Apple updates iMac, MacBook & New Magic Mouse
Apple က သတင်းတွေထွက်နေတဲ့ အတိုင်း iMac, MacBook, Macmini နဲ့ mouse အသစ် Magic Mouse ဆိုပြီးထုတ်လိုက်ပါပြီ။ ဆိုဒ်သွားကြည့်လိုက်တော့ iMac ကို အရင်တွေလိုက်ရတယ်။ အခု အသစ်ထွက်တဲ့ iMac က အရင်ထက် အနည်းငယ်ပိုပါးပါတယ်.. ထူးခြားတာကတော့ iMac ကို QuadCore အထိ မြင့်လို့ရတယ် RAM ကို 16 GB အထိ ရတယ်။
နောက် ဈေးကလဲ လုံးဝကို ချထားတယ် 21 inch ကို 1100$ နဲ့ရတယ်။ 27 လက်မကတော့ Apple ထုတ်ထဲမှာ အကြီးဆုံးဆိုဒ်ဖြစ်လာတယ် ဈေးက 1700$ ကစတယ်။ LED BackLit Display သုံးပြီး view angle က အရင်ထက်အများကြီးပိုကျယ်တယ်။ SD card slot ပါတယ်။ အထူးခြားဆုံးက iMac တိုင်းမှာ wireless mouse, Magic Mouse က standard အနေနဲ့ပါတယ်။ အရင်ကဆို wired တွေနဲ့လာတာ wireless ဖြစ်ချင်ရင် ပိုက်ဆံထပ်ပေးရတယ်။ နောက် ဈေးက အရင်က 24 လက်မက 1400 လောက်ကစတယ် အခုက အများကြီးကို သက်သာသွားပြီ။
MacBook ကိုလဲ Apple က အဆင့်မြင့်လိုက်တာ တွေ့ရတယ်။ Plastic body white ပါပဲ။ ထူးခြားတာက Multi-Touch Trackpad က Standard ဖြစ်သွားပြီ။ battery က 7 နာရီအထိခံတယ်။ Rechargedable time က အကြိမ် ၁၀၀၀ (ပျမ်းမျှ ၅ နှစ်လောက်) ခံတယ်။ 1000 ကနေစပါတယ်။ လုံးလုံးလေးနဲ့ ချစ်စရာကောင်းပေမယ့် ကျွန်တော်ကတော့ Unibody လောက် စိတ်မ၀င်စားပါဘူး။
နောက် အသစ်ကတော့ Magic Mouse ပါ။ အကြိုက်ဆုံး update လို့ပြောလို့ရပါတယ်။ Magic Mouse က MacBook Multi-Touch Trackpad ကို mouse ကိုထည့်ပေးလိုက်တဲ့သဘောပါပဲ။ Mouse မှာ button မပါပါဘူး touch နဲ့ အလုပ်လုပ်ပါတယ်။ left click, right click, 2 fingers swipe, 3 fingers swipe တွေကို အလုပ်လုပ်တာ ကျွန်တော် အရင်ရေးခဲ့တဲ့ trackpad guide လိုကို လုပ်ပါတယ်။ 70$ နဲ့ ရောင်းပြီး wired နဲ့ မထုတ်ပါဘူး။ wireless standard ပါ။
အခု Apple ထုတ်လိုက်တာတွေက အရင်နှစ်က Unibody MacBook ကို စမိတ်ဆက်တဲ့အချိန်လိုပါပဲ သူက Christmas ကာလကို အရောင်းမြင့်ဖို့ ထုတ်လိုက်တာ ဖြစ်ပါတယ်။ အခုထွက်တဲ့ ပစည်းတွေက နိုဝင်ဘာလ မှ စပြီး shipping လုပ်ပါမယ်။ နောက် လူမသိသူမသိ update အနေနဲ့ Apple Remote ကိုလဲ aluminium body နဲ့ ထုတ်ထားတာတွေ့ရပါတယ်။ Personally အကြံပေးရရင် ၀ယ်ချင်တဲ့သူတွေ ဒီဇင်ဘာ ခရစ်စမတ်ကာလ ကိုစောင့်စေချင်ပါတယ်။ Apple က နည်းပညာ မြင့်သလို ဈေးကလဲ အရမ်းမြင့်ပါတယ်။ ဒီဇင်ဘာမှာ ဈေးချမှာ မဟုတ်လောက်ပေမယ့် အခြား အပို လက်ဆောင်သေးသေးလေးတွေ ရနိုင်ခြေရှိတယ်လို့ ခန့်မှန်းမိပါတယ်။ အခုတော့ ရေးလက်စ ပို့စ်ကို ခဏရပ်လိုက်ပြီး Apple မှာသွားပြီး ငမ်းသရေကျလိုက်ပါဦးမယ် ခင်ဗျား။ bye =D







