Crazy Facts About Computers

ကျွန်တော် မအားလို့ ပို့စ်အသစ် မတင်ဖြစ်တာလဲ တော်တော်ကြာသွားပါပြီ။ စာဖတ်သူတွေကိုလဲ အားနာပါတယ်… ဒါကြောင့် မဖြစ် ဖြစ်အောင် လာတင်တာပါ။ နောက် ၁၅ ရက် လောက်အထိကျွန်တော် စာမေးပွဲဖြေစရာ ရှိနေတာကြောင့် ဒီကြားထဲမှာ အချိန်ရသလောက်ကို တင်ထားလိုက်ပါ့မယ်။ အခုတော့ ကွန်ပျူတာလောက က ထူးဆန်းတဲ့ အကြောင်းအရာတချို့ ကို တင်ထားပါတယ်။ ဒီအချက်အလက်တွေကို Crazy Facts App ကနေ ရယူထားတာ ဖြစ်ပါတယ်။ နောက်မှ အခြား ဒီလို အကြောင်းအရာတွေ ဆက်တင်ပေးပါဦးမယ်။ ပျော်ရွှင်ပါစေ။
American, California က Silicon Valley ကို ပထမဆုံး ရွှေ့ပြောင်းတဲ့ နည်းပညာ company ဟာ Stanford University က အင်ဂျင်နီယာတွေဖြစ်တဲ့ Bill Hewlett နှင့် Dave Packard တို့ တည်ထောင်ထားတဲ့ HP company ဖြစ်ပြီး Palo Alto ဆိုတဲ့ ကားဂိုထောင်ထဲမှာ ဒေါ်လာ 1,538 $ နဲ့စခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံးထုတ်ကုန်ဖြစ်တဲ့ Audio Oscillator ကို ၀ယ်ယူသူကတော့ Walt Disney က ဖြစ်ပါတယ်။ (HP ရဲ့ ပထမဆုံး ရုံးခန်း ဂိုထောင်ပုံကို အပေါ်မှာ တင်ထားပါတယ်။)
Toy Story ဇာတ်ကားရဲ့ မူရင်း ဖိုင်ဆိုဒ်က 5.5 TB ရှိပါပြီး အင်တာနက်ပေါ်မှာ download ပေးခဲ့ရင် download လုပ်ဖို့ တော်တော်ခက်ပါလိမ့်မယ်။
Hard Disk တွေမှာ ပါတဲ့ read, write head ခေါင်းဟာ အထဲက data store လုပ်ထားတဲ့ plate ပြားတွေနဲ့ ထိမနေပါဘူး။ ကြားထဲမှာ 15 microns လောက်လွတ်နေပြီး အဲဒီ ပမာဏဟာ ဆံပင်တစ်ပင်ရဲ့ ပမာဏ ထက်ပိုသေးပါတယ်။
Ethernet က Xerox ရဲ့ registered trademark ဖြစ်ပြီး Unix ကတော့ AT&T ရဲ့ registered trademark ဖြစ်ပါတယ်။
Bill Gates ရဲ့ ပထမဆုံး စီးပွားရေးလုပ်ငန်းဟာ Traff-O-Data ဆိုတဲ့ company ဖြစ်ပြီး အဲဒီက ထုတ်တဲ့ စက်တွေက အမှတ်အသားလုပ်ထားတဲ့ နေရာကနေ ကားဘယ်နှစီးဖြတ်တယ်ဆိုတာကို မှတ်သားတဲ့ စက်တွေ ထုတ်တာပါ။
USA ပြီးရင် Ireland နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယ ဆော့ဝဲ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။
Figlet, an ASCII font converter program ရဲ့ နာမည်က Frank, Ian နှင့် Glenn’s LETters ကို ကိုယ်စားပြုထားတာပါ။
ကမ္ဘာ့ ပထမဆုံး electronic computer က ENIAC ဆိုတဲ့ ကွန်ပျူတာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က စတင်ခဲ့တာပါ။ အရွယ်အစားက ပေ ၈၀ ရှည်ပြီး တန် ၃၀ ရှိကာ 17000 ရှိတဲ့ tubes တွေပါပါတယ်။ နိုင်းယှဉ်ရမယ်ဆိုရင် ဒီနေ့ခေတ် ကွန်ပျူတာတွေက ENIAC ထက် အဆ 1 million ပိုပြီး store လုပ်လို့ရပြီး ENIAC ထက် အဆ 50,000 ပိုမြန်ပါတယ်။
ကွန်ပျူတာ အသေးလေးတွေက စပြီး mainframe ကွန်ပျူတာတွေပါ အပါအ၀င် ရေတွက်မယ်ဆိုရင် အမေရိကန် နိုင်ငံသားတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး 264 ကြိမ်ထက်မနည်း ကွန်ပျူတာတွေပေါ် မှီခိုနေရပါတယ်။
1980 ခုနှစ်မှာ Namco company က PAC-MAN လို့ခေါ်တဲ့ နာမည်ကြီး ဂိမ်းကို စတင်ပြုလုပ်ခဲ့ပြီး မူလ နာမည်က PUCK MAN လို့ပေးထားတာပါ။
Compact Disc (CD) တွေကို ဖတ်တဲ့ အခါ (read) လုပ်ရင် အတွင်းဘက်ကနေ စပြီး ဖတ်တာဖြစ်ပြီး record (write, burn) လုပ်ရင် ပြောင်းပြန် အပြင်ဘက်ကနေ အတွင်းပိုင်း (အလယ်က အပေါက်) ဘက်ကို အလုပ်လုပ်တာ ဖြစ်ပါတယ်။
အာရပ်နိုင်ငံတွေက အမျိုးသမီး ၄ ရာခိုင်းနှုန်းလောက်ပဲ အင်တာနက် သုံးကြတယ်။

ကမ္ဘာပေါ်မှာ အကုန်အကျ အများဆုံး commercial ကြော်ငြာက 1984 မှာ ကြော်ငြာတဲ့ Apple ရဲ့ Macintosh ကြော်ငြာဖြစ်ပြီး ဒါရိုက်တာ Ridley Scott က ရိုက်ကူးတာဖြစ်ပါတယ်။ $600,000 ကုန်ပါတယ်။ ကြော်ငြာက ၀တ်စုံဆင်တူ ၀တ်ထားတဲ့ လူရာပေါင်းများစွာက Big Brother တီဗီ စကရင်ကြီးရှေ့မှာ စီတန်းနေရာယူထားပြီး တူကိုင်ထားတဲ့ မိန်းမ တစ်ယောက်က တီဗီ စကရင်ကို တူနဲ့ ပစ်ခွဲလိုက်တဲ့ ကြော်ငြာဖြစ်ပါတယ်။ (YouTube မှာ ကြည့်လို့ရပါတယ်)
Animators ပေါင်း 1,175 ယောက်ဟာ ၃ နှစ်ကျော်အချိန်ယူပြီး Walt Disney ရဲ့ Tarzan ဇာတ်ကားကို ပြုလုပ်ခဲ့ရပါတယ်။
1933 မှာ စပြခဲ့တဲ့ Mickey Mouse ကာတွန်းရုပ်ရှင်ဟာ 800,000 ကျော်တဲ့ စာတွေကို ပရိသတ်တွေဆီက လက်ခံရရှိခဲ့ပါတယ်။

yamin said,
Wrote on September 28, 2009 @ 6:13 pm
မောင်လေးရေ…
နေကောင်းလား။ မတွေ့တာအတော်ကြာပေါ့။ စာမေးပွဲတွေကော ဖြေနိုင်လား။ သတိရလို့လာလည်တာပါ။
Like or Dislike:
0
0
kokoye2007 said,
Wrote on September 28, 2009 @ 6:22 pm
ကျေးဇူးတင်တယ်
တော်တော်လေးစုံတဲ့ post ပဲ
ဗဟုသုတရတယ်
အူမတ်ကြားလေးရေ
စာမေးပွဲပြီးမှ အစီအစဉ်တွေ အကောင်အထည်ဖော်ကြတာပေါ့
ဒီမှာလဲ ဦးနှောက်စားစရာလူသိပ်မရှိတော့ဘူး
တော်တော်ပျင်းဖို့ကောင်းနေပြီကွာ
Like or Dislike:
0
0
exiter said,
Wrote on October 1, 2009 @ 6:05 am
စားမေးပွဲကောင်းကောင်းဖြေနိုင်ပါစေဗျာ …. မတွေ့ဖြစ်တာလည်းကြာပြီနော့
Like or Dislike:
0
0
သူရိန် said,
Wrote on October 8, 2009 @ 6:51 pm
ကောင်းတယ်ဗျ။ ဖြေနိုင်ပါစေဗျာ။
Like or Dislike:
0
0
DS said,
Wrote on November 17, 2009 @ 6:26 am
hi my fiends, the font THAT YOU USE IN YOUT BLOG IS NOT OK, I TRIED TO SEE YOUR BLOG IN DIFERENT BROWSERS AND DIFFERENT COMPUTERS BUT I CANT READ IT, I ONLY LIKE YOUR DEVIANTART, YOUR BLOG IS IN A INCORRECT CODIFICATION.
Like or Dislike:
0
0