Diary Of Me

ဒီရက်တွေ မှာ တော်တော် ကံဆိုးနေတယ်.. အရင် အပတ်က motherboard ကို ဆိုင်ပို့ရတယ်.. ဟိုက အစားပေးတဲ့ board ယူလာတော့ board က BIOS battery က အားမရှိတော့ နောက်ရက် အသစ်သွားဝယ်ခဲ့ရတယ်။ ၀ယ်ပြီးတော့ အလုပ်မလုပ်တော့ နောက်တစ်ရက်မှာ service ပြန်ပို့ရပြန်ရော.. ပို့လဲပို့ရော ဟိုကပြောလာတယ် harddisk က ပျက်နေတာတဲ့…
တကယ်တော့ HardDisk က ၀ယ်ထားတာ 6 လလောက်ပဲရှိသေးတယ်။ Samsung 320GB က အသစ်ထဲကို အရင် တုန်းကတည်းက စုထားသမျှ သီချင်းတွေ ဗီဒီယိုတွေ ဓာတ်ပုံတွေ ထည့်ထားတာ ကုန်ပါရောလား။ အခုထိ စိတ်ထဲတွေးလိုက်ရင် နာနေတုန်းပဲ.. ဒါနဲ့ အဲဒီကောင်ကို service ပြန်ပို့တော့ နိုင်ငံခြားပို့ရမှာမို့ လနဲ့ချီပြီး ကြာမယ်ဆိုတော့ မတတ်သာတော့ အသစ်က ၀ယ်လိုက်ရတယ်။ ၀ယ်ပြီး service ကို တပ်ခိုင်းလဲပြီးရော power supply က ဂိချင် သလိုလိုဖြစ်နေပြီ အကိုတဲ့ ပြောလာတယ်။ မ၀ယ်နိုင်တော့ဘူးဗျ… စက်ပျက်လဲ ပျက်တော့ အဲဒီကောင်နဲ့ပဲ သုံးမယ်လို့ ပြောလိုက်တော့တယ်။
ပြသနာက အဲဒီမှာတင် ပြီးမသွားဘူး လွန်ခဲ့တဲ့ သောကြာနေ့က အပြင်သွားတာ ဆိုင်ကယ်စီးရင်းနဲ့ မကြည့်ပဲ လက်ထဲကိုင်ထားတဲ့ ဖုန်းထည့်တဲ့ ကတ္တီပါ အ၀တ်အိတ်ကို လွင့်ပစ်မိတယ် အမှန်က tissue ကို လွင့်ပစ်တာ မှားပြီး အိတ်ကိုလွင့်မိတယ် tissue အလုံးကြီးကျတော့ ဘေးလွယ်အိတ်ထဲ ထည့်လိုက်တယ်။ အစွဲအလမ်းက ကြီးတော့ အခုထိ အဒီ အိတ် အနက်လေးကို သတိရနေတုန်းပဲ တန်ဖိုးလဲ မကြီးဘူး mouse ၀ယ်တုန်းက ပါလာတာလေး။ ပြသနာက အေးသွားမလိုနဲ့ ညဘက်မှာ ဦးလေးဆိုင်ရှေ့ထိုင်နေတုန်း “လိုက် လိုက်” ဆိုပြီး အော်ပြီး ဆိုင်ကယ်တစ်စီးနောက် ပြေးလိုက်တဲ့ လူတချို့ တွေလိုက်ရတယ်။
အဲဒါနဲ့ ကြည့်တော့ ကျွန်တော်ထိုင်နေတဲ့ နေရာက မြင်နေရတဲ့ မီးပွိုင့်မှာ မိန်းမကြီး တစ်ယောက် စီးလာတဲ့ စက်ဘီးကို ဆိုင်ကယ်က တိုက်သွားတာ ဆိုင်ကယ်သမားက ထွက်ပြေးတယ် နောက်က သွားနေတဲ့ ဆိုင်ကယ်တွေကလဲ လိုက်ဖမ်းကြတယ်။ ဆိုင်ကယ်သမားက ထွက်ပြေးသွားတယ် ဆိုင်ကယ်နံပါတ်လဲ မပါဘူး။ အတိုက်ခံရတဲ့ မိန်းမကြီး စက်ဘီးကတော့ စုတ်ပြတ် သွားတယ်.. သူ့မှာ ကလေးလေး လဲ စက်ဘီးပေါ်ပါတယ် ကလေးက လဲပြုတ်ကျတာပဲ.. ဒီမှာကတော့ ဒီလိုမျိုးတွေက ခဏတိုင်းလို ဖြစ်နေပါပြီ။ တနင်္ဂနွေကလဲ ဦးလေး အိမ်က ပြန်လာတာ လမ်းမှာ မျက်စိရှေ့တင် accident ဖြစ်တာ ၂ ခုတွေ့ခဲ့ရတယ်။ တစ်ယောက်က ဆိုင်ကယ်ပေါ်က ပြုတ်ကျတာ ကံကောင်းတော့ ဦးထုပ်ဆောင်းထားလို့ မဟုတ်ရင် ဦးနှောက်ထွက်ပြီ နောက်တစ်နေရာလဲ ဆိုင်ကယ်လဲတာပဲ… မြင်ရပါများတော့ ဆိုင်ကယ်ကို မစီးရဲဘူးဖြစ်နေတယ်။
ဆိုင်ကယ်တွေ စီးသူ အများစုက စည်းကမ်းမရှိကြတော့ဘူး မနေ့က ကျွန်တော် အပြင်ထွက်တော့ ကျုံးဘေးမှာ သွားတုန်း လမ်းကြားထဲကနေ တစ်စီး အမြန်ပြေးထွက်လာတယ်။ ကျွန်တော်က အမြန်စီးတာ မဟုတ်ပေမယ့် ရုတ်တရတ်ဆိုတော့ ဒုက္ခရောက်သွားတယ် အလယ်လမ်းကြောဘက် ကပ်ဖို့ကလဲ နောက်ဖက်မှာ ကားတစ်စီးက ဖြတ်တော့မှာ ရှေ့ကထွက်လာတဲ့ ဆိုင်ကယ်သမားကို ကျွန်တော် နောက်ကနေ ဆောင့်တိုက်မိတော့ မလို့ break မနည်းဆွဲ ယူရတယ်။ နဲနဲတော့ တင်းသွားတယ် သူကတော့ ဂရုတောင် မစိုက်ဘူး အမြန်မောင်းနေပြီး ကျွန်တော်နဲ့ အဝေးကို ရောက်သွားတယ်။
စိတ်ညစ်စရာတွေက အဲဒီမှာ တင်ဆုံးမသွားသေးဘူး မနေ့ညကလဲ အသစ်လဲလိုက်တဲ့ ဖုန်းကို system ဖိုင်တွေ ၀င်ပြီး လိုချင်တာတွေ့ hack လုပ် ပြင်လိုက်တာနောက်ဆုံးတော့ တာလဲ မလာတော့ဘူး ဖုန်းခေါ်ဖို့ ဆိုတာဝေးရော နောက်တော့ ရှာရတော့တာပဲ ညက အိပ်ချင်နေပြီ ဒါပေမယ့် အဲဒီလိုတွေ ဖြစ်တော့ အိပ်လို့ မရတော့ဘူး Google မှာ အဖြေရှာ ရတော့တာပဲ ၁ နာရီလောက် ရှာလဲ မတွေ့ဘူး ဆိုတော့ မထူးတော့ဘူးဆိုပြီး ကိုယ့်ဖာသာ နည်းရှာပြီး လုပ်လိုက်တော့တယ် (အခုတော့ အဆင်ပြေသွားပါပြီ)။ ပြီးတော့ အိပ်ချင်မူးတူးနဲ့ ဆိုင်ကိုပိတ်တယ် ဆိုင်သော့ကို ဆိုင်ထဲထားခဲ့ပြီး ပိတ်လိုက်တာ နောက်ဆုံး ဒီနေ့ မနက်တော့ ပြတင်းပေါက်က မှန်ခွဲပြီးမှ ဆိုင်ဖွင့်ရလေတော့တယ်။ ကံမကောင်းတာက အရမ်းကို သေချာနေတာ ဆိုးဆိုးဝါးဝါးပဲ ဘုရားတရား လုပ်မှ ဖြစ်တော့မယ်ဗျာ။ ။
Note : ကံများ ဆိုးချင်တော့ ဒီပို့စ်တင်တာ ၁ နာရီလောက်ကြာတယ် ကွန်နက်ရှင် မကောင်းတာနဲ့ ရေးထားတာ တစ်ဝက်ပဲပေါ်တာနဲ့ =D

Talkii said,
Wrote on August 11, 2009 @ 9:01 pm
ပြသဿသနာက အခုထိ ဖြစ်တုန်းပါပဲလား။ ပို့စ်တင်တာတောင် အကုန်ပါမလာဘူး။
PS: ဆိုင်ကယ် အဲသလောက် အမြန်မောင်းနေတုန်းကို ဓါတ်ပုံ ဘယ်လိုရိုက်လိုက်လဲဗျ။ ကျွမ်းလှချည်လား။
Like or Dislike:
0
0
soe wai said,
Wrote on August 12, 2009 @ 10:16 pm
ဆိုင်ကယ် စီးရင် ဖြည်းဖြည်းစီးဗျ။
ကျွန်တော် အစက တော်တော်မြန်မြန်စီးတယ်။
အဲ…
၃ ခါ မှောက်ဖူး တိုက်ဖူးတယ်။
နောက်ဆုံးတစ်ခါက ကျွန်တော် အမြန်စီးလာတုန်း
ရှေ့ဘေးနားက ကောင်မလေးက signal မပြပဲ ချိုးကွေ့လိုက်တာ။
ခြေနင်း brake ရော၊ လက် brake ရော ဆွဲတာကို မရဘူး။
၁၀ ပေလောက် လျှောပြီး ခါးက ဖြတ်တိုက်မိတာ။
ဒီလောက်လျှောသွားတာကို တိုက်မိတာတော်တော်ဆိုးတယ်။
လူတွေတော့ ဘာမှ မဖြစ်ပါဘူး။
သူ့ဆိုင်ကယ်တော့ တော်တော်နာသွားတယ်။
ဘာမှအလျှော်အစားလဲမပြောဘူး ဆေးခန်းပို့ပေးရမလားဆိုတော့လဲ ရှက်လို့နဲ့တူပါရဲ့ နေပါစေဆိုတာနဲ့ ဆက်စီးပြီးထွက်လာလိုက်တယ်။
၂ မိနစ်တောင်မကြာဘူး လက်ကိုင်က ရမ်းလာတာနဲ့ ဆိုင်ကယ်ရပ်ပြီး လျှောက်ကြည့်မိတော့မှ လား… လား…
ရှေ့ဘီး ပေါက်သွားပြီး လေလျော့လို့ လက်ကိုင်ရမ်းနေတာကိုး။
အဲဒါ အမြန်စီးတာ နောက်ဆုံးပဲ။
နောက်တော့ ဖြည်းဖြည်းပဲ စီးတော့တယ်။
ဟဲ ဟဲ… တချို့နေရာတွေက နောက်ကျရောက်မှဗျ
ဟုတ်ဘူးလား
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on August 13, 2009 @ 1:35 am
@ Talkii ~ ဟုတ်ပါ့ဗျာ… ပြသနာက ပို့စ်တင်တာတောင်ပါလာတယ်… အဲဒီ တစ်ဝက်ပဲပေါ်တာကို ၁ နာရီလောက် ပြင်ယူလိုက်ရတယ်… ကောင်းလိုက်တဲ့ ကွန်နက်ရှင်… ဓာတ်ပုံလား စီးရင်းနဲ့ လက်တစ်ဖက်က ရိုက်ယူလိုက်တာ.. အမြန်မစီးရဲပါဘူးဗျာ.. အဲဒီတုန်းက ဓာတ်ပုံရိုက်ချင်လို့ လူမရှိတဲ့ လမ်းပေါ်မှာ သွားရိုက်တာ..
@ ko soe wai ~ ဆိုင်ကယ်ကတော့ လန့်တယ်ဗျာ.. မလဲဖူးသေးပေမယ့် မျက်စိရှေ့တင် ဖြစ်တာတွေ မြင်နေရတော့ စီးရင် ဖြည်းဖြည်းပဲစီးတယ်ဗျ.. နောက် မျက်စိကလဲ မကောင်းဘူး 50kmh ကျော်လာတာနဲ့ မျက်ရည်ကျတော့တာပဲ.. သူများတွေတော့ အဲဒီလောက်နဲ့ ဘာမှမဖြစ်ကြဘူးဗျ..
Like or Dislike:
0
0
NYO said,
Wrote on August 13, 2009 @ 4:45 pm
take care !
Like or Dislike:
0
0
Rapster88 said,
Wrote on September 12, 2009 @ 1:01 am
အေပါှက ဆိုင္လိုမ်ိုးကို သိပ္မယံုနဲ့ဗ်ို့။ ပြောသမျှ ခေါင်းညိမ့်ရင် system unit တစ်ခုလုံး အကုန်အသစ်လဲခိုင်းမယ် သဘောပဲ။ အဲဒီလို ဖြစ်ကတတ်ဆန်း လုပ်တတ်တဲ့ service သမားဆို သိပ်ကြည့်မရဘူး။
Like or Dislike:
0
0