09.09.09


ဘလော့ဂ်လဲ မရေးနိုင်တာ အတော်ကြာသွားခဲ့ပြီ အလုပ်တွေရှုပ်နေတာရယ်၊ ကွန်နက်ရှင်ရယ်၊ နေမကောင်းတာ တွေကြောင့် မရေးဖြစ်ဘူး။ ဒီနေ့တော့ ရှိတဲ့ ကွန်နက်ရှင်နဲ့ ရသလောက်ရေး လိုက်ပါတယ်။ ဒီနေ့က ထူးခြားတယ် မဟုတ်လား 09.09.09 ဆိုတော့လေ…

ဒီရက်တွေမှာ မန်းလေးက နေ ရန်ကုန် ပြေးလိုက်ရသေးတယ်။ ယားလို့တောင် မကုတ်အား ညဘက်တောင် မအိပ်အားပဲ အလုပ်လုပ်ရတယ်။ ကွန်နက်ရှင်ကလဲ အရမ်းကောင်းတော့ လုပ်ကို မစားချင်တော့ လောက်အောင် စိတ်ကုန်သွားတယ်။ မိုးကလဲ အရမ်းရွာတယ်။

ဒီလ ပိုင်းတွေမျာ မန်းလေး ရန်ကုန် ခဏတိုင်း ကူးလိုက်တော့ ကားတွေ ဘယ်လိုသွားတတ်တယ် ဘယ်နားမှာ ဘာရှိတယ်ဆိုတာပါ အလွတ်၇သလောက် ဖြစ်နေပြီ.. လမ်းက ဆိုင်တွေမှာ ဘယ်ဆိုင်က ဘာကောင်းလဲ ဆိုတာလဲ အလွတ်ရနေပြီ ကားစီးရင် ဘယ်နေရာလောက်က ထိုင်လို့ ကောင်းလဲ သိသွားပြီ.. အခု တစ်ခေါက် မန်းလေး အပြန်ကတော့ ကားက အရမ်းအေးပြီး လူက weak ဖြစ်နေတော့ တခါထဲ flag ပြသွားတယ်။ အခုထိ မူးနေတုန်းပဲ..

ဒီရက်တွေမှာ အင်တာနက် သုံးရင် ဘာမှ လုပ်ချင်စိတ်လဲ မရှိတော့ဘူး twitter လောက်ပဲ ကြည့်ချင်တော့တယ်.. Mafia Wars, FB Apps message တွေ ကြည့်ရတာလဲ ခေါင်းနောက်နေပြီ စိတ်ညစ်ဖို့ ကောင်းတဲ့ forward mail တစ်ပုံကြီးလဲ မကြည့်ချင်တော့ဘူး.. ဘာလို့များ အားအားယားယား ပို့ကြပါလိမ့် တစ်ဖက်လူ ဖတ်ချင်မှန်း မသိ မဖတ်ချင်မှန်းမသိပဲနဲ့… အချိုးမပြေ လူမှုရေးနားမလည်ပဲ Gtalk မှာလာ add ပြီးတွေ့တော့ ဘာမှ မပြောပဲ where are you? တွေ ဘယ်မှာ နေလဲတွေ လာမေးတဲ့ ကောင်တွေ (ယောက်ကျား မိန်းမ မရွေး) block လုပ်တယ်။

ကျွန်တော်က အရေးကြီး ထိပ်တန်း စောင့်ကြည့်ရလောက်တဲ့ သူလဲ မဟုတ်ဘူး လာပြီး ဘယ်မှာ နေလဲ ဘာလုပ်လဲ စတာတွေ လာမေးရင် စိတ်တိုလာတယ်။ လူမှုရေး နားမလည် ကြဘူး.. ခင်မင်သွားပြီဆိုမှ မေးလဲ ရတယ် မဟုတ်လား မပြောစရာ အကြောင်းမရှိပါဘူး ကျွန်တော့် ဘလော့ဂ်ဖတ်၇င်လဲ ဘယ်မှာ နေတယ် ဘာလုပ်တယ် အကုန် ဖတ်ရင်း သိနိုင်တာပဲ။ နာမည် ပြောင်နဲ့ မဟုတ်တာ ရေးနေတာလဲ မဟုတ်ဘူး.. စကားလဲ များများ မပြောတတ်ဖူး သူများအတင်း အားယားပြီး လျောက်ပြော နေတာလဲ မဟုတ်ဘူး သိပ်သိချင်ရင် မေးပို့ လူကိုယ်တိုင် လာတွေ့မယ်…

ဒီနေ့က 090909 ဖြစ်တဲ့ရက်မှာ တော်တော် များများက နမိတ်ကောင်းတယ်ဆိုပြီး မင်္ဂလာဆောင် ကြတယ်။ နောက် အခမ်းအနား ပွဲတွေ လုပ်ကြတယ်။ Apple မှာ ဒီနေ့ ည မှာ iPod line update လုပ်လိ့်မ်မယ် အခု ကြည့်နေတာတော့ iPod တွေ ဈေးချပြီ နောက် နာရီပိုင်းလောက်မှာ အသစ်တွေ ကို ကြေငြာတော့မယ်။ လောလောဆယ်တော့ iMac လိုချင်နေတယ် လောဘက အတော မသတ်နိုင်ဘူး ဖြစ်နေတာပေါ့ အိမ်က ရှိသမျှ Desktop PC, 3 500 HardDisk, ups တွေ အကုန်ရောင်းပစ်မယ်.. အဲဒါ ၀ယ်ချင်လို့ ပိုက်ဆံလဲ စုလိုက်ဦးမယ်။

လောလောဆယ်တော့ ခေါင်းမူးနေလို့ ဒီလောက်ပါပဲ မနက်ဖြန် မနက်ရောက်မှ ပဲ ဘာတွေ အသစ်ထွက်လဲ ဘာတွေ ဈေးကျလဲ ဘာသတင်းတွေ ထူးလဲ ဖတ်ပြီး လေကန်ဦးမယ်.. ပျော်ရွှင်ပါစေ…





Related Posts

2 Comments so far »

  1. Rapster88 said,

    Wrote on September 12, 2009 @ 12:56 am

    ကည့်ရတာ တှောတှော ဘူနေပုံရတယ်။ တစ်ခါမှ ဒါမျိုးရေးတာ မတွေ့သေးဘူး။ :D ကျန်းမာရေးကို ဂရုစိုက်ဗျ။ ကျွန်တှောလဲ အဲဒီလို လာလာ add ပြီးမှ who are you လုပ်ရင် သိပ်စိတ်ဆိုးတယ်။ တစ်ခါတစ်လေဆို ဆဲပါ ဆဲလွတ်ပြီး block လုပ်လိုက်တယ်။ ဒီပုတ်ထဲက ဒီပဲတွေပဲ ထင်နေလို့လားတော့ မသိပါဘူးဗျာ။ ၉ ၉ ၉ မှာ iPod Touch က ဘာမှ မထူးလို့ Apple ရဲ့ စတော့ ဈေးတောင် ကျသွားတယ် လို့ဖတ်လိုက်ရတယ်။ ကျွန်တှောလဲ မျှောလင့်ထားတာပါ။
    တစ်ဖက်က လှည့်တွေးပြန်တော့လဲ ကျွန်တှော့ရဲ့ iPt2g လေးက ဒိတ်မအောက်သေးဘူးပေါ့ :D ။ ကျွန်တှော့အထင်တော့ iPod Touch ကို ကင်မရာပါ ထည့်လိုက်ရင် iPhone ရဲ့ ဝယ်လိုအားတွေ ကျသွားမှာတို့ ပါ ထည့်တွက်တဲ့ ပုံပဲလားတော့ မသိဘူး။ Apple က အမြဲမထင်ထားတာတွေ လုပ်နေတာတော့ သူ့အကျင့်လို ဖြစ်နေပြီ။ ဒါပေမယ့်အဲ့ဒါလေးကလဲ စိတ်ဝင်စားစရာ ဖြစ်နေပြန်ရော။
    ပျင်းလွန်းလို့ ဟိုသွားဒီသွား လုပ်ရင်း ဒီမှာ လာရေးတာဗျို့။ အိပ်တော့မယ်။ ;)

    Like or Dislike: Thumb up 0 Thumb down 0

  2. Khine Khine said,

    Wrote on September 12, 2009 @ 12:41 pm

    အပိုဒ် ၄ နဲ့ ၅ ကို အပြည့်အ၀ ရာနှုန်းပြည့် ၁၀၀% ကျော်ပြီးတော့ကို ထောက်ခံပါတယ်. :)

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: