hit counter

G Latt ~ A Moment

ဒီရက်ပိုင်း အလုပ်များနေတာ မီးပျက်တာတွေကြောင့် ဘလော့ဂ်ကို မရေးဖြစ်တာ ကြာသွားတယ်။ ဒီနေ့လဲ သီချင်းတစ်ပုဒ်ပဲ တင်လိုက်တော့မယ် ဒီသီချင်းက တင်ထားတာတော့ နဲနဲကြာပါပြီ.. အခုကတော့ ဘလော့ဂ်မှာ တင်လိုက်တာပေါ့။

သီချင်းနာမည်က ခဏတာ လို့ခေါ်ပြီး ရေးတာက ကမ္ဘာ ဆိုတာက ဂျီလတ် ကဆိုထားပါတယ်။ ဒီသီချင်းက ဘာလာလာ အခွေထဲက ဖြစ်ပါတယ်။ အရင်ကတည်းက ခဏတိုင်းကြားဖူးပြီး လွန်ခဲ့တဲ့ ၄ လလောက်ကမှ VCD အခွေ ၀ယ်ဖြစ်တော့ အဲဒီ သီချင်းကိုပဲ ကြိုက်လို့ ကျော်ဖွင့်တော့မှ ဆိုတဲ့သူကော ရေးတဲ့သူကော ကျွန်တော့် အသိတွေဖြစ်နေတယ်။

ရေးတဲ့သူ ကိုကမ္ဘာ ဆိုတာက လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဆိုးကောင်းတုန်း အချိန်ကတည်းက underground ပွဲတွေမှာ အတူကဲနေကြပဲ ခင်ဗျ။ အဲဒီတုန်းက ကျောက်မြောင်းထဲက ဘော်ဒါတွေနဲ့ ညနေဆို သူငယ်ချင်းတွေ အုပ်စုလိုက် မျှော်စင်ကျွန်းသွား ကိုကမ္ဘာတို့လဲ ပါတယ် နောက် ပွဲစရင်အောက်မှ circle pit လှည့်ကြ ပါလာတဲ့ BMX လေးတွေနဲ့ ကမြင်းကြနဲ့ အတော်ဆိုးခဲ့သေးတာ.. သူငယ်ချင်းတစ်ယောက်တောင် BMX နဲ့ ကားအောက်ဝင်သွားသေးတယ် ကံကောင်းလို့ ဘာမှ မဖြစ်ဘူး။

သီချင်းဆိုထားတဲ့ ကိုဂျီလတ် ကတော့ ကိုကမ္ဘာ အကိုပါ သူတို့ သီချင်းကို တလောကတောင် ဂျပန် NHK လိုင်းမှာ လွှင့်သေးတယ်လို့ ဂျာနယ်မှာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော်က မြန်မာသီချင်း နားထောင်ခဲပါတယ် ၀ယ်လဲဝယ်ခဲတယ် အခု သီချင်းကိုတော့ တော်တော်ကြိုက်ပါတယ်။ စာဖတ်သူလဲ ကြိုက်မယ်ထင်လို့ တင်လိုက်ပါတယ်။ ပျော်ရွှင်ပါစေ။ ။


Related Posts

1 Comment so far »

  1. ထွေးငယ် said,

    Wrote on March 13, 2010 @ 3:03 pm

    အဲဒီ သီချင်းလေး ကြိုက်တယ်…
    ထွေးငယ်

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: