Apple Going to Make Big Mistakes

ဒီရက်တွေမှာ Apple ရဲ့ သတင်းတွေ နေရာတိုင်း ဖတ်နေရတယ်။ ကောင်းသတင်းတော့ မဟုတ်ဘူး Apple ရဲ့ App Store ရဲ့ policy အကြောင်းပဲ.. သူတို့က developer တွေ submit လုပ်ထားတာကို approve လုပ်ပေးမှ ရောင်းလို့ ရတာပါ။ ပြီးတော့ မကောင်းတဲ့ အချက်လို့လဲ ပြောလို့ ရတယ် iPhone Apps မှန်သမျှရဲ့ ဈေးကွက်ဟာ iTunes App Store ကနေသာ ရောင်းချခွင့်ရှိနေတာပါ။ ကောင်းတဲ့ အချက်ကတော့ Apps ကို host လုပ်စရာမလိုတာရယ်၊ Money transfer လွယ်တယ်၊ တစ်စုတစ်စည်းတဲ ကြည့်လို့ရတာတော့ ရှိတယ်။
Apple က သူ့ရဲ့ App Store policy ကို ပြင်သင့်နေပါပြီ မပြင်ရင်တော့ အကြီးဆုံး အမှား ဖြစ်လာတော့မှာ သေချာနေပြီ။ App တွေပို့ထားရင် သူတို့ရဲ့ ခွင့်ပြုချက်ယူတဲ့ အချိန်က တစ်ခါတလေ လနဲ့ ချီကြာတယ်။ ဒါက အချိန်တင် မဟုတ်ဘူး အခြား အများကြီးဆုံးရှုံးတယ်။ Developer တချို့ဆို ကြောင်တောင်တောင် policy ကြောင့် သူတို့ App တွေလုပ်ထားသမျ ဈေးကွက်တောင် မရောက်ရှာဘူး။ တချို့ကျတော့ ရောင်းခွင့်ပြုပြီးမှ update version ကို ကန့်သတ်ခံရတာလဲ ရှိတယ်။ ဒီလပိုင်း အတွင်းမှာ အကြီးဆုံး ကစ်ခံလိုက်ရတဲ့ App ကတော့ Google ရဲ့Voice App ပါ။
Google Voice ကို Apple နဲ့ AT&T က အဓိကတော့ AT&T က သူ့ service ကို ထိခိုက်မှာ စိုးတဲ့ အတွက် Apple ကို Google Voice ကို လက်မခံဖို့ ဖိအားပေးလိုက်ပုံရတယ်။ အဲဒီမှာ အဖုအထစ်တွေ စဖြစ်ပါတယ်။
နောက်ထပ် ဖြစ်တာတစ်ချို့လဲ ဖတ်ရသေးတယ်… India က developer တစ်ယောက်ရဲ့ ရာချီတဲ့ Apps တွေ အကစ်ခံလိုက်ရတာရော၊ အခု Tech Crunch မှာ လဲဖတ်ရတယ် နာမည်ကြီး Mac Developer Steven Frank လဲ iPhone ကို စိတ်ကုန်ပြီလို့ ဆိုတယ်။ Steven Frank က သူ့ရဲ့ နာမည်ကြီး Coda (for Mac) နဲ့ နာမည်ကြီးပါတယ်။
နောက် GigaOM က Editor, Tech Crunch Editor Michael Arrignton လဲ iPhone ကို ဆက် မသုံးကြတော့ဘူး။ Arrignton ကတော့ Palm Pre ကိုင်မယ်ပြောတယ်။ စကားမစပ် personally ပြောရရင် Palm Pre ဖုန်း ဒီဇိုင်းကို မကြိုက်ပါ screen သေးပြီး အလုံးပုံမျိုးနဲ့ တော်တော်တုံးပါတယ်။ Apple ရဲ့ Apps Store policy တင်မဟုတ်ပါဘူး အခြား ပြသနာက US official carrier AT&T ရဲ့ contract ပါ။
AT&T ရဲ့ iPhone contract မှာပါတဲ့ plan က 3G လိုင်းကို တစ်လကို $ 100 လောက်ကပုံမှန် ကျပါတယ်။ ပိုသုံးရင် ပိုကျတဲ့ အပြင် သူ့မှာ MMS support မလုပ်ပါဘူး။ Tethering လဲ official အလုပ်မလုပ်သေးပါဘူး။ လုပ်ချင်ရင် hack လုပ်ပြီး သုံးရင်ရပါတယ်။ အဲဒီ အကြောင်းကို WWDC 09 မှာ ပြောတုန်းက လူတွေ ၀ိုင်းရီကြတာကိုလဲ ဗီဒီယို ကြည့်ခဲ့ရတယ်။ MMS ကို ဒီနှစ်ကုန်လောက်မှ သုံးလို့ ရမယ်လို့ ပြောတယ်။ AT&T ရဲ့အပြစ်တွေကလဲ iPhone ကို လူတွေ စိတ်ကုန်လာစေပါတယ်။ အခြား နိုင်ငံတွေက ဥပမာ Singapore SingTel မှာ တောင် အဲဒီလို မဖြစ်ပါဘူး။
Apple မှာ လက်ရှိ ပြသနာ ဖြစ်နေတဲ့ အဲဒီ ၂ ခုကို ဒီလတွေ အတွင်းမှာ မဖြေရှင်းနိုင်ရင် သေချာပါတယ် သူက 1 Smart Phone for Internet ဆိုတဲ့ အဆင့်ကနေ Palm Pre ဒါမှမဟုတ် BlackBerry, Andriod ကို ဖယ်ပေးရတော့မယ်။ ကောလဟာလတွေ ထွက်နေတာက လဲရှိပါသေးတယ် Apple က US မှာ AT&T နဲ့ မဟုတ်တော့ပဲ Verizon နဲ့ ဆက်လုပ်တော့မယ်လို့ သတင်းထွက်နေတယ်။ နောက် ကောလဟာဖြစ်နေတဲ့ MacTablet က Verizon ကို သုံးမယ်လို့ ပြောနေကြတယ်။ အဓိက ကတော့ AT&T ရဲ့ Nation Fastest ဆိုတဲ့ ဘာမှသုံးမရတဲ့ လိုင်းပါ။ နိုင်ငံရေး policy တင်းကျပ်တဲ့ တရုတ် က carrier Unicom တောင် ဘာမှမဖြစ်ဘူး။ Apple ရဲ့ Phil Schiller လဲရှင်းဖို့ ကြိုးစားပေမယ့် ကြည့်ရတာ Steve Jobs ထွက်ရှင်းမှ ပြသနာ ပြီးမယ့် သဘောပါ။ ထင်တာတော့ နောက်လ ထွက်မယ် Mac OS X Snow Leopard ပွဲမှာ ရှင်းလိမ့်မယ် ထင်တယ်။ ။
Apple iPhone Related Articles
Set Up iPhone OS 3.0 Tethering by Nay Nay Naing
Phil Schiller trying to solve iPhone App Store Problems
Fed Up, A Popular Mac Developer Quits The iPhone






apple victim said,
Wrote on September 17, 2009 @ 4:26 am
yes, bullshit apple .today just i have bought apple 3gs 16 gb white and i test all it funtion ,it can not compare to samsung. fuck i make really mistake to shop apple because i have contract to buy apple for two year payment,it is also hard to use arrange ipod music funtion
and they dont give me proper user guide
i understand today about media because apple annouser you can see in everywhere thatwhy i make a big mistake
so if anyone have read my comment
dont consider to buy apple
this is really fucking bad phone .not worth to buy