hit counter

Blog Day 2009

Blog Day 2009

ဒီနေ့ August 31 က နိုင်ငံတကာက blog တွေ စုပေါင်းပြီး လုပ်လေ့ရှိတဲ့ Blog Day ပါ။ ဒီနှစ်နဲ့ ဆိုရင် Blog Day ဆိုတာကို စလုပ်ခဲ့တာ ၅ နှစ်ရှိပြီ… ကျွန်တော်လဲ တစိတ်တပိုင်း အနေနဲ့ ပါတာ တတိယမြောက်နှစ်ပေါ့… Blog Day အကြောင်းပြောရရင် မပြောတော့ပါဘူး Blog Day ဆိုဒ်မှာသာ ဖတ်ကြည့်ပါတော့.. ဘာပဲပြောပြော blogDay initiator Nir Ofir ရဲ့ အိုင်ဒီယာကို သဘောကျပါတယ် 31 ရယ် 08 ကို ပေါင်းထားတဲ့ 3108 ဆိုတာလေးကို သဘောကျပါတယ်..

ဒီလ အစပိုင်းအထိ အဲဒီ Blog Day.org ကို သူက မပြောင်းသေးဘူး 2008 တုန်းက ပုံတွေပဲ ပြနေလို့ သူ့ကိုတောင် မေးကြည့်မိသေးတယ်။ ဒီနေ့ ကြည့်လိုက်တော့ 2009 ဖြစ်နေပြီ။ ဒီနှစ်တော့ အရင်နှစ်တွေကလိုပါပဲ ကျွန်တော် ဒီနှစ်ထဲမှာ ဖတ်ဖြစ်တဲ့ blog 5 ခုကို ရွေးပါတယ်… တစ်နှစ်ထက် တနှစ် ကျွန်တော် blog တွေ ဖတ်တာ subscribe လုပ်တာ များလာတော့ ဘယ်တစ်ခုကို ရွေးရမလဲဆိုတာ တော်တော် စဉ်းစားရပါတယ်.. ဖတ်လို့ ကောင်းတဲ့ blog တွေ ချေ၇းရရင် ၅ ခု နဲ ဘယ်လိုမှ မလောက်ပါဘူး.. ပြီးတော့ အခု ရွေးထားတာတွေက ကျွန်တော် တစ်ယောက်ထဲရွေးထားတာပါ ကျွန်တော် ကြိုက်မိတဲ့ ဘလော့ဂ်တွေပေါ့.. blogs တွေက ကျွန်တော် ဖတ်သာဖတ်တာ ဆိုဒ်မှာ သွားဖတ်ခဲပါတယ်.. အမြဲတမ်း Google Reader က ပဲဖတ်တာမို့ တစ်ဖက်မှာ ဘာ ဒီဇိုင်းတွေ ပြောင်းထားလဲ တောင် မသိပါဘူး =D

နောက် အချိန်ကြောင့်လဲ ပါပါတယ်.. အင်တာနက်က ပိုက်ဆံနဲ့ သုံးရတာဆိုတော့ ကိုယ့်ဖာသာတောင် မလောက်တဲ့ငွေ အတွက် ချွေတာ၇တော့ ဆိုဒ်တွေကို လိုက်မဖတ်အားပါဘူး အသစ်တင်တဲ့ item ကို ဖတ်လိုက် နဲ့ ပြီးပါတယ်.. နောက် blogspot ဆို ကျော်ဝင်ရတာ တွေလဲ ရှိတာကြောင့် အခက်အခဲတွေရှိတယ်.. စာဖတ်လို့ရ ပေမယ် ပုံကို မမြင်ရတော့ image link သတ်သတ်ကူးပြီး web site ကနေ ကျော်ကြည့်ရပါတယ်။ နောက် comments ဆိုတာမျိုး cbox မှာ ရေးတာမျိုးတွေ တစ်ခါမှ မလုပ်ဖြစ်ပါဘူး။ Google Reader တောင် ကဖေးမှာ ထိုင်ဖတ်တာ မဟုတ်ပဲ laptop ကနေ တစ်ခါထဲ Google Gear သုံးပြီး offline sync လုပ်ပြီးမှ အိမ်မှာ ဖတ်ရပါတယ်။

ဒီလိုနဲ့ ပဲ blog ဖတ်ရင်းကနေ ကျွန်တော် ဒီနှစ်ထဲမှာ ဖတ်မိတဲ့ အထဲက blog 5 ခုကို အခုလို ရွေးပါတယ်….

Tutorial 9

Tutorial 9

Tutorial 9 က US က ကျွန်တော်နဲ့ အသက်တူ David Ledged စလုပ်ထားတဲ့ blog ပါ။ ကျွန်တော် ဒီ blog စဖတ်ဖူးတာ ဒီနှစ်ထဲမှတော့မဟုတ်ပါဘူး သူစပြီး ၃ လေးခုပဲ စရေးရကတည်းကပါပဲ.. အဲဒီတုန်းက သူက PSD tuts မှာ ကွန်မန့်ရေးထားခဲ့တာ မှာ ပါတဲ့ link ကနေ ပထမဆုံးရောက်ဖူးတာပါ။ ဟိုအရင်တွေတုန်းကတော့ အခုလောက် post တင်တာ မစိပ်သေးပါဘူး အဲဒီတုန်းက photoshop အကြောင်းများပါတယ်.. အခုတော့ Web, Visual Design, Dev အစုံဖြစ်သွားပြီး ပိုကောင်းလာပါတယ်။ အခုကတော့ သူတစ်ယောက်ထဲ ရေးတာ မကတော့ဘူး အခြားသူတွေပါ ၀င်ရေး လို့ ရအောင် သူပြောင်းလိုက်တာတွေ့ရပါတယ်။ သူက ကျွန်တော်နဲ့ အသက်သာတူတာပါ အခြား အရည်အချင်းက ဘာမှမဆိုင်ဘူး ကျွန်တော်ရဲ့ မြင်ဆရာလို့ ပြောလို့ ရပါတယ်… သင်စရာတွေ အများကြီးရှိနေသေးတယ်.. သူ့ blog ကို ဒီနှစ်အတွက် ရွေးလိုက်ပါတယ်…

Ma Thet Zin

Ma Thet Zin

မသက်ဇင် blog ကို ကျွန်တော် ပထမဆုံး ဘယ်လို ရောက်ဖူးလဲတော့ မမှတ်မိတော့ဘူး… ကျွန်တော် ရောက်တုန်းက တစ်ထိုင်ထဲ ရှိသမျှ post archive ကနေ ဖတ်ပြီး subscribe လုပ်ထားလိုက်ပါတယ်။ မသက်ဇင် ဘလော့ဂ်က အခြား blog တွေနဲ့ မတူပဲ သမိုင်း အကြောင်း အထူးသဖြင့် မြန်မာ့ သမိုင်း အကြောင်း၊ တိုင်းရင်းသား လူမျိုးတွေ အကြောင်း စတာတွေနဲ့ မြန်မာပြည်မှာ နေတဲ့ ကျွန်တော့်ကို အံသြစရာတွေ ဖြစ်အောင် post တွေ ရေးထားတာပါ။ အဲဒီ blog မှာ ရှားပါး ဓာတ်ပုံတွေလဲ တွေ့နိုင်ပါတယ်… အခုထိတော့ blog က ပို့စ် အသစ်မတက်တာ နဲနဲ ကြာနေပါတယ်… ဒါပေမယ့် မဖတ်ရသေးရင် archive ကနေ အ၇င် အဟောင်းတွေကို ပြန်ဖတ်ကြည့်သင့်တဲ့ blog လို့ ညွှန်းရင်း နောက်ထပ် ရွေးလိုက်ပါတယ်။

Chris Coyier ~ CSS Tricks

CSS Tricks

CSS Tricks ကလဲ အမှန်တော့ ဒီနှစ်ထဲမှာမှ စဖတ်မိတဲ့ blog မဟုတ်ပေမယ့် ကြိုက်လို့ ရွေးလိုက်တာပါ။ CSS-Tricks ကို US က Chris Coyier တစ်ယောက်ထဲက ရေးတာ ဖြစ်ပြီးတော့ အဓိက အားဖြင်း CSS အကြောင်း ရေးတဲ့ blog တစ်ခုပါ။ နောက် အခြား အနေနဲ့ web design related articles တွေလဲ ဖတ်လို့ ရပါတယ်။ နောက် သူ့မှာ forum လဲရှိသလို video podcast ကိုလဲ iTunes ကနေ တစ်ခါထဲ subscribe လုပ်လို့ ရပါတယ်။ Chris က CSS-Tricks သာမက ပဲ Smashing Magazine ရဲ့ AskSM CSS editor တစ်ဦးလဲ ဖြစ်ပါတယ် နောက် ကျွန်တော် တစ်ခါရေးဖူးတဲ့ Are My Sites Up? ကလဲ Chris ရဲ့ web services တစ်ခုပါ။ လွန်ခဲ့တဲ့ ၃ ရက်လောက်က Chris မွေးနေ့ရှိခဲ့သေးတယ်.. ဘာပဲပြောပြော သူသည်လဲ သင်ဆရာ၊ မြင်ဆရာ တစ်ဦးပါပဲ။ tutorial တွေကနေ တော်တော်များများ လေ့လာလို့လဲရပါတယ်။

Mr.DBA

Mr.DBA

Mr.DBA လို့ nick ယူထားတဲ့ ကိုဒီဘီအေ ရဲ့ blog ကိုတော့ MysteryZillion forum ကနေ တစ်ဆင့် တွေ့မိလို့ စဖတ်ဖြစ်ပါတယ်။ အရင်တုန်းက ကိုဒီဘီရေ blog က mzblog မှာ ရှိတာပါ။ အခုတော့ ကိုယ်ပိုင် ဒိုမိန်းနဲ့ ပြောင်းထားတာ ကြာခဲ့ပါပြီ.. ကိုဒီဘီအေ ဘလော့ဂ်ကနေ personal အကြောင်းအရာတွေ အခြား ဗဟုသုတ နဲ့ စင်ကာပူ က အကြောင်းတွေကို ဖတ်လို့ ရနိုင်ပါတယ်။ အခုနောက်ပိုင်းတော့ ကိုဒီဘီအေ ဘလော့ဂ်က အမြဲလိုလို post အသစ်တင်နေတာကို တွေ့ရမှာပါ။ ကိုဒီဘီအေ blog ကို screenshot ဖမ်းဖို့ အခုကြိုးစားပေမယ့် ပြည်တွင်းကနေ ဖွင့်လို့ မရဘဲဖြစ်နေပါတယ်။ ကျွန်တော်ကလဲ အမြဲတမ်း reader က ဖတ်တာမို့ အဲဒီလိုမျိုး မဖြစ်ဖူးပါဘူး။ Google Reader မှာတော့ အသစ်တင်တိုင်း အမြဲဖတ်လို့ ရပါတယ်။ ပြည်တွင်းမှာက ကိုဒီဘီအေ blog ကို ban ထားတာမဟုတ်ပါဘူး ကြည့်ရတာ hosting server က ကျွန်တော်တို့ ဆီက IP ကို အလုပ်ပေးမလုပ်တဲ့ သဘောလို့ ထင်တာပါပဲ။ Reader ၀င်တိုင်း အသစ်တင်ပြီလား အမြဲ ကြည့်ဖြစ်တဲ့ ကိုဒီဘီအေ blog ကိုလဲ ဒီနှစ် အတွက်ရွေးလိုက်ပါတယ်။

Ko Yin Naw ~ Khin Lay Nge

koyinnaw

ကိုရင်နော် ခင်လေးငယ် blog ကိုတော့ စရောက်ဖူးတာက ကို Andy တို့ရဲ့ WeSheMe blog ကနေ link တွေ့လို့ ရောက်ဖူးပါတယ်။ ဒီဘလော့ဂ်ကလဲ ရသစုံပေးနိုင်တဲ့ blog တစ်ခုပါ ဗဟုသုတ လဲရပါတယ်.. နောက် ဟာသ မဟုတ်တဲ့ လောကမှာ ကြုံရတဲ့ ဟာသ တွေဖတ်ရမယ် နောက် ရသစာပေတွေ ရှိပါတယ် ကဗျာ တွေလဲ ရှိပါတယ်။ blog မှာတော့ ရေးထားပါတယ် စာတိုပေစများတဲ့ ကျွန်တော်ပြောရရင်တော့ စာတိုပေစများ မဟုတ်ပဲ ဖတ်လို့ ကောင်းတဲ့ စာအရှည်ကြီးတွေလို့ ပြောင်းပြောချင်ပါတယ် =D ။ ဒီဘလော့ဂ်ကလဲ အသစ်တင်တိုင်း အမြဲစောင့်ဖတ်ဖြစ်တဲ့ blog မို့ ဒီနှစ်အတွက် ရွေးလိုက်ပါတယ်။

Blog တွေကို ဒီနေ့ screenshot ဖမ်းရတာ ကွန်နက်ရှင်ကြောင့် တော်တော် ခက်ခက်ခဲခဲ ယူရပါတယ်။ နောက် link တွေလဲ ကျွန်တော်နောက်မှ စုံအောင် ထပ်ထည့်ပါ့မယ်။ ကိုဒီဘီအေ blog ကတော့ ကျွန်တော် မကျော်ပဲရော ကျော်ပြီးတော့ရော ကြည့်တာ မပေါ်တဲ့ အတွက် မပါသေးပါဘူး ပုံတွေ အားလုံးကို ကျွန်တော် နောက်မှ update ပြန်လုပ်ပါ့မယ်..

စာဖတ်သူလဲ Blogger တစ်ယောက်ဆိုရင် Blog Day 2009 ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေ.. ဘယ်လိုပါရမလဲ ဆိုရင် အောက်ကအတိုင်းပါပဲ ခင်ဗျာ…

BlogDay posting instructions:

1. Find 5 new Blogs that you find interesting
2. Notify the 5 bloggers that you are recommending them as part of BlogDay 2009
3. Write a short description of the Blogs and place a link to the recommended Blogs
4. Post the BlogDay Post (on August 31st) and
5. Add the BlogDay tag using this link:
http://technorati.com/tag/BlogDay2009 and a link to the BlogDay web site at http://www.blogday.org

Last Year Blog Days

Blog Day 2008
Blog Day 2007

This blog is a part of Blog Day 2009



Related Posts

6 Comments so far »

  1. TGRmg said,

    Wrote on August 30, 2009 @ 10:35 pm

    blogday ကို ထပ်တူ အားပေးသွားပါကြောင်း။

  2. ရာဇာ said,

    Wrote on August 30, 2009 @ 11:36 pm

    သယ်ရင်းရေ .. မိုက်တယ်ကွာ..
    ငါတော့ ဒါမျိုး၁ခါမှမကြားဖူးသေးဘူးကွ..
    အခုပထမဦးဆုံးကြားဖူးတာပဲ…ဒီဆိုက်ကိုလည်း အရင်မင်းပေးထားကတည်းက ၀င်ကြည့်မယ်ကြည့်မယ်နဲ့ မ၀င်ကြည့်ဖြစ်တာ အခုFacebook ကနေ တွေ့မှပဲရောက်တော့တယ်… :P

  3. Andy said,

    Wrote on August 31, 2009 @ 6:19 am

    ဒီနှစ် ဘယ်သူတွေကို စိတ်ကြိုက်ပေးမလဲ ဒီနေ့ မရောက်ခင်ကတည်းက စောင့်ကြည့်နေတာ။ MrDBA ဘလော့ကို ကျွန်တော်လည်း ကြိုက်တယ်။

  4. MrDBA said,

    Wrote on August 31, 2009 @ 3:16 pm

    မနှစ်က ဘလော့ဒေးမှာ ရွှေးချယ်ခဲ့တာတွေကြည့်ပြီးတော့ မဆီမဆိုင် ရင်ခုန်ခဲ့သေးတယ်။ မနှစ်က ရွေးခဲ့တဲ့ အထဲက Kai Loon, ဒီကိုလာ နဲ့ WeSheMe တို့ဆို ကိုယ်နဲ့ အကြိုက်ချင်းတူလို့ သူတို့အစား ပျော်ခဲ့သေးတာ။
    ခဏခဏဒေါင်းနေတဲ့ ကိုယ့်ဘလော့၊ စာအရေးကျဲတဲ့ ကိုယ့်ဘလော့ကို ကြိုက်တယ်ဆိုလို့ ဝမ်းသာရသလို အားလည်းနာရသေးတယ်။

    ဒီနှစ်တော့ အလုပ်များနေတာနဲ့ ဒီဟာကို မေ့နေတာ။ စီဗောက်မှာ ဘော်တာတစ်ယောက် လင့်လာပေးမှ သိတော့တယ်။ ကိုယ့်အကြိုက်ကိုယ် ရွေးတယ်ဆိုပေမယ့်လည်း ကျေးဇူးတင် ဝမ်းသာရပါတယ်။

    နည်းပညာအကြောင်း ရေးတဲ့ ဘလော့ဆိုတော့ အမြဲလာပြီး ကွန်မန့်မရေးဖြစ်ပေမယ့် ထုံးစံအတိုင်း Reader ထဲကနေဖတ်ဖတ်နေတဲ့ ဘလော့တစ်ခုပါ။

    ဒေါင်းလို့ အဆင်ပြေ မပြေတော့ မသိဘူး။ screenshot ဖမ်းမရဘူးဆိုလို့ လင့်ပေးလိုက်ပါတယ်။ http://img5.imageshack.us/img5/2698/mrdbamainpage.jpg

    (တောက် စင်ပေါ်တက်မပြောရတော့ အသံတုန်တုန်လေးနဲ့ မျက်ရည်လေးဝဲပြီး မပြောလိုက်ရတာ နာသကွာ ..:P)

  5. ကိုရင်နော်ခင်လေးငယ် said,

    Wrote on September 6, 2009 @ 9:55 am

    ကိုထူးတေဇာရေ..
    ကျနော်တို့ ဘလော့ကို ဖော်ပြပေးထားလို့ ဝမ်းသာ ဂုဏ်ယူမိပါတယ်.. ကျေးဇူးလည်း အထူးတင်ပါယ်..
    စိတ်ကူပေါက်ရာ ရေးဖြစ်သွားတာလေးတွေမှာ စာဖတ်သူကို တစ်စုံတစ်ရာ ပေးလိုက်နိုင်တယ်ဆိုတာသိရလို့ ဆက်ရေးဖို့ အားတက်မိပါတယ်..

    ပျော်ရွှင်တတ်သူတွေမို့ အပျော်သဘော ပေါ့ပေါ့ပါးပါးလေးတွေသာ ရေးဖြစ်နေကြတာပါ.. ဖတ်ရသူတွေကို ပေါ့ပါးစေချင်တဲ့ စေတနာလေးလည်း ပါပါတယ်.. တကယ်တော့ စာရေးရလောက်အောင် အတွေ့အကြုံဗဟုသုတ ပြည့်စုံသူတွေ မဟုတ်ကြပါဘူး..

    အစ်ကို့ ဘလော့ကိုလည်း အမြဲရောက်ဖြစ် နည်းပညာတွေလည်း မှတ်သားနေပါတယ်..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

  6. ZauSengAwng said,

    Wrote on September 29, 2009 @ 5:39 pm

    ကိုထူးတေဇာရေ…
    Blog ဆိုတာကို ဒီရက်ပိုင်းမှ စလုပ်ဖြစ်ပေမယ့် Blogger တစ်ယောက် ဖြစ်ချင်လွန်းခဲ့တာ ကျွန်တော့် ရဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက မက်ထားဖြစ်တဲ့ အိပ်မက်တစ်ခု ပါဗျာ…
    နည်းပညာ အရ သင်ယူရမှာတွေ အများကြီး ရှိနေပါသေးတယ် ဗျာ…။ ကျွန်တော့် site ကိုလည်း လာလည်ပြီး လိုအပ်မယ်ထင်တာလေးတွေ အကြံပေးဖို့ ဖိတ်ခေါ်ပါရစေ…
    Blog Day အကြောင်း မှတ်သားရလို့ ဒီ post လိုမျိုး တန်ဖိုးရှိတဲ့ post လေးတွေ တင်ပေးတာကို အထူးကျေးဇူးတင်ပါကြောင်း…
    P.S : ကျွန်တော့် site ရဲ့ To My Seniors Blogroll မှာ Link ထားလိုက်ပါကြောင်း…

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: