ကမ္ဘာအပြင်ဘက်


ဘာရေးရမလဲ မသိလို့ ဒီနေ့တော့ နားထောင်နေတဲ့ သီချင်း တင်လိုက်ပါတယ်.. သီချင်းနာမည်က ကမ္ဘာအပြင်ဘက် လို့ခေါ်ပါတယ်။ ဂရေဟမ် နဲ့ လေးလေးဝါး တို့ ဆိုထားတာပါ။ သီချင်းက ခိုင်သင်းကြည် မင်္ဂလာဆောင်တုန်းက အခွေထဲကပါ။ အမှန်ပြော ရရင် ကျွန်တော် အဲဒီ တစ်ခွေလုံးက သီချင်းတွေ ကြိုက်ပါတယ်။ သံစုံတီးဝိုင်းနဲ့ တီးထားတာက အရမ်းကောင်းပါတယ်။ သံစဉ်က တီးသွားတာ အရမ်းကိုလှပါတယ်… သူ့နေရာနဲ့ သူပဲ မြန်မာ သံစဉ်တွေမှာ ဒီလို သီချင်းကောင်းတွေ အများကြီးရှိသေးတယ်။ အမှန်တော့ ကျွန်တော်က နားညီးတဲ့ ဂီတတွေလဲ ကြိုက်သလို ဒီလို သီချင်းတွေလဲကြိုက်ပါတယ် နောက် Orchestra နဲ့ Symphony တီးထားတာတွေ instrumental music တွေလဲ အမြဲနားထောင်ဖြစ်ပါတယ်။

ကမ္ဘာအပြင်ဘက် သီချင်းကို ဂရေဟမ်၊ လေးလေးဝါး တို့ဆိုထားတာ မဟုတ်တာတွေလဲ နားထောင်ဖူးပါတယ်။ ဘယ်သူ မူရင်းဆိုတာလဲတော့ မသိတော့ပါဘူး။ ဒါပေမယ့် အခု တင်ထားတဲ့ သူတို့ဆိုတာကိုပဲ အကြိုက်ဆုံးပါ။ အဆိုတော် ၂ ယောက်လုံး အသံကို ကြိုက်သလို သူများတွေ ဆိုခဲ့တာနဲ့ မတူပဲ သံစုံတီးဝိုင်းသံ ပါတာကိုလဲ အရမ်းကြိုက်တယ်။ အဲဒီ တီးဝိုင်းက ကျွန်တော်သိတာ နိုင်ငံတော်တီးဝိုင်း လို့ ပြောပါတယ်။ Intro သုံဆို အရမ်းနားထောင်လို့ ကောင်းပါတယ်.. အသံက Bambi Cartoon ကားက သီချင်းတွေကို သတိရစေတယ်။ နောက် ဟာမိုနီ နောက်က လိုက်ဆို ပေးတဲ့ အသံကလဲ အဝေးကလာတဲ့ အသံမျိုးလို ခံစားရတယ်။ တကယ်ပြောတာ ဖြစ်နိုင်ရင် ငယ်ငယ်ကတည်း အနုပညာကျောင်းတက်ခဲ့ပြီး Orchestra တီးဝိုင်းတစ်ခုမှာ တူရိယာ တစ်ခုခုတီးတဲ့သူ ဖြစ်ချင်ခဲ့တာ။

သီချင်းကို Vimeo က ကျွန်တော့် channel မှာ တင်ထားပါတယ်။ မူရင်းအတိုင်းပဲ အဆိုတော်အသံက right တစ်ဖက်ထဲက ထွက်ပါတယ်။ Karaoke လိုက်ဆိုချင်ရင် ရအောင်လို့ :D အခြား software တစ်ခုခုသုံးပြီး stereo (left+right) သံပြောင်းယူလို့ ရပါတယ်။ Download လုပ်ယူချင်လဲ ယူလို့ရပါတယ်။



Related Posts

2 Comments so far »

  1. sai said,

    Wrote on August 4, 2009 @ 8:23 am

    ညီလေးရေ….မင်းဘလောက်ပရိတ်သတ်တစ်ယောက်ပါ….သီချင်းကို mp3 format လိုချင်တယ်….ကူညီပါဦး…အဲခွေက သီချင်းအားလုံး အဆင်ပြေရင် လိုချင်ပါတယ်…ကျေးဇူးပါဗျာ…

    Like or Dislike: Thumb up 0 Thumb down 0

  2. Maytag said,

    Wrote on August 7, 2009 @ 6:04 am

    Cool video thanks for sharing it.

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: