High Speed Means This!!


Screen shot 2009-11-07 at 1.30.57 PM

ဒီရက်ပိုင်း ကွန်နက်ရှင် အရမ်းကို ပက်ပက်စက်စက် မြန်နေတယ်ဗျာ။ အင်တာနက် သုံးရင် ခုံတွေ စားပွဲတွေကိုင်ထားရတယ်။ မဟုတ်ရင် ကွန်နက်ရှင်နဲ့ ပါပြီး နိုင်ငံခြားက ဆာဗာထဲ ရောက်သွားမှာ စိုးလို့။ ဒီနေ့တောင် နေမကောင်းဖြစ်နေတာ မနေ့က သုံးတုန်းက speed အရမ်းမြန်တော့ လေရိုက်ပြီး ဖျားသွားတာလေ။ မယုံဘူးလား ?

မယုံရင် အပေါ်က screenshot သာ ကြည့်ပေတော့ဗျို့ အဲဒါမနေ့က သုံးတုံးက snap ဖမ်းထားတာ… AFI ရဲ့ သီချင်း Medicate ဆိုတာလေး ဒီရက်ပိုင်းနားထောင်ဖြစ်တာရယ် Presto လို့ခေါ်တဲ့ ဂန္ဓ၀င်သီချင်း (vilolin, orchestra) သီချင်းတစ်ပုဒ်ရယ် အိမ်မှာ ကျင့်မယ်လို့ note လေး KB လောက်ပရှိတာလေး download လုပ်မိပါတယ်။ Connection speed က အပေါ်ကပြထားတဲ့ အတိုင်းပဲ တက်တယ်။ တကယ်ပြောတာ GB ချီတဲ့ ဖိုင်တွေ ဒေါင်းလုဒ် လုပ်ချင်ရင် ဒီကိုသာလဲခဲ့တော့ဗျာ :D



Related Posts

8 Comments so far »

  1. မောင်ပြုံး said,

    Wrote on November 9, 2009 @ 4:35 pm

    MICT နဲ့ နင်လား ငာလားပဲနှော :P

    Like or Dislike: Thumb up 0 Thumb down 0

  2. Htoo Tay Zar said,

    Wrote on November 9, 2009 @ 8:09 pm

    ဟုတ်ပါ့.. မပြောနဲ့ အမေရိကန်၊ ကိုရီးယား၊ ထိုင်ဝမ် ဒီ speed ကိုလာပြိုင်လို့ မရဘူး kb per year နဲ့ တက်တာ =D

    Like or Dislike: Thumb up 0 Thumb down 0

  3. emoracket said,

    Wrote on November 10, 2009 @ 3:58 pm

    ဘယ်မှာအဲ့လောက်တောင် မြန်လဲဗျ…

    Like or Dislike: Thumb up 0 Thumb down 0

  4. Htoo Tay Zar said,

    Wrote on November 10, 2009 @ 5:22 pm

    ဘယ်မှာလဲ မေးမနေပါနဲ့လေ ဒီမှာက ကျရင် ဘယ်နေရာမဆို အတူတူပဲ မဟုတ်လားလို့

    Like or Dislike: Thumb up 0 Thumb down 0

  5. မဗေဒါ said,

    Wrote on November 11, 2009 @ 9:49 pm

    နောက်တစ်ခါ ဒေါင်းလုပ်မယ်ဆိုရင် အနွေးထည်လေး ၀တ်ပြီးလုပ်လေ… လေရိုက်ပြီး မဖျားအောင်… :P

    Like or Dislike: Thumb up 0 Thumb down 0

  6. ဦးသိန်း said,

    Wrote on November 18, 2009 @ 10:23 pm

    လေ ရိုက်ပြီးတော့ တောင်ဖျားသွားတယ်ဆိုပဲ..၊:)

    Like or Dislike: Thumb up 0 Thumb down 0

  7. exiter said,

    Wrote on November 19, 2009 @ 10:26 am

    အဲလောက် speed ကအေးဆေးပါ … @htoo Tay Zar Adobe Mac Collection ကို တစ်ရက်တည်းနဲ့ အသာလေးပြီးအောင်ဒေါင်းလို့ရတယ် .. အဲဒီတုန်းက ဒေါင်းပေးထား DVD နှစ်ခွေစာ 8 GB နီးပါးလောက်ရှိတယ်နော် .. :P

    Like or Dislike: Thumb up 0 Thumb down 0

  8. pyaesonemin said,

    Wrote on November 21, 2009 @ 2:16 pm

်ဟုတ်ပါ့ အစ်ကိုရေ internet တောင်မသုံးချင် လောက်အောင် ကဲနော် :P

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: