Diary Of Me 20 Nov 09
ဒီရက်တွေမှာ ဘလော့ဂ်လဲ သိပ်မရေးဖြစ်ဖူး ဖြစ်နေပါတယ်.. အမှန်တော့ မအားလို့ပါ မအားဘူးဆိုလို့ အလုပ်တွေ အရမ်းများပြီး ပိုက်ဆံတွေဝင်နေတယ် ထင်ရင် မှားသွားပါမယ်။ ပိုက်ဆံရတာထက် မရတဲ့ အလုပ်ပိုလုပ်နေရလို့ပါ။ အခုတော့ personal အကြောင်းတွေရော သတင်းတွေရော အခြားဟာတွေကော ရောရေးလိုက်တော့မယ်။ လွန်တာရှိရင် ခွင့်လွှတ်ပေးပါလေ။
ဒီရက်ပိုင်း မအားတဲ့ကြားထဲက ပျက်နေတဲ့ motherboard ကို ဆိုင်ကသွားယူလိုက်ရသေးတယ်။ ရှိတဲ့ အိမ်က 320GB Harddisk တစ်ခုကတော့ ပုရွက်ဆိတ် ၀င်သွားလို့ ကြွသွားတယ်ဗျ။ Windows 7 ဆိုတဲ့ အကောင် စမ်းကြည့်မယ်ဆိုပြီး partition ခွဲပြီး အသစ်တင်တာ ဘာမှမဆိုင်တဲ့ Vista ကီးပါသူက blacklist ဖြစ်အောင် လုပ်သွားလို့ အခု OS dual boot 2 ခုလုံး ရက် ၃၀ တွေ ပြန်ဖြစ်ကုန်ပြီ။ Windows 7 Ultimate တင်ထားတာ ပါလာတဲ့ crack က ကျွန်တော့်စက်မှာ အလုပ်မလုပ်ဘူးဖြစ်နေတယ်ဗျာ.. သိတဲ့သူများ ကူညီကြပါဦး။ ဒီရက်တွေမှာ လုပ်စရာတွေရှိနေလို့ အဲဒီကောင်တွေ window အသစ်မတင်ရသေးပဲ သုံးနေရတယ်။ Window တင်ဖို့လဲ မအားပါဘူး ကျွန်တော်မအားတာ မဟုတ်ဘူး မီးက လာလိုက်ပျက်လိုက်ဖြစ်နေတာ Windows တင်လိုက်ပျက်လိုက်နဲ့ အလုပ်မလုပ်လိုက်ရပဲ ဖြစ်ကုန်မှာစိုးလို့။
တစ်ဆက်ထဲပြောပါဦးမယ် တော်တော်များများပဲ မေးကြတယ် ကျွန်တော် အွန်လိုင်းတွေ့ရင် ဘာ anti virus သုံးလဲ နောက် system tweak လုပ်နည်းတွေ မေးကြတယ်။ ကျွန်တော် အဲဒါတွေ တကယ်မသိပါဘူး ဘယ်လိုလုပ်ရလဲဆိုတာလဲ မစမ်းဖူးပါဘူးဗျာ မသိဘူးဖြေရင် ကျွန်တော် ပညာလျှိုသလိုလို ထင်ကြပြန်ရော.. တကယ်ပါ မသိပါဘူး။ ကျွန်တော် အိမ်က Desktop မှာ ဘာ system tweak မှ မလုပ်ထားပါဘူး anti virus မရှိပါဘူး အိမ်မှာ အင်တာနက်လဲ မရှိပါဘူး ဗိုင်းရပ် ဘယ်လိုစစ်လဲဆိုရင်တော့ မျက်စိနဲ့ပဲ စစ်ပါတယ်။ memory stick ကို အပေါ်က address bar ကပဲဝင်ပါတယ်။ icon double click နှိပ်မ၀င်ပါဘူး autorun လုပ်မှာစိုးလို့ပါ။ အဲဒါပဲလုပ်ပါတယ်။ ဘာ tweak မှလဲ မလုပ်ပါဘူး။
နောက် software ဆိုလဲ Design softwares, Adobe Creative Suit, 3D ဆော့ဝဲ တချို့နဲ့ Game ပဲသွင်းပါတယ်။ အခြား utilities တွေ ဘာမှ မရှိပါဘူး။ နောက်ကျွန်တော်က background system tray ထဲမှာ run တဲ့ကောင်မျိုးတွေ မုန်းလို့ ဘာမှ မထည့်ပါဘူး။ နောက် Linux တစ်ခုလဲ တင်ထားပါတယ်.. Opensuse သုံးပါတယ် ဘယ် distro ကြိုက်တယ်လို့ မရှိပါဘူး ကျွန်တော်ရွေးတာက ပထမဆုံး GUI လှဖို့ Effect လှဖို့ပဲ ရွေးပါတယ် ကျန်တာတွေက distro တိုင်း အတူတူနီးပါးတွေပဲဆိုတော့လေ… နောက်အိမ်မှာ အင်တာနက် မရှိလို့ တစ်ခါထဲ package အစုံပါတဲ့ Opensuse ကို သုံးတာပါ။ Gimp သုံးတယ်။ ကျန်တာတော့ Adobe AIR တွေ သုံးပါတယ်။
စကားမစပ် အခု ဒီအပတ်ထုတ် ဂျာနယ်တစ်စောင်မှာ အင်တာဗျူးတွေ့မိလို့ပါ.. မေးတာက အကိုက မြန်မာနိုင်ငံမှာ ပထမဆုံး ACE (Adobe) အောင်လက်မှတ်ရ ဟုတ်ပါသလားလို့ မေးတယ် ဖြေတဲ့သူက ဟုတ်ပါတယ်တဲ့ ကျွန်တော် ကြားက ၀င်ဖြေပါဦးမယ် မဟုတ်ပါဘူး လို့ တကယ်တော့ Adobe ACE အောင်တဲ့သူ မြန်မာနိုင်ငံမှာ Creative Suit (CS) ခေတ်ကတည်းက အောင်ထားတဲ့ သူတွေရှိပါတယ်ဗျာ.. အခု အင်တာဗျူးဖြေတဲ့သူကတော့ CS3/4 ကို ပထမဆုံးအောင်တယ်လို့ ဖြေရင်တစ်မျိုးပေါ့ ACE အောင်တဲ့သူ ပထမဆုံးဆိုရင်တော့ မှားပါတယ် ခင်ဗျာ…
အော် ဆက်ပြောရရင် ဒီဘက်နှစ်တွေမှာ မြန်မာကားတွေ သိပ်မိုက်ရိုင်းလာတယ်ဗျာ.. ဆင်ဆာလွတ်အောင် သွယ်ဝိုက်ပြောတယ်ဆိုပေမယ့် အဓိပါယ်က ရိုင်းပါတယ်။ ဟိုအရင်ခေတ်တွေက ဇာတ်ကားတွေမှာ အဲဒီလိုမျိုး မတွေ့ဖူးဘူး။ အခုမှ ရိုင်းမှ ပရိတ်သတ်ကြိုက်တယ် ထင်နေပုံရတယ်။ နောက် ဇာတ်ကားတွေများ နောင်ဆို ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ မင်းသား အကုန်နောက်ဆို တစ်ယောက်ထဲ ဖြစ်တော့မယ် ထင်တယ်။ နောက် ရုံကြီးတွေမှာတင်တဲ့ကား မကြည့်ပဲပြောနိုင်တယ် ဟာသကားပဲ နောက် အဲဒီကားမှာ ရိုင်းတာကို သွယ်ဝိုက်ပြောတာမျိုးပါရမယ် နောက် မင်းသား ဒါမှမဟုတ် သူ့အဖေ၊ ယောက်ခမ ပုဆိုးကျွတ်ကျတဲ့ အခန်းမျိုးပါရမယ်။ ဒီလောက်ဆို လုံလောက်ပါပြီ ဇာတ်ကားဖြစ်ပြီ။ နောက် ဇာတ်ကားတွေမှာ ဘီယာ၊ အရက်သောက်တာ ကအမြဲလိုဖြစ်နေပြီ မင်းသားအောင်ပွဲခံလဲ ဘီယာတိုက်ဘာညာ ဒါပဲ ဟိုအရင်ကကားတွေမှာ ဇာတ်ပို့တွေက မင်းသားကို ကူညီရင် လက်ဘက်ရည်တိုက် ဆိုတာမျိုးပဲ ရှိတာ အခုတော့ ဘီယာတိုက် အရက်တိုက် ဖြစ်နေပြီ။ နောက် ပြောသေးတယ် ကိုရီးယားကားတွေကို ယှဉ်လို့ ရတယ်တဲ့ စက်ပစ္စည်းမရှိလို့ပါတဲ့ မဟုတ်ဘူး ကိုရီးယားကား မယှဉ်နဲ့ မြန်မာအသံက sat, sunday နေ့လည်တွေ မှာ ပြနေတဲ့ ဟိုးအရင်က အဖြူအမည်းနဲ့ကားကို မှီအောင်ရိုက် ဇာတ်လမ်း၊ ဇာတ်ကွက် သရုပ်ဆောင်ပီပြင်အောင် ရိုက်လို့ပဲ ပြောချင်တယ်။

နောက် စကားမစပ်ပဲ ပြောရဦးမယ် အခု အသစ်ထွက်လာတဲ့ Adobe Flash 10.1, AIR 2.0 တွေမှာ multitouch အလုပ်လုပ်ပြီ နောက် Microsoft က Internet Explorer 9 ကို developing စလုပ်နေပြီပြောတယ်။ မျှော်လင့်တာကတော့ HTML 5, CSS 3 (draft) တွေကို အလုပ်လုပ်ဖို့ မျှော်လင့်တယ် မလုပ်လဲ ကိစ္စတော့ မရှိတော့ဘူး အများနဲ့ IE တစ်ယောက်ဖြစ်နေပြီ လိုက်မလာရင်တော့ ချန်ထားခဲ့ရမှာပဲ။
မနက်ဖြန် ၂၁ ရက်နေ့မှာ MyanmarITPro ရဲ့ gathering ရှိပါတယ်.. Info-Tech ထဲမှာ လုပ်ပါမယ်။ နောက် ကိုကိုရဲ ရဲ့ Ubuntu Linux Show BAK Shopping center မှာ 21,22 ၂ရက်ဆက်တိုက်ရှိပါမယ်.. မနက်ဖြန်ကတော့ ကျွန်တော် Info-Tech မှာရှိပါမယ်။ သဘက်ခါကတော့ BAK မှာ ရှိပါမယ်။





saturngod said,
Wrote on November 20, 2009 @ 10:26 pm
ဖတ်ဖူးသမျှထဲမှာ အစုံဆုံးပဲ..
တစ်ခါတည်းကို ရှင်းသွားတာပဲ.. ပြီးလာတဲ့အချိန်လေး စုပုံရှင်းလိုက်သလိုပဲ..
kom said,
Wrote on November 21, 2009 @ 2:29 am
ရှင်းဘို့က ဘေ့စစ်လိုပါတယ်။
Htoo Tay Zar said,
Wrote on November 21, 2009 @ 9:42 pm
@ ko saturngod ~ ဘာရေးရမလဲ မသိတာနဲ့ စိတ်ထဲ ကလိကလိ ဖြစ်နေတာတွေ ချရေးထားတာပါဗျာ
@ sister kom ~ ဟုတ်ကဲ့ အမ ကျွန်တော် စမ်းကြည့်လိုက်ဦးမယ်…
Talkii said,
Wrote on November 22, 2009 @ 2:48 am
မင်းသားကိစဿစမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုတာ အဲဒါကိုပြောတာပေါ့။ ဟိုခေတ်ကဆို တစ်မျိုးဆို တစ်မျိုးပဲရတယ်။ အခုကျတော့ တိုးတာလာတာ ခှေါရမှာပေါ့။ ဆောင်းဦးလှိုင်ကတော့ ပြောရှာတယ်။ quality တော့ ခဏမေ့ထားကြသည်တဲ့။
Ko Nyan said,
Wrote on November 22, 2009 @ 3:46 pm
လာဖတ်သွားပါတယ်။ မြန်မာကားတွေနဲ့ပတ်သက်တဲ့ မှတ်ချက်အတွက် မထူးဆန်းပေမယ့် အခုဖတ်တော့လည်း ပြုံးရပြန်တာပါပဲ။ လူတိုင်းသိနေကြတယ်ဗျ။ ဒါပေမယ့် အားပေးနေကြတာပဲ။ ဆိုပါတော့ ဇာတ်ကားတွေမှာ ခါးအောက်ပိုင်းစကားတွေကို သွယ်ဝိုက်ပြီးပြောကြတယ်။ ဒါလည်းသိနေကြတာပဲ။ အဲ… သိနေပေမယ့် အဲဒီလိုဇာတ်ကားတွေကို အကြိုက်ဆုံးက အမျိုးသမီးတွေ ဖြစ်နေတယ်ဆိုတာကို သတိထားမိရင် ခင်ဗျားပိုပြီး စိတ်ညစ်သွားဦးမယ်။ ကျွန်တော်လည်း နားလည်လို့မရပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုရိုက်နေတဲ့ မြန်မာကားတွေက အဆင့်မရှိပါဘူး။ ပိုက်ဆံရရင်ပြီးရော ပေါ်ပင်လုပ်နေတာပါ။ နောင်တသသပြောကျန်ရစ်အောင် ရိုက်ပြနိုင်တဲ့ဇာတ်ကားက အတော်ကို ရှားသွားပါပြီ။ ဒီနှစ် ၂၀၀၈ အတွက် အကယ်ဒမီပေးဖို့အတွက် စိစစ်ရတဲ့ဇာတ်ကားက ၁၂ ကားပဲရှိတယ်။ ၃ ကားပဲ ဒရမ်မာကား။ ကျန်တာတွေက ပေါတောတော ဟာသကားတွေ။ ကဲ.. အကယ်ဒမီဘယ်သူရမယ်ဆိုတာ အခုကတည်းက ပြောလို့ရနေပြီ။ ဘယ်သူက စိတ်ဝင်စားမှာလဲ။ အလှည့်ကျပေးလိုက်တာကမှ အဆင်ပြေဦးမယ်။
ဦးသိန်း said,
Wrote on November 23, 2009 @ 11:24 am
တေဇာရေ..အခု မှဒီပို့စ်ကိုသေသေချာချာဖတ်ဖြစ်တယ်..။Windows7 အတွက် အဆင်ပြေမယ်ထင်တဲ့..crackလေးတစ်ခုတွေ့တာ နဲ့တင်ပေးခဲ့တယ်..။
http://www.mediafire.com/?xxyimb5dqpf
ရ၊ မရ အကြောင်းပြန် ပါဦး..။အဆင်ပြေပါစေ..၊တေဇာရေ..။
Htoo Tay Zar said,
Wrote on November 27, 2009 @ 3:10 pm
@ Ko Nyan ~ ဒီနှစ်အတွက် အကယ်ဒမီ စာရင်းဝင်ကားတွေကိုတော့ မကြည့်မိသေးဘူးဗျ… သေချာပါတယ် ဒီနှစ်မှာ ရွေးစရာကားက သိပ်ရှိမှာ မဟုတ်ဘူး ဟာသကားတွေပဲ ဒီမှာ များနေတာကိုး…
@ ဦးသိန်း ~ ဟလို အကို မတွေ့တာကြာပြီ ဟုတ် Windows 7 အဆင်ပြေသွားပြီ အကို.. =D