Guitar Hero ~ World Tour

လွန်ခဲ့တဲ့ အပတ်က ဂိမ်းခွေတစ်ခွေ ၀ယ်ဖြစ်ခဲ့ပါတယ်… Guitar Hero ~ World Tour ပါ။ ဒီအခွေနဲ့ဆိုရင် ပြည်တွင်းမှာ PC အတွက်လာတဲ့ Guitar Hero 3 ခွေမြောက်ပါ။ ပထမ GH 3 နောက် Aerosmith နဲ့ အခု World Tour ပါ။ ဂိမ်းခွေသွင်းရင်းနဲ့ Wikipedia မှာ World Tour Tracks Lists ကြည့်မိပါတယ်။ သီချင်းတွေ တော်တော်များများ ကြိုက်တာတွေ ဖြစ်နေတယ်.. မသိတဲ့ band တွေ သီချင်းတွေလဲ တော်တော်များများ ပါပါတယ်။
နောက်သွင်းပြီးတော့ ဆော့ကြည့်တော့ ပထမဆုံး သတိထားမိတာ Menu Graphic Display က ပြီးခဲ့တဲ့ ၂ ခွေထက်စာရင် အရုပ်ဆိုးပါတယ်။ လူပုံကာတွန်းရုပ်တွေမှာလဲ အချွန်တွေလိုထွက်နေတယ်… ဆော့ကြည့်တော့ ကျွန်တော့် Graphic card nVidia GeForce 9400 နဲ့ မနိုင်ဘူး.. နဲနဲထစ်ထစ်နေတယ်။ ဒါနဲ့ Graphic မှာ တဖြည်းဖြည်း တစ်ခုပြီး တစ်ခု လျှော့လာလိုက်တာ နောက်ဆုံး No Physics, No Audience, 1024×768 နဲ့မှ ဆော့ရတာ အဆင်ပြေသွားတယ်… သံဝေဂ ပါတစ်ခါတဲရသွားတယ်… အရင် Guitar Hero 3 တုန်းက nVidia 8500 နဲ့ အေးဆေးနိုင်သေးတယ် အခု 9400 မှာ အကုန်ကိုလျှော့မှ ရတော့တယ်။ Graphic Card တွေက အသစ်ထွက်ရင်သာ ဈေးကြီးသလောက် အဲဒီ အသစ်ကတ် ၀ယ်ဆော့လဲ ၃ လလောက်ပဲ နောက်ကျော်သွားရင် ထွက်လာတဲ့ ဂိမ်းတွေဆို လျှော့ပြီး ဆော့ပေတော့ပဲ။
တောင်းတာသာ အမြင့်တောင်းတာ ဂိမ်းတိုင်း အရုပ်ထွက် ကောင်းလားဆိုတော့ အရင် ထွက်တွေနဲ့ ဘာမှ မထူးခြားဘူး။ Graphic company တွေနဲ့ ပေါင်းပြီး လုပ်စားသလားလို့ တောင် ထင်မိတယ်။ Guitar Hero မှာ arcade mode ၀င်လိုက်တော့ ပထမဆုံး သတိထားမိတာ character customization ရသွားတာကို သတိထားမိပါတယ်။ ဂစ်တာသမားရုပ်ကို လိုသလို ပြင်လို့ရတယ် နောက် Guitar only မဟုတ်တော့ပဲ bass, drum, sing တွေပါရတယ်။ နောက် အရင်လို မဟုတ်တော့ပဲ ဂစ်တာကိုလဲ custom လုပ်လို့ ရလာတယ်… စိတ်ကြိုက် body, head, fret, control, tremlo တွေ အထိပြင်လို့ရတယ်။ နောက် Multiplayer (Network) ရတာကို တွေ့ရပါတယ်။

နောက် Game ထဲမွှာရင်လို ပါနေကြ sponsor company တွေ အရင်ထက်များလာတာ တွေ့ရတယ်.. Crank, Earnie Ball နောက် အများကြီးပဲ ပါလာတယ်။ ဆော့ကြည့်တော့ သီချင်းတော်တော် များများကြိုက်တယ် တချို့ သီချင်းတွေကြတော့ နားလည်း မထောင်ဘူး ကြိုက်လဲ မကြိုက်ပေမဲ့ အဆုံးထိ အောင်သွားအောင် ကြိုက်မှိတ်ဆော့လိုက် ရသေးတယ်။
သီချင်းတွေထဲက နာမည်ကြီး တချို့ပြောရရင် Michael Jackson, Blink 182, Ozzy Osbourne, Black Label Society (Zakk Wylde), Paramore, Bonjovi, Jimi Hendrix, Eagle, Lenny Kravitz, Lacuna Coil စတာတွေ အများကြီးပါ အရင် GH3 တုန်းက Slash, Tom Morralo တို့နဲ့ fight ခဲ့ရသလိုပဲ အခုခွေမှာ နာမည် ကြီး Jimi Hendrix, Zakk Wylde, Travis (Drummer from Blink182) စတာတွေနဲ့ တီးရတယ်။

Option အောက်ထဲမှာလဲ GH Making Videos မှာ ကြည့်လို့ ရတယ် Ozzy Osbourne, Zakk Wylde, Travis စတဲ့ နာမည်ကြီးတွေ ကိုယ်နေဟန်ပြပေးကြတာ တွေ studio ထဲမှာ လေ့ကျင့်နေတာတွေ ကြည့်လို့ရတယ်။ နောက် Guitar Hero ~ Metallica ကြော်ငြာလဲ ပါတယ်။ နောက် တကယ့် ဂစ်တာတီးချင်သူတွေ အတွက် Pick Of Destiny (Jack Black) ဇာတ်ကားရဲ့ director ရဲ့ 101 lessons လဲပါပါတယ်။
ကျွန်တော် အခုတော့ ဆော့နေတာ အဆုံးထိမရောက်သေးပေမယ့် တချို့ သီချင်းတွေကို တော်တော် ကြိုက်ပါတယ်။ ကျွန်တော် rank သတ်မှတ်ရရင်တော့ အခု World Tour က သီချင်းတွေ ကောင်းသော်လဲ GH3 တုန်းကလို သီချင်းတိုင်း ကောင်းတာမျိုး မဟုတ်တော့ဘူး နောက် Display, Hardware requirement, Graphic စတာတွေမှာ GH3 ကို မမှီဘူးလို့ ပြောချင်တယ်။ အထူးသဖြင့် Zakk Wylde (Ozzy, BLS) ပုံဆို တူလဲ မတူပါဘူး bulleyes guitar, chains, jean shirt တွေကြောင့်သာ ပုံစံက တူသလိုလို ရှိတာပါ။ ဘာပဲပြောပြော အပျင်းပြေတဲ့ အပြင် Rock ကြိုက်သူတွေ ဆော့ရင် ကြိုက်မယ်လို့ ထင်ပါတယ်။





soe wai said,
Wrote on August 21, 2009 @ 11:45 pm
ဟား… ကျွန်တော် တခါမှ ဆော့မကြည့်ဖူးဘူးဗျ။
ဆော့ကြည့်ချင်လိုက်တာဗျာ…….
ုkoaung said,
Wrote on September 2, 2009 @ 1:03 pm
guitar hero game ကိုကျွန်တော်တင်ထားပါတယ်။ဒါပေမယ့်keyboard နဲ့ဆော့ရတာကိုအားမရဘူး။အဲဒါguitar hero player(GUITAR)ဘယ်မှာဝယ်လို့ရမလဲဆိုတာတစ်ချက်လောက်လမ်းညွှန်ပေးပါလား
Htoo Tay Zar said,
Wrote on September 12, 2009 @ 9:15 pm
@Ko Aung ~ Guitar Hero Guitar က PC တွေ အတွက်က ပြည်တွင်းမှာ မရှိဘူးခင်ဗျ… ကျွန်တော် ရန်ကုန်မှာ နေရာတော်တော်များများကို ပတ်ရှာဖူးပါတယ်။ နိုင်ငံခြားမှာတော့ ၀ယ်လို့ရတယ်.. Sony PS2, 3 တွေ Wii game တွေ အတွက်ကတော့ ၀ယ်လို့ရတယ်