hit counter

Blog Action Day 2009 ~ Climate Change

Blog Action Day 2009

ဒီလ အောက်တိုဘာလ ၁၅ ရက်နေ့က Blog Action Day 2009 အတွက် နေ့ဖြစ်ပါတယ်။ Blog Action Day 2009 ကို ကမ္ဘာအနှံ့က Blog ပေါင်းများစွာက နှစ်တိုင်းပါဝင်ပြီး အကြောင်းအရာတစ်ခုကို ရေးလေ့ရှိပါတယ်။ ဒီနှစ်မှာလဲ ပါဝင်တဲ့ blog တွေက Google Blog, White House.gov, Mashable, Typepad, Live Journal, TUAW စတဲ့ blog နဲ့ အခြား နာမည်ကြီး ဆိုဒ်တွေ ပါဝင်ကြပါတယ်။ မနှစ်ကတော့ ခေါင်းစဉ်က Poverty ဖြစ်ခဲ့ပြီး ဒီနှစ် အတွက်ကတော့ Climate Change ဖြစ်ပါတယ်။

ကျွန်တော်လဲ နှစ်တိုင်းရေးနေကြအတိုင်း တတိယမြောက် Blog Action Day ပို့စ် အဖြစ် Climate Change ကို နည်းပညာ အကြောင်းအရာ ဘက်နဲ့ နွယ်ပြီး ရေးပါရစေ။ အမှန်တော့ ဒီနေ့က ၁၇ ရက်နေ့တောင်ဖြစ်နေပြီး နောက်တောင်ကျနေပါပြီ စာမေးပွဲရှိတာနဲ့ အင်တာနက် မရှိတဲ့ နေရာ ရောက်နေခဲ့တာကြောင့် နောက်ကျနေခဲ့တာပါ။ ဒီနေ့တော့ အမှီရေးလိုက်ပါတယ်။

Do You Know Climate is Changing Now?

စာဖတ်သူတွေ သတိထားမိမလားတော့ မသိဘူး အကြောင်း အရာတချို့ကို ပြောပြချင်ပါတယ် အဲဒါတွေက 2004 အကုန် ဒီဇင်ဘာမှာ အရှေ့တောင် အာရှမှာ Tsunami လို့ ခေါ်တဲ့ မြေအောက် ငလျင်ကြောင့်ဖြစ်လာတဲ့ ရေလှိုင်းတွေက လူသိန်းနဲ့ ချီ သတ်သွားခဲ့ပြီး သန်းပေါင်းများစွာ ဒုက္ခရောက်စေခဲ့တယ်၊ နောက် အမေရိကန်မှာလဲ ကတ်ထရီနာ မုန်တိုင်းတွေ ဖြစ်လာတယ်၊ နောက် အသိသာဆုံးကတော့ တစ်ခါမှ မကြုံဘူးတဲ့ မုန်တိုင်းမျိုးနဲ့ မြန်မာ နိုင်ငံကို ၀င်တိုက်သွားပြီး လူပေါင်း သိန်းချီသေစေခဲ့တဲ့ နာဂစ် လို မုန်တိုင်းလဲဖြစ်လာတယ်။ မကြာဘူး တရုတ် စီချွှမ်မှာလဲ ငလျင် အကြီးအကျယ်လှုပ်ခဲ့တယ်။

ဒီရက်ပိုင်း အတွင်းမှာပဲ ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်သွားတယ်၊ အင်ဒိုနီးရှားနဲ့ အမေရိကန်ပိုင် ဆာမိုဝါ ကျွန်းတွေမှာ ငလျင်နဲ့ လှိုင်းရိုက်သွားတယ်။ ထိုင်ဝမ်ကိုလဲ မုန်တိုင်း ၀င်ခဲ့တယ် နောက်ရှိသေးတယ် ဆစ်ဒနီမှာလဲ သဲမုန်တိုင်းဝင်တယ်၊ အမေရိကန်မှာ တောမီးတွေလောင်ခဲ့တယ်။ စဉ်းစားကြည့်ရင် ကြောက်စရာပါပဲ အရင်တုန်းက လူအစုလိုက်အပြုံလိုက် သေတယ်ဆိုတာ စစ်ဖြစ်မှ သေတာပါ။ အခု ဆယ်စုနှစ်ပိုင်း အတွင်းမှာတော့ ရာသီဥတုက သတ်လို့ သေတဲ့လူတွေက နှစ်တိုင်း အရမ်းများများလာပါပြီ.. အဲဒီ လူသတ်ကောင် ရာသီဥတု ရဲ့ နောက်မှာရော ဘယ်သူရှိနေတာလဲ သေချာ ကြည့်လိုက်တော့ ကျွန်တော်တို့ တွေပဲ လုပ်ခဲ့တာပါ။

ကျွန်တော်တို့ဟာ နေ့တိုင်း လူသတ်နေကြတယ်။ သူများ မိသားစုတွေကို အိုးမဲ့ အိမ်မဲ့ ဖြစ်အောင် လုပ်နေကြတယ်။ သူများ မိသားစုတွေကိုလဲ ပြိုကွဲအောင် လုပ်နေကြပါတယ်။ ကျွန်တော်တို့ဟာ မလိုအပ်ပဲနဲ့ နေ့တိုင်း စွမ်းအင်တွေ သုံးပစ်ကြတယ်၊ ကမ္ဘာကြီးကို အမှိုက်ပုံနဲ့ တူလာအောင် လုပ်နေကြပါတယ်။ အဲဒီ အကျိုးဆက်က ရာသီဥတုတွေ ဖောက်ပြန်လာပြီး လူတွေ အစုလိုက်သေကြရတယ်။ စဉ်းစားကြည့်ပါဦး နာဂစ် တုန်းက၊ ဆူနာမီတွေ ဖြစ်တုန်းက၊ ငလျင်တွေလှုပ်တုန်းက လူတွေ သန်းချီပြီး ရုပ်ပျက်ဆင်းပျက်သေခဲ့ကြရတာ အဲဒီထဲက လူဘယ်နှစ်ယောက်လောက်က ကိုယ့်ပရောဂ မကင်းပဲ သေခဲ့ကြရလဲ။

ကျွန်တော်တို့ နေ့တိုင်း တီဗီ အစီအစဉ်တွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဖွင့်ထားခဲ့တယ်၊ မလိုအပ်ပဲ ဆိုင်ကယ်တွေ ကားတွေသုံးခဲ့ကြတယ်၊ လေထု၊ မြေထု၊ ရေထု ကို ညစ်ညမ်းစေတဲ့ ပစ္စည်းတွေကို သုံးခဲ့ကြတယ်။ ကျွန်တော်တို့တွေ လက်ရှိသုံးနေတဲ့ စွမ်းအင်အများစုက ပြန်လည် ပြည့်တင်းမြဲ စွမ်းအင်က အနည်းငယ်သာပါပါတယ် အများစုကတော့ ရေနံ၊ ကျောက်မီးသေး၊ ထင်း စတဲ့ နှစ်ပေါင်းများစွာကြာမှ ပြန်ပြည့်နိုင်တဲ့ စွမ်းအင်တွေကို အဓိက သုံးခဲ့ကြတယ်။

နောက် ကျွန်တော်တို့ သုံးခဲ့သမျှတွက ကမ္ဘာပေါ်မှာ သူ့အတိုင်း ကျန်နေခဲ့တာ မဟုတ်ပဲ အဆိပ် ဓာတ်ပေါင်းတွေ အဖြစ်ပြောင်းလဲပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ဖြစ်လာတယ်၊ ကျွတ်ကျွတ်အိတ်လို မပျက်ဆီးနိုင်တဲ့ ဒြပ်ထုတွေ ဖြစ်လာတယ်၊ နောက် အိုဇုန်းလွှာတွေကို ဖျက်ဆီးလာတယ်။ အဲဒါတွေရဲ့ အကျိုးဆက်က နှစ်တိုင်း အပူချိန်တက်လာပြီး ရေခဲတောင်တွေ အရေပျော်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတယ်၊ တောမီးတွေ ခဏခဏလောင်လာတယ်၊ လေဆင်နှာမောင်းလို အရာတွေ ခဏခဏဖြစ်လာတယ်၊ မိုးကြိုးမကြာခဏပစ်တာကြောင့် လူတွေသေလာတယ်…. စသဖြင့် အများကြီးပါ။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာကြောင့် မော်လဒိုက်လို ပင်လယ်ရေမျက်နှာပြင်ထက် ၁ မီတာ ကနေ ၄ မီတာလောက် အထိသာ မြင့်တဲ့ နိုင်ငံတွေ နေရာတွေ၊ ကျွန်းတွေ က မကြာခင်မှာ အန္တရာယ်တွေ့လာ ရပါတော့မယ်။ ပင်လယ်ကမ်းရိုးတန်းဒေသတွေက မုန်တိုင်းမကြာခဏ တိုက်တာကို ခံစားရမှာ ဖြစ်ပြီး ကုန်တွင်းပိုင်းတွေမှာ မိုးခေါင်ရေရှား ဖြစ်လာပါမယ် နောက် သဲမုန်တိုင်း အကြီးစားတွေတိုက်ခတ်ပြီး ကန္တရတွေရဲ့ ဧရိယာတွေက အဆမတန်ကျယ်ပြန့် လာမှာ ဖြစ်ပါတယ်။ ပြန်ရွှေ့ကြောနေရာတွေမှာ စကေးကြီးမားတဲ့ ငလျင်တွေ မကြာခဏလှုပ်လာမှာ ဖြစ်ပြီး မီးတောင်တွေ၊ ဆည်တွေ ကျိုးပေါက်တာမျိုးတွေ ဖြစ်လာပါမယ်။

ဒါဆိုမိတ်ဆွေက ပြောပါလိမ့်မယ် carbon footprint တွေ ကမ္ဘာကို ညစ်ညမ်းအောင် လုပ်နေတာ ကိုယ်တစ်ယောက်ထဲမှာ မဟုတ်ပဲ ကိုပြောင်းလိုက်ရုံနဲ့ ဘာထူးလာမှာလဲပေါ့… မဟုတ်ပါဘူး တစ်ယောက်က ဆင်ခြင်ရင် တစ်ယောက်စာ အကျိုးရှိပါတယ်။ ကျွန်တော်တို့ နေ့စဉ်လူနေမှု ဘ၀ထဲက အကျင့်တချို့ကို ပြောင်းလိုက်ရုံပါပဲ။ အဲဒီလို ပြောင်းလိုက်တဲ့ အတွက် ကျွန်တော်တို့ ဘာမှ မထိခိုက်သွားသလို အခြား ကမ္ဘာကြီးနဲ့ ကမ္ဘာပေါ်က သတ္တ၀ါတွေကိုလဲ ကယ်ဆယ်ရာရောက်မှာ အမှန်ပါပဲ။ ကျွန်တော်တို့ စပြောင်းလိုက်ကြရအောင်ပါ။

Things You Can Do About Climate Change Right Now

Climate_Change_by_0veritas0

Climate_Change_by_0veritas0

1. အပြင်သွားမယ်ဆိုရင် လိုင်းကား ကို အများဆုံးအသုံးပြုပါ။ လိုအပ်မှ ကိုယ်ပိုင်ကားကို သုံးပါ။

2. ရုံးသွားတိုင်း ferry ကို အသုံးပြုပါ။ မလိုအပ်ပဲ လောင်စာကုန်နိုင်တဲ့ ကိုယ်ပိုင်ကား မသုံးပါနှင့်။

3. ရုံးတွေ ကျောင်းတွေ မှာလဲ လိုအပ်မှ print ထုတ်ပါ… မလိုအပ်ပဲ ထုတ်လိုက်တဲ့ စာရွက်တွေတိုင်းက သစ်ပင်တွေ ခုတ်ထားပြီးမှ ရတာဆိုတာ မမေ့ပါနဲ့။

4. မလိုအပ်ပဲ ကွန်ပျူတာ၊ တီဗီတွေ မဖွင့်ပါနဲ့ စက်တွေကို မသုံးဖြစ်ရင် ပလပ်ဖြုတ်ထားပါ ပလပ်မဖြုတ်ထားရင် မဖွင့်သည့်တိုင်အောင် စွမ်းအင် တွေ ကုန်ပါတယ်။ အပြင်သွားမယ်ဆိုတိုင်း မိန်း switch ချသွားပါ။

5. ထမင်း၊ ဟင်းတွေ ချက်တဲ့ အခါ လိုသလောက်တာ ချက်ပါ။ ဆာသလောက်သာ ထည့်စားပါ။

6. ကျွတ်ကျွတ်အိတ် အစားထိုးသုံးပါ။ စက္ကူအိတ် ခြင်း စတာတွေကို သုံးပါ။

7. စွမ်းအင် အသုံးပြုမှုကို လျော့ချပါ၊ အရာဝတ္ထုတိုင်းကို ဖြစ်နိုင်သမျှပြန်သုံးပါ၊ recycle ပြန်လုပ်ပါ။ စက္ကူ၊ အလူမီနီယမ် လို အရာတွေက recycle ပြန်လုပ်လို့ ရပါတယ်။ Glass ကိုလဲ လုပ်လို့ရပါတယ် Glass က ပြန်သန့်စင်ရင် မူလ အရည်အသွေးအတိုင်း ပြန်ရနိုင်တဲ့ သတ္တိရှိပါတယ်။

8. သစ်ပင်များများ စိုက်ပျိုးပါ။

Energy Star Logo

9. Electronic ပစ္စည်းများ၊ ကွန်ပျူတာ ပစ္စည်းများ ၀ယ်တိုင်း Energy Star logo ပါတာကို ရွေးဝယ်ပါ။ (လိုဂိုကို အပေါ်တွင် ပြထားသည်)

10. Monitor ၀ယ်တိုင်း စစ်ပါ PVC, Mercury, Arsenic မပါတာမျိုးတွေ ကိုသာဝယ်ပါ။

11. Laptop တွေမှာ မလိုအပ်ပဲ battery မသုံးပါနဲ့။

12. ကွန်ပျူတာ သုံးတိုင်း screen ကို DIM လုပ်ထားပါ။ ခဏလောက်မသုံးသေးရင် monitor, screen ကို ပိတ်ထားပါ။

13. စာရင်းဇယားတွေ မှန်သမျှကို တတ်နိုင်သလောက် စာရွက်မသုံးပဲ ကွန်ပျူတာသုံးပြီးလုပ်ပါ။

14. ဈေးဝယ်တိုင်း၊ စာအုပ်ဝယ်တိုင်း အွန်လိုင်းက (ဖြစ်နိုင်လျင်) ၀ယ်ပါ။ အပြင်ထွက် ၀ယ်လျင် ကုန်မယ့် လောင်စာဆီ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် များ လျော့နည်းသွားပါမယ်။

15. ဖုန်း၊ ကွန်ပျူတာ၊ laptop တွေမှာ မသုံးရင် WiFi, Bluetooth ကို ပိတ်ထားပါ။ 3G Network ကိုလဲ မသုံးရင်ပိတ်ထားပါ။ Screen Brightness လျော့ထားပါ Battery လဲ ကြာကြာခံတဲ့ အပြင် စွမ်းအင်ချွေတာရာလဲ ရောက်ပါတယ်။

16. ရေကို ချွေတာသုံးနိုင်အောင် လေ့ကျင့်ပါ။

17. မီးပျက်လျင် ဖယောင်းတိုင် ကိုသုံးပါ လိုအပ်မှ inverter, မီးစက် ကိုသုံးပါ။

18. ကမ္ဘာကြီး စိမ်းလန်းဖို့ လိုအပ်တဲ့ အကြောင်းကို မိတ်ဆွေတွေ၊ ကလေးတွေ၊ သူငယ်ချင်းတွေကို ပြောပြပေးပါ။

19. FaceBook, Twitter လိုနေရာတွေမှာလဲ ပြောပြပေးပါ။ ၀ါသနာ တူသူငယ်ချင်းတွေ စုပြီး သစ်ပင်စိုက်ပါ။ ပတ်ဝိုင်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းပါ။

20. ကမ္ဘာကြီး စိမ်းလန်းနေဖို့ သင့်ပေါ်မှာ အများကြီး မူတည်နေတယ်ဆိုတာ သတိရပေးပါ။

Blog Action Day 2008

Blog Action Day 2008 ~ Poverty

Blog Action Day 2007

Blog Action Day 2007 ~ Enviroment

This Blog is a part of Blog Action Day 2009


Related Posts

3 Comments so far »

  1. Talkii said,

    Wrote on October 18, 2009 @ 1:16 pm

    Thanks for sharing. I’ve noticed when I visit other blogs. But I didn’t pay attention to it. I just know about it now. :) Btw, You can write better than last years. Keep me posted. Cheers.

  2. ppt said,

    Wrote on October 18, 2009 @ 8:45 pm

    thankx, let me copy ur blog to my facebook and webs.

  3. Ko Nyan said,

    Wrote on November 6, 2009 @ 10:33 am

    A Nice Post. Very useful for us all and for our planet. We must save our planet as possible as, even we only can do a bit. Carry on bro.

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: