Earlier Civilization Warned About ????

2012 ဆိုတဲ့ အကြောင်းတော့ ကျွန်တော်ထင်တာ တွေ လျောက်မပြောတော့ပါဘူး။ တော်ကြာစိတ်ကုန် သွားဦးမယ် လောလောဆယ်တော့ ပြောပြချင်တာ Independence Day လို disaster ဇာတ်ကားမျိုး ထပ်ကြည့်ရတော့မယ် ဒီနှစ် ဒီဇင်ဘာ မှာပေါ့။
ဇာတ်ကားနာမည်က 2012 လို့ခေါ်ပါတယ်။ ဒါရိုက်တာက Independence Day ရိုက်ခဲ့တဲ့ Roland Emmerich ဆိုသူကပဲ ရိုက်ထားပါတယ်။ ဇာတ်လမ်းက 2012 မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ အကြောင်းကို ရိုက်ထားတာပါ။ လှိုင်းလုံးကြီးတွေ ရိုက်မယ်.. မီးတောင်တွေ ပေါက်မယ် မြေတွေ အက်ကွဲကုန်မယ် စတာတွေ ပါတယ်။

Effect တွေအများကြီးသုံးထားတယ် နောက်ခံတီးလုံးတွေ မိုက်တယ်.. ဒါတောင် trailer ထဲမှာမို့ပါ။ တကယ့်ကားကတော့ ကောင်းလား မကောင်းလား မသိသေးဘူး။ ကြော်ငြာကတော့ တော်တော် ကောင်းတယ်။ အပြင်မှာ 2012 မှာပဲ တကယ်ဖြစ်မှာလား London 2012 Olympics ပဲ လုပ်ဖြစ်မှာလား ဘာလဲတော့ မသိဘူး ဇာတ်ကားကတော့ ဒီနှစ် မှာ တကယ်ပြတော့မယ်။ ဒီမှာတော့ ရုံရောက်မှပဲ ကြည့်တော့မယ် အခွေနဲ့ကကြည့်လို့ သိပ်မကောင်းဘူး။ ရုံထဲမှာမှ disaster တွေ လူတွေ အပြုံလိုက်သေတာတွေက ကြည့်လို့ကောင်းတာ
မေ့လို့ အဲဒီကားက PG 13 ပါ။ သိပ်တော့လဲ မကြမ်းပါဘူး။ ဇာတ်ကားကောင်းမယ့်ပုံမို့ လက်တို့တာပါ…





emoracket said,
Wrote on November 10, 2009 @ 3:52 pm
လူတွေ အပြုံလိုက်သေတာကို ကြည့်လို့ကောင်းတယ်တဲ့လားဗျ….
Like or Dislike:
0
0
emoracket said,
Wrote on November 10, 2009 @ 3:56 pm
By the way,Your new banner is so nice!!
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on November 10, 2009 @ 5:29 pm
လူတွေ အပြုံလိုက်သေတာ ကြည့်လို့ ကောင်းတာပေါ့ သဲထိပ်ရင်ဖို ပဲ မဟုတ်လား… ဖြေးဖြေးချင်း သတ်တာမျိုးက ပိုကြည့်ကောင်းတယ်… ဘန်နာလား လျောက်လုပ်ထားတာ.. lol
Like or Dislike:
0
0
Htet Kaung San said,
Wrote on November 11, 2009 @ 1:43 pm
ကြည့်ကောင်းမည့်ကားပဲ
Like or Dislike:
0
0
မဗေဒါ said,
Wrote on November 11, 2009 @ 9:45 pm
လူတွေ အပြုံလိုက်သေတာမို့ ရုံမှာသွားကြည့်မတဲ့လား… အဟီး…
မဗေဒါလဲ ရုံမှာသွားကြည့်မလို့စောင့်နေတာ… ဒါပေမဲ့ အဲလိုကားမျိုးက အားလုံးသေတာများတယ်… စိတ်မကောင်းပြီး ပြန်လာရအုံးမယ်ထင်တယ်…
Like or Dislike:
0
0
exiter said,
Wrote on November 19, 2009 @ 10:22 am
ဒီကားက ထွေလာ ကြည့်ပြီးကတည်းကကြည့်ချင်နေတာ … နောက်ပြီး Sherlock Holmes လည်း လာတော့မယ်နော် .. ထွေလာကြည့်ပြီး မစောင့်နိုင်ဖြစ်နေတာ
Like or Dislike:
0
0
soe wai said,
Wrote on November 23, 2009 @ 10:46 pm
ပြီးတဲ့ တနင်္ဂနွေက Woodland က Cathay မှာ သွားကြည့်ပြီးပြီဗျို့။
ကျွန်တော်ကတော့ ကြိုက်တယ်။
ထပ်တောင်ကြည့်ချင်သေးတယ်။
ပိုက်ပိုက်ကုန်လို့သာပေါ့………
Like or Dislike:
0
0
madyjune said,
Wrote on November 27, 2009 @ 5:48 pm
Is this movie showing at Naypyitaw cinema? I’ll wait for the DVD release.
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on November 27, 2009 @ 5:52 pm
@ Sister Madyjune ~ Yes, Now It’s on Naypyitaw Cinema. Although I’ve watched, I’ll go there and watch again =D
Like or Dislike:
0
0