Adobe Browser Lab
Adobe Browser Lab ဆိုတာက Adobe ကနေ host လုပ်ထားတဲ့ web based flash application တစ်ခုပါ။ Web Designer, Developer တွေ သူတို့ ရေးထားတဲ့ ဆိုဒ်ကို OS တွေ Browser တွေမှာ ဘယ်လို render လုပ်တယ်ဆိုတာ ကြည့်ဖို့ လုပ်ထားတာဖြစ်ပါတယ်။
Browser Lab က ဆိုဒ်တစ်ခုလုံး flash နဲ့လုပ်ထားတာဖြစ်ပြီး အထဲမှာ address box မှာ ကိုယ်ကြည့်ချင်တဲ့ ဆိုဒ် link ထည့် OS နဲ့ browser အမျိုးအစားရွေးပြီး ကြည့်လို့ရပါတယ်။ အထဲမှာ Internet Explorer 6, 7, 8 နဲ့ Firefox, Safari တို့ပါတာတွေ့ရပါတယ်။ နောက်အခြား onion skin, rulers လိုမျိုးတွေပါပါလို့ ပိုအဆင်ပြေပါတယ်။ Dreamweaver CS 4 အတွက် extension download ပေးထားတာလဲ တွေ့ရပါတယ်။ အဲဒါနဲ့သုံးမယ်ဆိုရင်တော့ local ကဖိုင်ကိုပါ ကြည့်လို့ရအောင် လုပ်ပေးပါတယ်။






saturngod said,
Wrote on November 17, 2009 @ 1:25 pm
Good! ကျော်လို့ ခွလို့တော့ ရမယ်ထင်တယ်။