Public Enemies
Public Enemies ဆိုတဲ့ ဇာတ်ကား ကို လွန်ခဲ့တဲ့ ၃ ရက်လောက်က ကြည့်ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကား အရင်ကတည်းက trailer ကြည့်ခဲ့ဘူးပါတယ်.. ထွက်တာကတော့ ၃ လလောက်ရှိပြီထင်တယ်။ ရန်ကုန်မှာတောင် ရုံတင်ခဲ့ပြီးသွားပြီ။ ဇာတ်ကားမှာ Johnny Depp နဲ့ Batman ကားကမင်းသား Christian Bale ပါပါတယ်။ ဇာတ်ကားက အရင် 1930 လောက်ကလိုပုံစံမျိုး ကာလာကအစ အဲဒီအတိုင်းရိုက်ထားတာပါ။ ဖြစ်ရပ်မှန် အမေရိကန် ဘဏ်ဓားပြ John Dillinger အကြောင်း ရိုက်ထားတာပါ။ Dillinger ဆိုတဲ့ နာမည်ကိုတော့ အရင်ကတည်းက ကြားဖူးပါတယ် Metal band တစ်ခုတောင် ရှိသေးတယ် Dillinger Escape Plan တဲ့။ ဇာတ်ကားကလဲ ကောင်းပါတယ် နောက် Dillinger အကြောင်းကိုလဲ စိတ်ဝင်စားမိတယ်။
ဒါနဲ့ ဇာတ်ကားကြည့်ပြီးတော့ စိတ်ဝင်စားလို့ ရှာဖတ်ကြည့်တော့ John Dillinger အကြောင်းကို ဖတ်ရပါတယ်။ John Dillinger (1902~1934), American Criminal တစ်ယောက်ဖြစ်ပါတယ်။ ရာဇ၀တ်မှုတွေနဲ့ အမေရိကန်နိုင်ငံမှာ ကျော်ကြားခဲ့တယ် ဓားပြ တိုက်တာက ၁၃ လအတွင်း 1933 ကနေ 1934 ကာလလောက်ပဲ ရှိတယ်။ သူ့ရဲ့ ပထမဆုံး ဓားပြမှုက 1924 မှာ စလုပ်တာခဲ့ပြီး အဲဒီအတွက် ထောင်ထဲမှာ ၉ နှစ်လောက်နေခဲ့ရတယ်။
ထောင်ထဲမှာ ရှိနေတုန်းကို Dillinger က Gang အဖွဲ့တစ်ခု ဖွဲ့ခဲ့ပါတယ်။ Baby Face လို့ခေါ်တဲ့ Nelson နဲ့ Pretty Boy Floyd တို့ အပါအ၀င်ပါ။ သူတို့တွေက နောက်ပိုင်းမှာ FBI နဲ့တွေ့တော့ အသတ်ခံခဲ့ရပါတယ်။ သူတို့အဖွဲ့တွေက ထောင်ကနေထွက်ပြေးခဲ့ပြီးတဲ့ နောက်ပိုင်း ဘဏ်ပေါင်း ၁ ဒါဇင် ကျော်ကျော်ကို ဓားပြတိုက်ခဲ့တာပါ။ နောက်ပိုင်း 1933 လောက်မှာ Bureau Of Investiagation (အခု Federal Bureau Of Investigation, FBI) က J. Edgar Hoover (Hoover က ဇာတ်ကားထဲက Christian Bale သရုပ်ဆောင်တဲ့နေရာ မဟုတ်ပါဘူး သူ့ရဲ့ အထက်က အရာရှိပါ) က အသဲအသန်လိုက်ခဲ့ပြီး Bureau က Dillinger ကို “Public Enemy Number One” လို့ သတ်မှတ်ခဲ့တယ်။
Dillinger နာမည်ကြီးတဲ့ အချိန်က ဖြစ်ရပ်တစ်ခုကလဲ လူအများပြောစရာဖြစ်ခဲ့သေးတယ်။ သူ Crown Point, Indiana ပြည်နယ်မှာ ရဲတစ်ယောက်ကို သတ်ခဲ့တဲ့ အမှုနဲ့ အချုပ်ကျနေတုန်းက သစ်သားနဲ့လုပ်ထားတဲ့ အရုပ်သေနတ်နဲ့ ရဲစခန်းက ထွက်ပြေးဘူးတယ်။ Dillinger က နောက်ပိုင်းမှာ ၀ရမ်းပြေးအဖြစ်နဲ့ Chicago, Illinois ဘက်တွေရောက်တုန်းက ပလစတစ် ဆာဂျင်နဲ့ မျက်နှာပြုပြင်၊ လက်ဗွေရာတွေ ပြင်ဖို့ လုပ်ခဲ့သေးတယ်။ နောက်ပိုင်းတော့ Dillinger က July 22 ရက်မှာ Federal Agents တွေနဲ့ ချိတ်ဆက်ထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကဇာတ်ရုံကို သွားကြည့်ခဲ့တယ်။ အဲဒီမှာ အမျိုးသမီးက အနီရောင်ဝတ်ပြီး Federal Agents တွေကို အချက်ပေးပြီး Dillinger ကို အသေသတ်ဖမ်းခဲ့ပါတယ်။ အဲဒီ အမျိုးသမီးကတော့ ဆုအဖြစ် ဒေါ်လာ $50,000 ရခဲ့ပြီး “Lady In Red” လို့ လူသိများခဲ့တယ်။ ဒါပေမယ့် သမိုင်းလေ့လာသူတွေ အများစု ပြောကြတာကတော့ Theater အရှေ့မှာ အသတ်ခံခဲ့ရတာ Dillinger မဟုတ်ပါဘူးလို့ ဆိုကြပါတယ်။
အခု အပေါ်ကရေးခဲ့တဲ့ Dillinger biography နဲ့ ဓာတ်ပုံတွေကို Encarta က ဖတ်ခဲ့ရတာပါ။ ဆက်ပြီး သိချင်ရင် Wikipedia မှာလဲ ရှိပါဦးမယ်။
Public Enemies ကားထဲမှာတော့ action ခန်းတွေ အပြည့်နဲ့ တော်တော်ကြည့်ကောင်းပါတယ်။ နောက် sound အရမ်းကောင်းတယ်။ Dillinger ရဲ့ တောထဲက အိမ်ကို ရဲတွေ ညဘက်ဝင်စီးတဲ့ အခန်းမျိုးဆို သေနတ်သံတွေ sniper သံတွေနဲ့ ကြည့်လို့အတော်ကောင်းပါတယ်။ လောလောဆယ်တော့ အဲဒီကားကြည့်ပြီး tommy gun တစ်လက်လောက် ပစ်ကြည့်ချင်စိတ်တွေ ဖြစ်နေတယ်။ ဘဏ်တော့ ဓားပြတိုက်ဖို့ အစီအစဉ်မရှိပါဘူး =D ပျော်ရွှင်ပါစေ။ ။



ဏီ(န်)ကင်း said,
Wrote on November 12, 2009 @ 9:15 am
ကြည့်နေတာ..မပြီးသေးဘူး…ဇာတ်လမ်းထဲမှာကောင်မလေးနဲ့ကြိုက်တဲ့အခန်းရောက်ပြီ.. ဟိ ဟိ
Like or Dislike:
0
0
madyjune said,
Wrote on November 27, 2009 @ 5:54 pm
Public Enemies was the last movie I watched at the cinema. I only watched it because of Johnny Depp but I also like Christian Bale in the movie. I especially like the near-ending scene when Dillinger went right into the FBI building. It was sad that he chose to die although he could have got away.
Like or Dislike:
0
0