်းတွေလဲ တော်တော်များများ ပါပါတယ်။
Read the rest of this entry »
13 Aug, 2009
လွှန်ခဲ့တဲ့ ရက် မနက် အစောဘက် ငလျင်လှုပ်ပြီးတဲ့ နေ့မှာပဲ တိုက်တိုက် ဆိုင်ဆိုင် ကြည့်မိတဲ့ site တစ်ခုက Emergency Kit Packaging Design တစ်ခုကိုတွေ့လို့ ပုံပြန်တင်လိုက်ပါတယ်ဗျာ။ ဒီဇိုင်းမိုက်ပြီး compact ဖြစ်တာမို့ လက်တွေ့လဲ အသုံးဝင်မှာပါ။ သူ့ထဲမှာ First-aid, Food+Water, Shelter+Light, and Toiletry တွေပါတယ်။ ကြည့်ရတာ ဈေးကတော့ သေးမယ် မထင်ဘူး။ ဘာပဲပြောပြော အရင်က အဲဒီလောက် မဟုတ်ပေမယ့် အခုနောက်ပိုင်းတော့ Natural Disaster တွေကို လန့်လာနေတော့ ပစ္စည်းတွေလဲ ကြည့်တတ်လာပြီလို့ ပြောလို့ရတယ်။ အမှန်တော့ ဒါမျိုး ပစ္စည်းတွေက NGO မှာ volunteer လုပ်မှ ကိုင်ဖူးမြင်ဖူးရတာ မဟုတ်လား။
Read the rest of this entry »
12 Aug, 2009
ဒီရက်တွေမှာ Apple ရဲ့ သတင်းတွေ နေရာတိုင်း ဖတ်နေရတယ်။ ကောင်းသတင်းတော့ မဟုတ်ဘူး Apple ရဲ့ App Store ရဲ့ policy အကြောင်းပဲ.. သူတို့က developer တွေ submit လုပ်ထားတာကို approve လုပ်ပေးမှ ရောင်းလို့ ရတာပါ။ ပြီးတော့ မကောင်းတဲ့ အချက်လို့လဲ ပြောလို့ ရတယ် iPhone Apps မှန်သမျှရဲ့ ဈေးကွက်ဟာ iTunes App Store ကနေသာ ရောင်းချခွင့်ရှိနေတာပါ။ ကောင်းတဲ့ အချက်ကတော့ Apps ကို host လုပ်စရာမလိုတာရယ်၊ Money transfer လွယ်တယ်၊ တစ်စုတစ်စည်းတဲ ကြည့်လို့ရတာတော့ ရှိတယ်။
Read the rest of this entry »
11 Aug, 2009
ဒီရက်တွေ မှာ တော်တော် ကံဆိုးနေတယ်.. အရင် အပတ်က motherboard ကို ဆိုင်ပို့ရတယ်.. ဟိုက အစားပေးတဲ့ board ယူလာတော့ board က BIOS battery က အားမရှိတော့ နောက်ရက် အသစ်သွားဝယ်ခဲ့ရတယ်။ ၀ယ်ပြီးတော့ အလုပ်မလုပ်တော့ နောက်တစ်ရက်မှာ service ပြန်ပို့ရပြန်ရော.. ပို့လဲပို့ရော ဟိုကပြောလာတယ် harddisk က ပျက်နေတာတဲ့…
Read the rest of this entry »
10 Aug, 2009
လွန်ခဲ့တဲ့ သောကြာနေ့က Little Fella လို့ ချစ်စရာနာမည်နဲ့ ခေါ်ကြတဲ့ deviantArt 9 နှစ်ပြည့်မွေးနေ့ပါ။ deviantArt ဆိုတာကတော့ ကမ္ဘာ့အကြီးဆုံး Visual Artists တွေ စုစည်းနေတဲ့ ဆိုဒ်တစ်ခုလို့ ပြောလို့ ရပါတယ်။ အဲဒီမှာ resources တွေရနိုင်တယ်၊ Inspiration တွေ ယူနိုင်တယ်၊ tutorial တွေ လေ့လာနိုင်တယ်၊ ကမ္ဘာအနှံ့က artists တွေနဲ့ မိတ်ဖွဲ့လို့ ရနိုင်တယ်… deviantArt ရဲ့ support လုပ်နိုင်မှုကိုလဲ အရမ်းကြိုက်တယ်။ သိန်းချီတဲ့ resources တွေကို host လုပ်ပေးထားတဲ့ နေရာတစ်ခုပါ။ သူ့ရဲ့ 9 နှစ်မြောက်ခဲ့တဲ့ အောင်မြင်မှုကို Happy Birthday လို့ ပို့စ်တင်လိုက်တာပါ။ =D
Read the rest of this entry »
7 Aug, 2009
အရင်က ကျွန်တော် တစ်ခါ ရေးခဲ့ဖူးတယ် ရန်ကုန်မှာ GSM ဖုန်းလိုင်းမှာ 3G Handset တွေမှာ လိုင်းမမိတော့ပဲ Network Error ပြတဲ့ ပြသနာ အခု မဖြစ်နိုင်တော့ဘူး လို့ သတင်း ဖတ်ရပါတယ်။ အရင်က GSM နဲ့ WCDMA (3G) ဖုန်းလိုင်း ၂ မျိုးရှိတာ။ လူအများစု မသိကြလို့ပါ အဲဒီ အင်တာနက် ရတဲ့ 3G ဖုန်းလိုင်းက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတဲက ရန်ကုန်မြို့ထဲမှာ ရှိနေတယ်။
ကျွန်တော်ကြားတာ စမ်းနေတယ်လို့ပြောတယ်.. နောက် power ရှိတဲ့သူတွေမှ ရတယ်လို့ ကြားမိတယ်။ ကိုယ့်ဖာသာ အိမ်မှာ စမ်းကြည့်သေးတယ် လိုင်းကတော့ မိတယ် password, proxy တွေ မသိတော့ ၀င်လို့ မရဘူး။ ကျွန်တော့် အရင်ဖုန်းက Sony Ericsson K800 က 3G support လုပ်တော့ မကြာမကြာ လိုင်းအပြင်ရောက်သွားပြီး No Ntw. ဆိုပြီး လာပေါ်လေ့ရှိတယ်။ ပုံမှန်သဘောတရားအရ GSM နဲ့ WCDMA 2 လိုင်းရှိနေရင် ဖုန်းတွေက အလိုလျောက် လိုင်းဆွဲအားကောင်းတဲ့ WCDMA (3G) ကို ၀င်သွားတတ်တယ်။ 3G Handset တွေမှာ အဲဒါကို setting မှာ သွားပိတ်မထားရင် ရန်ကုန်မြို့ထဲမှာ မကြာခဏ လိုင်းမမိတော့တဲ့ ပြသနာ ရှိခဲ့တယ်။ iPhone မှာလဲ အလိုလျောက်ရှာတယ် ဒါပေမယ့် ပိတ်ထားရင်ရပါတယ်။
Read the rest of this entry »
3 Aug, 2009
ဘာရေးရမလဲ မသိလို့ ဒီနေ့တော့ နားထောင်နေတဲ့ သီချင်း တင်လိုက်ပါတယ်.. သီချင်းနာမည်က ကမ္ဘာအပြင်ဘက် လို့ခေါ်ပါတယ်။ ဂရေဟမ် နဲ့ လေးလေးဝါး တို့ ဆိုထားတာပါ။ သီချင်းက ခိုင်သင်းကြည် မင်္ဂလာဆောင်တုန်းက အခွေထဲကပါ။ အမှန်ပြော ရရင် ကျွန်တော် အဲဒီ တစ်ခွေလုံးက သီချင်းတွေ ကြိုက်ပါတယ်။ သံစုံတီးဝိုင်းနဲ့ တီးထားတာက အရမ်းကောင်းပါတယ်။ သံစဉ်က တီးသွားတာ အရမ်းကိုလှပါတယ်… သူ့နေရာနဲ့ သူပဲ မြန်မာ သံစဉ်တွေမှာ ဒီလို သီချင်းကောင်းတွေ အများကြီးရှိသေးတယ်။ အမှန်တော့ ကျွန်တော်က နားညီးတဲ့ ဂီတတွေလဲ ကြိုက်သလို ဒီလို သီချင်းတွေလဲကြိုက်ပါတယ် နောက် Orchestra နဲ့ Symphony တီးထားတာတွေ instrumental music တွေလဲ အမြဲနားထောင်ဖြစ်ပါတယ်။
Read the rest of this entry »