hit counter

Presents for me

Thanksgiving Presents

ဒီနေ့တော့ everything is blogable ဆိုတဲ့ အတိုင်း Thanksgiving ရက်တွေမှာ ရတဲ့ လက်ဆောင်တွေ အကြောင်းကြွားလိုက် အဲ ရေးလိုက်ပါဦးမယ်။ :D ဟုတ်ကဲ့ ဓာတ်ပုံမှာတွေ့တဲ့ အတိုင်းပါပဲ.. ဒီနှစ်မထင်ပဲ ပစ္စည်းတော်တော်များများ ရခဲ့တယ်။ မနှစ်ကတော့ ဘာမှမရခဲ့ဘူးလေ အမေဆီက MacBook တစ်လုံးပဲ ရခဲ့တာ။ အခုရတဲ့ ပစ္စည်းတွေကိုတော့ တစ်ခါထဲ ကြွားရင်း ပို့ပေးတဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြောချင်လို့ပါ။ :D မျက်စိအညောင်းခံပြီး ဖတ်ရှုကြပါလေ…

ဘယ်ကစပြောရမလဲတောင် မသိဘူး….. … .. OK ဒီဘက်က t-shirt ကစမယ်..

Myanmar IT Professional T-Shirt

Myanmar IT Pros t shirt က ပြီးခဲ့တဲ့ အပတ် ၂၁ ရက်နေ့က Myanmar IT Pros Gathering က ရခဲ့တာပါ။ Register လုပ်ထားတဲ့ မန်ဘာတိုင်းကို free ပေးပါတယ်။ နောက်အဲဒီနေ့မှာ member မဟုတ်တဲ့သူများကိုလဲ အခမဲ့ လက်ဆောင်ပေးခဲ့တာပါ။ အထည် ၂၀၀ ကျော်လုပ်ခဲ့တာ.. ကျွန်တော်လဲ အလကားရတာပါပဲ။ ရမှာပေါ့ ကျွန်တော်တို့က core member ပဲကိုး :D နောက်နှစ်မှာ ထပ်လုပ်ဖြစ်ရင် အခုထက် လူများများပွဲတက်လာအောင် ကြိုးစားရမယ်.. နောက် အကျီတွေ များများဝေနိုင်အောင် sponsor logo တွေနဲ့ ပိုကောင်းအောင်လုပ်မယ်လို့ စိတ်ကူးထားတယ်။

Personal Computer Magazine

PC Magazine ကလဲ အဲဒီနေ့က အခမဲ့ လက်ဆောင်အဖြစ် လာတဲ့သူတိုင်းကို ဝေခဲ့ပါတယ်။ စာအုပ်တွေကအများကြီးပါပဲ ကျွန်တော်နဲ့ မောင်ပြုံး နဲ့ စာအုပ်တွေ သယ်ခဲ့ကြတာ.. ကျွန်တော် စာအုပ်တွေပဲ ပေါ့ပေါ့လေးထင်ပြီး ၂ ဒါဇင်မလိုက်တာ အဆောင် ၄ ကနေ lobby လောက်ရောက်တော့ လျှာထွက်နေပြီ ရှေ့ မြတ်ခင်းပြင်ရောက်တော့ မနိုင်တော့လို့ တစ်ဒါဇင် ခဏချထားပြီး ၂ ခေါက်သယ်ယူလိုက်ရတယ်။ နောက်ရက်အထိ လက်ညောင်းနေတုန်းပဲ.. စကားမစပ် အဲဒီ စာအုပ်မှာ နာမည်ကျော် ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ အကောင်းစား OS ကြီး တစ်ခုအကြောင်းကို အရေမရ အဖတ်မရ ကော်မရှင်မရဘဲ ရေးထားတာပါသေးတယ် မယုံရင် စာအုပ်အဖုံးကို ဇွန်းဆွဲ.. ခက်ရင်းဆွဲ ယောင်းမဆွဲပြီး ကြည့်ပါလေ….. :P

Total Game Play’s Awesome Games

MITP gathering နေ့က လက်ဆောင်ရတဲ့ အထဲမှာ မြန်မာပြည်ရဲ့ တစ်ခုထဲသော Game Studio Total Game Play ကနေလုပ်တဲ့ ဂိမ်းတွေကိုလဲ လက်ဆောင်ပေးခဲ့ပါသေးတယ်။ အထဲမှာတော့ Total Game Play ရဲ့ နာမည်ကျော် Master Mind လဲပါတယ်။ ကျွန်တော် အခုဆော့နေတာက Three Viking လို့ခေါ်တဲ့ ဂိမ်းကိုဆော့နေတယ်။ နောက် တရုတ်လှေထိုးသမား The Ferryman လဲဆော့နေပါတယ်။ လက်ဆောင်ဆိုပေမယ့် အကုန်လုံး full version တွေ ထည့်ပေးထားတာပါ။

Wikipedia Offline ~ Aard for Cross Platform

အဲဒီနေ့မှာပဲ Solveware Solution က ကိုငွေထွန်း က Wikipedia ကို offline ဖတ်လို့ ရနိုင်မယ့် Aard နဲ့ database ကို အခမဲ့ဝေပေးခဲ့ပါတယ်။ အဲဒီတစ်ခုက Windows, Linux, Mac OS X (Snow Leopard compactible) ရတယ်။ အခွေထဲမှာ အဲဒီ သုံးမျိုးလုံးအတွက် binary ပါပြီးသားပါ။ Wikipedia ကို အဲဒီလို offline ဖတ်နိုင်တော့ တော်တော် အဆင်ပြေသွားတယ်။ ကျွန်တော်အရင်ကဆို အိမ်မှာ အင်တာနက်မရှိတော့ Microsoft Encarta ကိုပဲ သုံးရတယ်။ သိတဲ့အတိုင်းပဲ အဲဒီတစ်ခုက သိပ်အလုပ်မဖြစ်ဘူး။ မစုံဘူး ပြီးတော့ စာကလဲ နဲနဲလေးပါတာ။ အခုတော့ Wikipedia ကို offline ဖတ်လို့ ရတော့ အတော်အဆင်ပြေသွားတယ်။

Ubuntu Stickers, ISO CD & Sport Shirt

Ubuntu Shirt

ပြီးခဲ့တဲ့ ၂၂ ရက်နေ့က BAK Shopping Centre မှာ ကိုကိုရဲ ရဲ့ Ubuntu linux အကြောင်း ဟောပြောပွဲရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့ Ubuntu Stickers လေးတွေ အများကြီး အလစ်သုတ် အဲ ရခဲ့တယ်။ ပုံမှာတွေ့တဲ့ အတိုင်းပါပဲ stickers တွေ အခွေလဲ ရခဲ့တယ်။ အခု အပေါ်က Ubuntu sport shirt အနက်ရောင်ကလဲ ပြပွဲလာသူတိုင်းကို အခမဲ့ ပေးတာပါ :P တကယ်လို့ လိုချင်တဲ့သူများရှိသေးရင် ကိုကိုရဲ ဆီမှာ အခမဲ့တောင်းယူနိုင်ပါတယ် :D

Security in a-box book & Digital security tools CD

အခု စာအုပ်ကတော့ ဟောင်ကောင် ကပြန်လာတဲ့ ကိုမျက်လုံး နဲ့ ကိုကျော်ဇေယျ updated ကိုဇော်ဇော် တို့က လက်ဆောင်ပေးတာပါ။ :D စာအုပ်က အရမ်းကောင်းတယ်.. အင်းကလိပ်လိုရေးထားတယ်။ အဓိကကတော့ digital security အကြောင်းပေါ့ နောက် CD ထဲမှာ firefox, pidgin, thunderbird, cc cleaner တွေ ထည့်ထားပေးတယ်။

Mac OS X Applications & iPhone SDK

အပေါ်က အခွေ ၂ ခွေကတော့ ကိုစေတန် ပို့ပေးလိုက်တာ အထဲမှာ Mac OS X games တွေ နောက် development tools တွေ အများကြီးပါပါတယ်။ နောက်တစ်ခွေကတော့ iPhone SDK (Snow Leopard) အတွက် အခွေပါ။ အထဲမှာ X Code, Dashcode စတာတွေပါတယ်။ နောက် ebook ၂ အုပ်ပါတယ်။ ဒီရက်တွေမှာတော့ မီးပျက်လို့ ဘာမှ လုပ်ဖြစ်ဦးမှာ မဟုတ်ဘူး။ အထဲက ဂိမ်းတွေပဲ ဆော့လိုက်ဦးမယ်။

16GB White 3G iPhone

မနေ့က အိုင်ဖုန်း အဖြူရောင် 16GB တစ်လုံး အမေ က ၀ယ်ပေးတယ်… အဲဒီတုန်းကတောင် ကြည့်ခဲ့သေးတယ် iPhone dock speaker တစ်ခုလဲ မိုက်တယ် Sony ကထုတ်တာ 150 US $ လောက်ရှိတယ်။ မိုက်တယ်ကြိုက်တယ် အလုပ်ရရင် ၀ယ်မယ်… မရရင် မ၀ယ်ဘူး။ အိုင်ဖုန်းက အဖြူရောင်လဲ တော်တော်မိုက်တာပဲ။ မဆိုးဘူး ၀ယ်ရတာလဲ တန်တယ်လေ… မယုံမရှိနဲ့နော်.. မြန်မာငွေ ၄၀၀၀ ရှိရင် အဖြူယူမလား အနက်ယူမလား ဒါမှမဟုတ် apple ကမထုတ်တဲ့ glossy အပြာရောင် လိမော်ရောင် အနီရောင် အစုံရမယ်… ရမှာပေါ့ တရုတ်ကလာတဲ့ ပလတ်စတစ် အခွံကြီး ကိုး :P

အခုဆိုရင်တော့ ပစ္စည်းတွေစုံသွားပြီမို့ ကြွားတဲ့ ကိစ္စကို တစ်ခန်းရပ်ပါပြီ။ နောင်နှစ်များမှာလဲ ဒီထက်မက လက်ဆောင်တွေပေးနိုင်ကြပါစေ လို့ဆုတောင်းပါတယ်။ ကျွန်တော်ကတော့ သူများဆီက လက်ဆောင်ရဖို့ပဲ စဉ်းစားနေတာ… သူများကို ပေးဖို့တော့ အခုထိ မစဉ်းစားဖူးပါဘူး :D လက်ဆောင်ပေးတဲ့ အကိုတွေ အမတွေ အမေ ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် လက်ဆောင်ရတဲ့သူတောင် ပျော်နေရင် သူတို့တွေ ကျွန်တော်ထက် ပိုပျော်မယ်လို့ ထင်ပါတယ်။ အားလုံးပျော်ရွှင်ပါစေ….. :D


Related Posts

17 Comments so far »

  1. exiter said,

    Wrote on November 27, 2009 @ 4:15 pm

    ပန်းတွေနဲ့ဝေ မဟုတ်ဘူးပေါ့ .. လက်ဆောင်တွေနဲ့ဝေ .. :P

  2. madyjune said,

    Wrote on November 27, 2009 @ 5:45 pm

    ရမှာပေါ့ တရုတ်ကလာတဲ့ ပလတ်စတစ် အခွံကြီး ကိုး
    ha ha..i thought it was real at first :D

  3. ဘာညာ said,

    Wrote on November 27, 2009 @ 6:03 pm

    တေဇာလေး.. MBS T-shirt လာယူဦး

  4. zawzaw said,

    Wrote on November 27, 2009 @ 6:11 pm

    why not my name on post :)

  5. Htoo Tay Zar said,

    Wrote on November 27, 2009 @ 6:30 pm

    @ exiter ~ ဟုတ်ပါ့ လက်ဆောင်တွေ ရလေကောင်းလေ ပဲ lol =P

    @ Sis Madyjune ~ အိုင်ဖုန်းကို ၄၀၀၀ နဲ့ရမယ် =D

    @ Sis Barnyar ~ ဟုတ်လာခဲ့မယ် အမ

    @ Bro Zaw Zaw ~ Updated :D

  6. Talkii said,

    Wrote on November 27, 2009 @ 8:11 pm

    အပြန်ကျ စိတ်ဝင်စားရင် The Smashing Book ယူခဲ့မယ်။ အီးဘုတ်လုပ် ရောင်းစား အဲ မျှဝေကြတာပော့။ အခုထက်ထိတော့ ပို့မယ်ပို့မယ်နဲ့ ရက်ရွေ့နေလို့ လက်ထဲ မရောက်သေးဘူး။

  7. Pascal said,

    Wrote on November 28, 2009 @ 9:53 am

    အဟင့် wiki offline မရလိုက်ဘူးကွာ , game က လဲ Master mind ဆော့မရဘူး ကျန်တာတော့ရတယ်

  8. Pascal said,

    Wrote on November 28, 2009 @ 9:57 am

    smashing book လေးလည်းလိုချင်တယ်ဗျို့ (အလကားရအကုန် ယူတာပဲ) :)

  9. ရာဇာ said,

    Wrote on November 28, 2009 @ 10:16 am

    အော် ၄၀၀၀ တန်အခွံကိုပြောတာကိုး.. ဈေးသက်သာတဲ့နေရာပြောလိုက်ဦးမယ်…
    Moblie King မှာ ၃၅၀၀ နဲ့ရတယ်… ၅၀၀သက်သာတာပြောပါတယ်.. အဟီးးး… ဒါနဲ့ အပြာရောင်ကြိုက်ရင် ငါ့မှာ၁ခုပိုနေတယ်.. လိုချင်ရင်တော့တွေ့မှပဲပေးတော့မယ်.. :D

  10. ဘာညာ said,

    Wrote on November 28, 2009 @ 10:56 am

    @ Pascal ဟုတ်တယ် mastermind ကဆော့မရဘူး.. အဲ့ဒါကိုပိုဆော့ချင်နေတာ..

  11. Talkii said,

    Wrote on November 28, 2009 @ 2:32 pm

    @ Pascal

    http://myanmaritpros.com/profiles/blogs/wikipedia-offline-cd

    အဲဒီမှာ wiki offline ကို mediafire ကနေ တင်ပေးထားတာရှိပာတယ်။ စာအုပ်ကတော့ လက်ထဲရောက်ရင် အီးဘုတ်လုပ်ဖို့ ကြိုးစားလိုက်ပာ့မယ်။ ပြီးရင်တော့ တိုးတိုးတိတ်တိတ်ပော့။ :D

  12. Htoo Tay Zar said,

    Wrote on November 28, 2009 @ 2:49 pm

    @ Talkii ~ ကျွန်တော်လဲ smashing book လိုချင်နေတာ ပိုက်ဆံမရှိလို့ မ၀ယ်ဖြစ်ဘူး :D စာအုပ်က ထွက်မယ့်ရက် ရွေ့သွားတာတော့ ကြားတယ်.. ရရင် ပြောပါဦးဗျ လိုချင်လို့ :D

    @ Pascal, Sis Barnyar ~ Mastermind က Windows 7, Vista မှာ မရဘူးထင်တယ် XP မှာပဲ ရမယ်ထင်တယ်..

    @ ရာဇာ ~ သယ်ရင်း ငါဝယ်တာလဲ ၃၅၀၀ နဲ့ပဲကွ ၄၀၀၀ ဆိုတာ သူတို့ ရောင်းတဲ့ဈေးပါ ဘယ်ရမလဲ ဈေးဆစ်တာပေါ့ :P

  13. june said,

    Wrote on December 3, 2009 @ 4:14 pm

    ကောင်းလိုက်တာ လက်ဆောင်ပေးမဲ့သူတွေကလည်းအများကြီးပဲ

  14. Talkii said,

    Wrote on December 15, 2009 @ 6:31 pm

    မနေ့က စာအုပ်ရပြီ :D ဆိုဒ်က သေးတော့ စကင်ဖတ်လို့ အဆင်မပြေဘူးဖြစ်နေတယ်။ ကျွန်တှော ရန်ကုန်ရောက်ရင် ဆက်သွယ်လိုက်မယ်ဗျ။

  15. Htoo Tay Zar said,

    Wrote on December 18, 2009 @ 5:58 pm

    @ Talkii ~ ဟုတ်ဗျာ share ပေးမယ် ဆိုလို့ ကျေးဇူးပါ ကျွန်တော်လဲ ဖတ်ချင်နေတာ အွန်လိုင်းမှာ စာအုပ်ထွက်တာတော့ တွေ့လိုက်တယ်.

  16. nandar aye said,

    Wrote on January 25, 2010 @ 2:31 pm

    နာကျတော့ အကျီင်္ကလွဲလို့ ဘာမှလည်းမရပါလား

  17. MITP Thin Gyan Singapore 2010 « My Burmese Blog said,

    Wrote on April 13, 2010 @ 1:40 am

    [...] Gifts from Yangon MITP Event [...]

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: