Apple never use any rude image for Advertisement
လွန်ခဲ့တဲ့လတွေကတည်းက အွန်လိုင်းမှာ လူပြောများနေတဲ့ Apple က မိုက်ရိုင်းတဲ့ iPod ကြော်ငြာဆိုတဲ့ ဟာအကြောင်းပြောချင်လို့ပါ။ အရင်ကတည်းက မရေးခဲ့ပေမယ့် အခု community site တစ်ခုမှာ ထပ်တွေ့ပြန်လို့ စရေးဖြစ်ပါတယ်။ အရင်ကတည်းကမရေးတာက ရေးပြန်ရင် ကျွန်တော် Apple ရူးရူးနေလို့ ကြောင်နေတယ် ပြောနေမှာ အခုတော့ အဲဒီပုံကို ခဏတိုင်းတွေ့နေရလို့ ရေးဖြစ်ပါတယ်။ ပုံကိုတော့ ကျွန်တော့်ဆီမှာ မတင်ထားတော့ဘူး ပုံက မြတ်စွာဘုရား ပုံတော်လက်ထဲမှာ iPod touch တစ်လုံးထည့်ထားပြီး မျက်နှာတော်ကို Apple က Jony Ive ပုံကို အစားထိုးထားတာပါ။
ပုံကိုကြည့်ကတည်းက Apple ကလုပ်တာမဟုတ်မှန်းသိသာပါတယ် ဒါပေမယ့် ပုံမှာ Apple Design VP ~ Jony Ive (Jonathan Ive) ဆိုပြီးပါနေတော့ တွေ့တဲ့ သူတိုင်းက Apple က လုပ်တယ်ပဲထင်ကြတယ်။ အမှန်က အဲဒါက Gizmodo က ဒီဇိုင်းနာက လုပ်ထားတာပါ။ Apple က အဲဒီလိုပုံမျိုးမပြောနဲ့ အခြား ထူးဆန်းဆန်းမျိုးတောင် သုံးလေ့ မရှိပါဘူး သူ့ကြော်ငြာတွေအားလုံးက minimalistic ဒီဇိုင်းနဲ့ပဲ လုပ်ပါတယ်။ အဖြူရောင်နောက်ခံကို အများဆုံးထားလေ့ရှိပါတယ်။ Product ကို focus လုပ်ထားတတ်ပါတယ်။ Apple ကြော်ငြာတွေ အကုန်နီးပါးလောက် ကျွန်တော်မှာ ရှိတယ် ကြည့်ဖူးပါတယ် အဲဒါမျိုး အိုင်ဒီယာနဲ့ ကြော်ငြာတာ မတွေ့ဖူးပါ။ နောက် အပေါ်က ပြောခဲ့တဲ့ ကြော်ငြာဆိုတာကိုလဲ အခြား ဘယ်နေရာမှ မတွေ့ရဘဲ Fast Company .com ဆိုတဲ့ ဆိုဒ်မှာပဲတွေ့ရပါတယ်။ တကယ်သာ Apple ကြော်ငြာဖြစ်ခဲ့ရင် နေရာအနှံ့မှာတွေ့ သင့်တာပေါ့။
နောက်တစ်ခုက ပုံမှာပါနေတဲ့ Jonathan Ive ဆိုတာက Apple က Hardware Design ပိုင်းက Vice President ဖြစ်ပါတယ်။ Graphic Designer မဟုတ်ပါဘူး။ Graphic Designer, Hardware Designer, Fashion Designer, Database Designer စတာတွေက အလုပ်တွေ တခြားစီပါ။ Jony Ive က လက်ရှိ iPod, iPhone, iMac, MacBook တွေ ဒီဇိုင်းကို တီထွင်ခဲ့တဲ့ သူပါ။ အွန်လိုင်းမှာ Apple က ဗီဒီယိုတွေ ကြည့်ရင်လဲ သူ့ product hardware design တွေ အကြောင်းရှင်းပြထားတာ တွေ့ရပါလိမ့်မယ်။ နောက် တစ်ခုက Apple ရဲ့ CEO Steve Jobs က ဗုဒ္ဒဘာသာဝင်တစ်ယောက်ပါ။ အနောက်တိုင်းက သူတွေက ဗုဒ္ဒဘာသာဝင်ရှားပေမယ့် ရှိခဲ့ရင် အဲဒီလူတွေဟာ တကယ်ကို ယုံကြည်လို့ ၀င်ကြတာဖြစ်ပြီးတော့ ဒီက မိရိုးဖလာ ဗုဒ္ဒဘာသာဝင်တွေ ထက် အများကြီးသာပါတယ်။
ပညာရှိ သတိဖြစ်ခဲဖြစ်မှာလဲစိုးပါတယ်။ ပြောပြချင်ပါတယ် ဘုရားရဲ့ ကာလာမသုတ် ကို မမေ့ကြဖို့ပါ။ နောက် လိုက်နာဖို့လဲလိုပါတယ်။ မြင်ယုံနဲ့ မယုံပါနဲ့ ကြားရုံနဲ့လဲ မယုံပါနဲ့ လက်တွေ့ကျမှ ယုံပါ။ ဘုရားကို ကြည့်ညိုရင် ဘုရားဟောခဲ့တာကို အတတ်နိုင်ဆုံးလိုက်နာဖို့လိုပါတယ်။ နောက် ဂျာနယ်တွေ မဂ္ဂဇင်းတွေက စာတွေလဲ မယုံပါနဲ့ အွန်လိုင်းက စာတွေကြည့်ပြီးလဲ မယုံပါနဲ့ ကိုယ်တိုင်ဖြစ်နိုင်မဖြစ်နိုင် စဉ်းစား၊ လက်တွေ့လုပ်ကြည့်ပြီးမှ ယုံပါ။ အခုတလောမှာ printed media တွေမှာပါတဲ့ နည်းပညာ သတင်းတွေက မှားနေတာတွေ တော်တော်များနေတာ သတိထားမိပါတယ်။ နောက် အွန်လိုင်းက tips & tricks တွေကိုလဲ မယုံပါနဲ့လို့ ပြောချင်ပါတယ်။





saturngod said,
Wrote on December 14, 2009 @ 9:19 am
haha.. great… ငါလည်း ပြောချင်နေတာ… လူတွေက ထင်ရာ မြင်ရာ စွတ်ပြောနေကြလို့… ကိုယ်က apple မို့လို့ အဲလို ကာကွယ်ပြောတယ် ထင်ကြပြန်ကော.. ခက်တယ်.. နောက်တချက်က Steve Job က ဗုဒ္ဓဘာသာ ဆိုတာကိုတော့ သဘောပေါက်သင့်တယ်..
Like or Dislike:
0
0
Sean said,
Wrote on December 14, 2009 @ 9:28 am
haha great…now we don’t need to write posts after posts to explain things
Like or Dislike:
0
0
ဏီ(န်)ကင်း said,
Wrote on December 14, 2009 @ 11:49 am
အစကတည်းကမဟုတ်မှန်းသိလို့..အဲဒိအီးမေးကို delete လုပ်လိုက်တာကြာပေါ့…။
Apple လိုကုပ္မဏီကြီးကဘာသာရေးကိုခုတုန်းမလုပ်ဘူး…(ဗုဒ္ဓဘာသာမှမဟုတ်)
ဆိုတာခန့်မှန်းမိပြီးသားပါ..steve job ဗုဒ္ဓဘာသာဆိုတာတော့အခုမှသိတယ်
Like or Dislike:
0
0
kilo said,
Wrote on December 14, 2009 @ 6:10 pm
ရှင်းလင်းပြီး သဘောပေါက် သွားတယ်
ရ ထဲ က အဲဒီ ပုံ ကို ဖျက်လိုက်တယ် .. fwd မလုပ်ဘူး
Like or Dislike:
0
0
saturngod said,
Wrote on December 14, 2009 @ 9:21 pm
Steve Job ဗုဒ္ဓဘာသာ ဟုတ်မဟုတ် wiki မှာ ကြည့် သိတယ်.. ခရစ်ယာန်တွေ ဘာမှမကိုးကွယ်တဲ့ များတဲ့ နိုင်ငံမှာ Steve Job ကို ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်နေတယ်ဆိုတာ သူဘယ်လောက် ယုံကြည်လဲဆိုတာကို ပြနေတာပါ။ မိရိုးဖလာ မဟုတ်ပဲ အခုလို ဗုဒ္ဓဘာသာ ဝင်ဖြစ်တာကို လေးစားဖို့ကောင်းတယ်။ ဒါကြောင့် ငါ Mac Book pro ဝယ်တာ..
Like or Dislike:
1
0
Saturngod» Blog Archive » Today Link that I like said,
Wrote on December 14, 2009 @ 10:07 pm
[...] Apple never use any rude image for Advertisement [...]
Like or Dislike:
0
0
Min Naing Oo said,
Wrote on December 14, 2009 @ 10:59 pm
ရှင်းပြတာကျေးဇူးပါကိုထူးတေဇာ
Like or Dislike:
0
0
kom said,
Wrote on December 15, 2009 @ 1:09 am
Like or Dislike:
0
0
Leojack said,
Wrote on December 15, 2009 @ 7:13 pm
Nice post. Now I can give link to this post who forward mail to me.
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on December 15, 2009 @ 8:44 pm
@ Ko Saturn ~ ကိုစေတန် MacBook Pro ၀ယ်တဲ့အကြောင်းပြချက်က ဆိုင်လဲ မဆိုင်ဘူး
ပြီးတော့ iWork ကို ပိုက်ဆံပေးပြီးတောင် ၀ယ်လိုက်သေးတယ် =D
@ Sean ~ I saw your comment on MITPros =D Thanks a lot for comment =D
@ ဏီ(န်)ကင်း ~ Yes, I’ve got forward mail too.. thanks a lot for comment
@ kilo ~ Thanks for your comment & visiting ;D
@ Min Naing Oo ~ I would like to say thank you for commenting too =D
@ Sister KOM ~
@ Leojack ~ Thanks a lot for pointing this post friend =D
Like or Dislike:
0
0
ဘာညာ said,
Wrote on December 15, 2009 @ 8:58 pm
တေဇာလေး.. ဟုတ်တယ်..
Internet ပေါ်က misinformation တွေကကြောက်ရတယ်..
Like or Dislike:
0
0
zawzaw said,
Wrote on December 16, 2009 @ 5:00 pm
တေဇာလေး သုံးသပ်တင်ပြချက်များကောင်းတယ်။
Like or Dislike:
0
0
tsunalade said,
Wrote on December 18, 2009 @ 7:19 pm
ဟုတ် ကိုထူးတေဇာရေ ကျေးဇူးပါ
Like or Dislike:
0
0
မောင်လှမှိုးဆွေ said,
Wrote on January 19, 2010 @ 4:48 am
ကျေးဇူးပဲ ကိုထူးတေဇာရေ။
ကျွန်တော်လဲ တွေ့ခါစက အရမ်းကို ဒေါသထွက်သွားတာပဲ။
အခုတော့တရားနဲ့ပဲ ဖြေလိုက်ပါတော့မယ်။
တရားတော်မှာလဲ ရှိတယ်လေ။ အကြင်သူသည် မကောင်းမှုအကုသိုလ်ကို ပြုလုပ်ပါက ထိုအကုသိုလ်၏ အကျိုးဆက်သည် ထိုသူ၏နောက်သို့ စဉ်ဆက်မပြတ် လိုက်လေသည်။
လှည်းဘီးသည် နွားခြေရာနောက်သို့ ထပ်ကြပ်မကွာ လိုက်သကဲ့သို့ပင်တည်း၊ ဆိုတဲ့ စာပိုက်ကလေးကို သွားသတိရမိတယ်ဗျာ။
Like or Dislike:
0
0
ဘုန်းကြီး said,
Wrote on December 23, 2010 @ 9:41 pm
ပထမကိုစေတန်ကို ကျေးဇူးတင်သဗျာ။ ဒုတိယ မောင်ထူးတေဇာ။ တတိယ ငါ့ကိုငါ။
ဟ ဘာတုံးဟ။ ဘာကြီးလဲဟ-လို့ တွေးစရာပေါ့ဗျာ။ ကောင်းကောင်းမမှတ်မိဘူး။ အဲဒီ ပုံတော်ကိစ္စ မနှစ်ကတော့သေချာတယ်။ ဒီကုလားပြည်မှာ သဒ္ဓါတရားအားကောင်းတဲ့ ရဟန်းကောင်းလေး တစ်ပါးရှိတယ်။ သူက ရတနာခြောက်ပါးကို ကိုးကွယ်တယ်။ ခြောက်ပါးမြောက်က apple ပေါ့ဗျာ။ အဲဒါ သူအဲဒီပုံကို တွေ့လာပြီး ငါ့အခန်းထဲ ရောက်လာတယ်။ ဦးဇင်းတပည့်တော် စိတ်ဆင်းရဲလွန်းလို့ စကားနည်းနည်းပြောမလို့တဲ့။ ငိုသံစွက်နေတယ်။ အမှန်က ရင်ထဲက အပူတွေက မျက်လုံးထိတက်လောင်ပြီး မျက်စိတွေအရည်ပျော်နေတာ(မျက်ရည်)။ လူငယ်တစ်ယောက်ရဲ့ စံနှစ်ခုက ထိပ်တိုက်တွေ့ပြီး ပေါက်ကွဲသွားတယ်ထင်တာပဲ။ ပြောဗျာဆိုတော့….အဲဒီဓာတ်ပုံကိစ္စပဲ။ ငါကတော့ ဘာမှ မဖြစ်သလိုဆိုတော့ သူ့ကို ဘာပြန်ပြောရမှန်းမသိဘူး။ အဲဒီအချိန်ကသာ ထူးတေဇာတို့ စေတန်တို့ကို သိလိုက်ရင် ဒီကလေး ဒီလောက် စိတ်ဆင်းရဲရမှာ မဟုတ်ဘူး။ အခုမှတော့ ဒီပို့က အသုံးမကျတော့ဘူးလို့ ထင်မိတာနဲ့ အဲဒီကလေးဆီ ဖုံးဆက် မေးကနေ ဒီဆိုက်လိပ်စာကို ပို့လိုက်တယ်။
အခု ငါ အဓိကပြောချင်တဲ့ စကားကို ရောက်ပြီးဗျာ။ ငါပြောတာ မဟုတ်ပါဘူး။ အဲဒီ ဦးဇင်းလေး ပြန်ပြောတဲ့စကားပါ။
”ဦးဇင်း ဒီဘလော့ကြောင့် တပည့်တော်ရဲ့ အကြီးမားဆုံး သောကဆူးတစ်ချောင်းကို နှုတ်နိုင်သွားပြီ”တဲ့
အေး အဲသကြောင့် ဒကာတော်ရေမြေ့ရှင်(မြှောက်တာမဟုတ် ဘယ်သူဖြစ်ဖြစ် သေရင် ရေနှင့်မြေ လေးပေလောက်ဆီ တစ်နေရာရာတော့ပိုင်တယ်) မောင်ထူးတေဇာကျေးဇူးဗျာ။
Well-loved. Like or Dislike:
3
0