Secret Behind Graphic Design
ဒီနေ့တော့ ကျွန်တော် အရင်လို အရေမရအဖတ်မရ သတင်းတွေ သီချင်းတွေ personal တွေ မရေးတော့ပဲ tutorial သဘောမျိုးလေးရေးပါရစေ။ တကယ်တော့ ကျွန်တော်တတ်လို့ရေးတာ မဟုတ်ပဲ သိသလောက်သာဖြစ်ပါတယ်။ အရင်ကတည်းက ဆရာလုပ်တယ်ထင်မှာစိုးလို့ အဲဒါမျိုးလဲ သိပ်မရေးဖြစ်ပါဘူး အခုနောက်ပိုင်းတော့ နည်းနည်းချင်းစီ ဆရာလုပ် အဲလေ ရေးသွားမယ်လို့ စဉ်းစားထားပါတယ်။ အခုရေးမယ် အကြောင်းကတော့ Graphic Design အကြောင်းပါ။ ဘယ် ဆော့ဝဲ၊ ဘယ် tools အတွက်ရယ်လို့ မဟုတ်ပဲ ကျွန်တော့်ရဲ့ ကြောင်တောင်တောင် အတွေးအခေါ်တွေလို့ ပြောချင်ပြောလို့ရပါတယ်။
နဲနဲကြောင်တောင်တောင်နိုင်ပေမယ့် သေသေချာချာတွေးပြီး software, tools တစ်ခုခုကို သုံးနိုင်လောက်တဲ့ အခြေအနေရှိရင် designer လုပ်လို့ရပါတယ်။ စိတ္တဇ အတွေးအခေါ်တွေမို့ ကြောင်တောင်တောင်ပါပဲ။ ကျွန်တော်ရေးတဲ့ အကြောင်းတွေကိုတော့ ဘာကြောင့်လဲဆိုတဲ့ ဟာမျိုးကို သေသေချာချာ စဉ်းစားလို့ အဖြေရသွားရင် design မှာ အထောက်အကူဖြစ်လောက်ပါရဲ့။ အခုပဲ စရေးလိုက်ပါတော့မယ်….
1 မျက်စိမမြင်တဲ့သူဘယ်သူကမှ ခင်ဗျား design အရမ်းလှတာပဲလို့ မပြောဘူး။
2 မျက်စိက အာရုံငါးပါးမှာ တစ်ခုပဲ အလုပ်လုပ်တယ်…
3 မျက်စိက အပျော့၊ အမာမသိဘူး ဦးနှောက်ကသာ အဲဒါကို ဆုံးဖြတ်တယ်။
4 လူမျက်စိက ငါးမျက်စိ မဟုတ်တဲ့အတွက် သူ့ရှေ့နဲ့ဘေး ပတ်ပတ်လည် 180′ မမြင်နိုင်ဘူး တစ်ချိန်မှာ တစ်ခုကိုပဲ focus လုပ်တယ်။
5 မျက်စိက တစ်ချိန်မှာ တစ်ခုကိုပဲ focus လုပ်ပေမယ့် ၅ စက္ကန့်လောက် အတွင်းမှာ focus အများကြီးပြောင်းနိုင်တယ်။ အဲဒါမျိုးကို ထည့်တွက်ရမယ်။
6 လူအများစုက မျက်စိ ၂ ဖက်လုံးမြင်ရတယ်။ ၁ ဖက်ပဲမြင်တဲ့သူက နည်းနည်းပဲရှိတယ်။ လုံးဝမမြင်ရတဲ့သူက ခင်ဗျား ဒီဇိုင်းကို မကြည့်ဘူး။
7 အလင်းရှိရင် အရာဝတ္ထုတွေကို မျက်စိနဲ့ မြင်ရတာက အဲဒီ အရာဝတ္ထုတွေက အလင်းကိုစုပ်ယူပြီး ပြန်ထုတ်ပေးလို့ ဖြစ်တယ်။
8 အလင်းဆုံးအရောင်က အဖြူရောင်ဖြစ်ပြီး အမှောင်ဆုံးအရောင်ဟာ အနက်ရောင်ဖြစ်တယ်..
9 အနီးနားမှာ တိုက်တွေရှိရင် အဲဒီတိုက်ကိုကြည့်ပါ အဲဒီတိုက်မှာ ပြတင်းပေါက်၊ တံခါးပေါက်၊ ၀ရန်တာပေါက်တွေရှိရင် ကြည့်လိုက်ပါ။ ခင်ဗျား ဘာလို့ အဲဒီ အပေါ်ကဟာတွေက ကိုင်မကြည့်ပဲ အပေါက်တွေ အချိုင့်တွေလို့ သိလဲ။
10 လောကမှာ ဘယ်အရောင်မှ solid color အနေနဲ့ ရှိမနေဘူး။
11 ခင်ဗျားမြင်တဲ့အရောင်တွေက သူ့ဘေးနား ပတ်ဝန်းကျင်ကအရောင်တွေပေါ်မူတည်ပြီး ပြောင်းနေတယ်။
12 အနီးအဝေးကို အရောင်က ဆုံးဖြတ်တယ်…
13 အပျော့၊ အမာ တွေကို texture နဲ့ဆုံးဖြတ်တယ်…
14 မျက်စိကမြင်တာကို ဦးနှောက်ကို သတင်းပို့ လိုနေတဲ့ အပိုင်းကို သူ့ဖာသာ ဖြည့်တွေးတယ်…
15 ခင်ဗျား မျက်စိက ပုံမှန်ဖြစ်နေကြ သမားရိုးကျတွေကို အစလောက်သာကြည့်ပြီး အဆင့်ကျော်တယ်…
ဒီလောက်ဆို ဒီဇိုင်းအကြောင်းနဲနဲလောက်တော့ နားလည်ပြီ ထင်ပါတယ်။ အပေါ်က ကျွန်တော်ရေးခဲ့တာတွေက မိတ်ဆွေ မျက်လုံးပုံမှန်လုပ်နေတဲ့ အရာတွေပါပဲ.. သတိမထားမိမှာ စိုးလို့ ပြန်ရေးလိုက်တာပါ။ ဒီဇိုင်းလုပ်မယ်ဆို ဒီဇိုင်းကို အရင်မလေ့လာပါနဲ့ ဒီဇိုင်းရဲ့ ဇစ်မြစ်ကို အရင်လေ့လာပါ။ ကျွန်တော်ပြောခဲ့သလိုပဲ မျက်စိမမြင်တဲ့သူ ဘယ်သူကမှ ဒီ design လေး သိပ်လှတာပဲလို့ မပြောဘူး။ အကြံပေးရရင်တော့ သတိနဲ့ နေပါ။ သတိကပ်ထားပြီး ကြည့်ပါ။ အကောင်းဆုံးကတော့ တရားထိုင်ပါ။ တရားထိုင်ပါဆိုလို့ ကျွန်တော် တရားလဲ ထိုင်တယ် ဂရပ်ဖစ်ဒီဇိုင်းလဲ ကျွမ်းတင်မထင်နဲ့နော်။ တစ်နေ့တစ်နေ့ ဘာမှ မလုပ်ဘူး အိပ်လိုက် အခွေကြည့်လိုက် ဂိမ်းဆော့လိုက် ဂစ်တာတီးလိုက် ပဲလုပ်တယ်။






Pascal said,
Wrote on November 26, 2009 @ 8:50 pm
10 လောကမှာ ဘယ်အရောင်မှ solid color အနေနဲ့ ရှိမနေဘူး။
စဉ်းစားနေတာ ဟုတ်မှ ဟုတ်ရဲ့လားလို့။ ဒါပေမယ့် ဟုတ်ချင်လဲဟုတ်မှာပေါ့။
Htoo Tay Zar said,
Wrote on November 26, 2009 @ 8:59 pm
@ Pascal ~ ကျွန်တော်ထင်တဲ့ အယူအဆ ပြောတာပါ =D အပြင်မှာ ကျွန်တော်တို့ ကားအနီရောင်ဆိုလဲ ကြည့်လိုက်ရင် ပတ်ဝန်းကျင် အရောင်သက်ရောက်နေတယ်လေ gradient တွေ ကြည့်ပဲ ဘေးနားကလူတွေ အကျီအဖြူရောင်ဝတ်ထားလဲ တချို့နေရာမှာ တွန့်ပြီး အရိပ်ကျနေတာမျိုးနဲ့ မီးခိုးရောင် ဖြစ်နိုင်တယ် ထင်တယ်.. အဖြူရောင် သုတ်ထားတဲ့ တိုက်ကြီး တစ်ခုကိုကြည့်ရင်လဲ အဖြူရောင် solid #fff အနေနဲ့ မဟုတ်ပဲ မသိမသာ အရောင်လေးတွေ ကွဲနေတာရှိမယ်ထင်တယ် ကျွန်တော်ထင်တာ နေအလင်းရောင် လျှပ်စစ်မီးရောင် ပတ်ဝန်းကျင်က အရောင် တွေက ဘယ်ကိုပဲ အလင်းကျကျ သူတို့နဲ့ နီးတာဝေးတာကိုလိုက်ပြီး အရောင်က မသိမသာလေး dark ဖြစ်သွားတယ် လို့ ယူဆထားတယ်..
winkabar said,
Wrote on November 27, 2009 @ 5:53 am
မှန်လိုက်တဲ့ အချက်တွေပါလား ..
Talkii said,
Wrote on November 27, 2009 @ 7:05 am
ကိုမျက်လုံးက အဲသလောက်တောင် အလုပ်လုပ်သလား။
Khine Khine said,
Wrote on November 27, 2009 @ 11:49 pm
ဒါတွေကို ဘယ်လိုများ Research လုပ်ခဲ့တာလဲ.
ဒီဇိုင်းလုပ်မယ်ဆို ဒီဇိုင်းကို အရင်မလေ့လာပါနဲ့ ဒီဇိုင်းရဲ့ ဇစ်မြစ်ကို အရင်လေ့လာပါ။
အဲဒီ စကားကတော့ တကယ်မှန်တယ်.
Htoo Tay Zar said,
Wrote on November 28, 2009 @ 3:08 pm
@ sis winkabar ~ မြှောက်ပေးပါ ဒါမှ မြောက်သွားအောင် လို့
@ Talkii ~ ဟုတ်တယ် ကိုမျက်လုံး တော်တော် အလုပ်လုပ်ပါတယ်.. ဂိမ်းလဲဆော့သေးတယ်
@ Sis Khine Khine ~ Research အနေနဲ့ကတော့ ကြောင်တောင်တောင်နေပြီး မေးပွတ်လိုက် ခေါင်းကုတ်လိုက်နဲ့ လုပ်ယူပါတယ်