No More Annoying Mobile Signal In Myanmar


MM MPT GSMအရင်က ကျွန်တော် တစ်ခါ ရေးခဲ့ဖူးတယ် ရန်ကုန်မှာ GSM ဖုန်းလိုင်းမှာ 3G Handset တွေမှာ လိုင်းမမိတော့ပဲ Network Error ပြတဲ့ ပြသနာ အခု မဖြစ်နိုင်တော့ဘူး လို့ သတင်း ဖတ်ရပါတယ်။ အရင်က GSM နဲ့ WCDMA (3G) ဖုန်းလိုင်း ၂ မျိုးရှိတာ။ လူအများစု မသိကြလို့ပါ အဲဒီ အင်တာနက် ရတဲ့ 3G ဖုန်းလိုင်းက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတဲက ရန်ကုန်မြို့ထဲမှာ ရှိနေတယ်။

ကျွန်တော်ကြားတာ စမ်းနေတယ်လို့ပြောတယ်.. နောက် power ရှိတဲ့သူတွေမှ ရတယ်လို့ ကြားမိတယ်။ ကိုယ့်ဖာသာ အိမ်မှာ စမ်းကြည့်သေးတယ် လိုင်းကတော့ မိတယ် password, proxy တွေ မသိတော့ ၀င်လို့ မရဘူး။ ကျွန်တော့် အရင်ဖုန်းက Sony Ericsson K800 က 3G support လုပ်တော့ မကြာမကြာ လိုင်းအပြင်ရောက်သွားပြီး No Ntw. ဆိုပြီး လာပေါ်လေ့ရှိတယ်။ ပုံမှန်သဘောတရားအရ GSM နဲ့ WCDMA 2 လိုင်းရှိနေရင် ဖုန်းတွေက အလိုလျောက် လိုင်းဆွဲအားကောင်းတဲ့ WCDMA (3G) ကို ၀င်သွားတတ်တယ်။ 3G Handset တွေမှာ အဲဒါကို setting မှာ သွားပိတ်မထားရင် ရန်ကုန်မြို့ထဲမှာ မကြာခဏ လိုင်းမမိတော့တဲ့ ပြသနာ ရှိခဲ့တယ်။ iPhone မှာလဲ အလိုလျောက်ရှာတယ် ဒါပေမယ့် ပိတ်ထားရင်ရပါတယ်။

WCDMA ဆိုလို့ ပြည်တွင်းမှာ ခေါ်တဲ့ ကမ်းရိုးတန်းဖုန်း နဲ့ မရောလိုက်ပါနဲ့ဦး အခေါ်အဝေါ်တူပေမယ့် signal frequency ကွာပါတယ်။ Internet ရတဲ့ WCDMA က သတ်သတ်ပါ။ ပြည်တွင်းမှာ အဲဒီလိုင်း ရှိနေတာဆိုတော့ တွေးကြည့်မိတယ် ADSL လိုင်းတောင် လိပ်လိုဖြစ်နေတာဆိုတော့ အဲဒီ 3G လိုင်းမှာ ဘယ်လိုများ တက်မလဲမသိဘူးပဲ :D အင်တာနက်မပြောနဲ့ ဖုန်းပြောတာတောင် လိုင်းမမိလို့ ဟိုပြေးဒီပြေးလုပ်နေရတာကိုး =D

ဘာပဲပြောပြော အများကို ချပေးရင်တော့ကောင်းတာပေါ့ဗျာ.. ဖုန်းကနေ အင်တာနက် သုံးရတာပေါ့။ ဈေးကတော့ မခန့်မှန်းရဲပါဘူး လကျော်သွားရင် သုံးမရတော့တဲ့ ဖုန်းတောင် ဒီလောက်ဈေးကြီးတာ :D MMS တွေ လဲပါလိုက်ရင်ပြီးရော နိုင်ငံခြားက Mobile Carrier တွေ လာရင်းနှီး မယ်ဆိုရင်ကောင်းသား iPhone တွေ တရားဝင်ရောင်းရင် ၀ယ်လို့ရတာပေါ့။ ဘာပဲပြောပြော အခုတော့ အရင်ပြသနာတက်နေကြ GSM နဲ့ WCDMA ကို မြန်မာ့ ဆက်သွယ်ရေးက လိုင်းပေါင်းပေးလိုက် ပြီဆိုလို့ ၀မ်းသာတယ်လို့ပြောချင်တာပါ။

GSM Related Articles

  • WCDMA Network Signal Lost Again
  • WCDMA or What?




  • Related Posts

    Leave a Comment

    Name: (Required)

    E-mail: (Required)

    Website:

    My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

    Comment: