hit counter

Welcome to BarCamp!!

BarCamp Logo

What is BarCamp?

BarCamp ဆိုတာ သီးသန့်နာမည် တစ်ခုဖြစ်ပြီးတော့ ad-hoc gathering, open environment, intense event လို့ သိကြပါတယ်။ BarCamp ကို နိုင်ငံတကာမှာ ပြုလုပ်ကြပြီးတော့ မြို့နာမည်နဲ့တွဲပြီးသာ ပြုလုပ်လေ့ရှိပါတယ်။ BarCamp ရဲ့ သိသာထင်ရှားတဲ့ အချက်တွေ ရှိပါတယ် အဲဒါတွေကတော့ -

  1. ~ Open And Free
  2. ~ No Spectators, Only Participants
  3. ~ No pre-scheduled presentations
  4. ~ Free to choose which presentations to see
  5. ~ Live update
This is BarCamp!! =D

This is BarCamp!! =D

BarCamp တွေ အောင်မြင်ရခြင်း အကြောင်းအရင်းကတော့ ပုံမှန် conference သဘောမျိုးမဟုတ်ပဲ လွတ်လွတ်လပ်လပ် ကိုယ် ၀ါသနာပါရာ အစုအဖွဲ့တွေလိုက် ဆွေးနွေးနိုင်ကြပြီး speakers, listeners ရယ်လို့ ခွဲခြားထားတာမျိုး မရှိတာဖြစ်ပါတယ်။

What can People do at the BarCamp?

BarCamp မှာ ဘာတွေလုပ်လို့ ရနိုင်သလဲဆိုရင် camping ထွက်သလို သဘောမျိုးပါပဲ အားလုံးက မသိတာတွေကို သိတာတွေကို share လုပ်ကြမယ်။ အချင်းချင်းဆီကနေ မသိတာတွေ သင်ယူကြမယ်၊ ဆွေးနွေးကြမယ်။ Demonstration တွေလုပ်ပြကြမယ်။ တစ်ယောက်နဲ့ တစ်ယောက် tools တွေ ဖလှယ်ကြပါမယ်။ နောက် အားလုံးစုပြီး ပျော်ပျော်ပါးပါး အားလက်ရက်မှာ အပန်းဖြေခရီးထွက်သလို အပန်းဖြေကြပါမယ်။

What do I need to join?

BarCamp မှာ ပါဝင်ဖို့ ဘာတွေလိုမလဲဆိုရင် ပထမဆုံး လိုအပ်တာက အားလုံးနဲ့ အတူ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်၊ BarCampers တွေ အချင်းချင်း ချစ်ခင်ရင်းနှီးမှုတွေ ရှိလာဖို့ လိုအပ်ပါတယ်။ Optional အနေနဲ့ online ကနေ register လုပ်ဖို့လဲ လိုအပ်ပါတယ်။ Register မလုပ်လဲ လာလို့ရပါတယ်၊ ပူးပေါင်းပြီး ပျော်ပျော်ပါးပါး ဆွေးနွေးလို့ ရပါတယ်.. register လုပ်ရတဲ့ ရည်ရွယ်ချက်က ပွဲနေ့တွေမှာ လက်ဆောင်ပစ္စည်းတွေ ပေးဖို့အစီအစဉ်တွက်သာ ဖြစ်ပါတယ်။

BarCampers တစ်ယောက် ဖြစ်ဖို့အတွက် ပွင့်ပွင့်လင်းလင်းနဲ့ အပေါင်းအသင်းတွေ တိုးလာဖို့ရည်ရွယ်ထားရပါမယ်။ နောက်ထပ်လိုအပ်တာတွေကတော့ twitter လို microblogging, instant texting အကောင့်ရှိဖို့ လိုအပ်ပါမယ်။ ဘာလို့လဲဆိုရင် ပွဲနေ့မှာ BarCampers တွေ အကျီမှာ ကိုယ့်ရဲ့ twitter account ကို sticker နဲ့ ကပ်ပေးမှာဖြစ်ပြီး BarCamper အချင်းချင်း မြင်ရုံနဲ့ အွန်လိုင်းကနေ ချိတ်ဆက်နိုင်ဖို့ ဖြစ်ပါတယ်။ နောက် ပွဲနေ့မှာ BarCampers တွေ အားလုံး update လုပ်သမျှ twitter messages တွေ အားလုံးကို Projector နဲ့ BarCamp Yangon web site မှာ live တင်ပေးနေမှာ မို့ပါပဲ။

BarCamper အနေနဲ့ ပွဲနေမှာ laptop, PDA, SmartPhone, HandPhone, External Hard Disk, Memory Stick တွေ ရှိရင်ယူခဲ့ဖို့ကိုလဲ တိုက်တွန်းပါတယ်။ ပွဲနေ့တွေမှာ Campus Area တစ်ခုလုံးကို Wifi free ပေးထားမှာ ဖြစ်ပြီး BarCampers တွေ အချင်းချင်း Softwares, SDK, IDE, eBook တွေ share လုပ်ကြမယ့် file server တွေလဲ ထားပေးထားမှာ ဖြစ်ပါတယ်။ နောက်ဖြစ်နိုင်ရင် power source အတွက် extension cable မျိုးတွေ ပါလာရင်တော့ ပိုကောင်းပါလိမ့်မယ်။

BarCamp Around The World

BarCamp ကို အခုလက်ရှိ အချိန်ထိ နိုင်ငံတကာက မြို့တွေ အသီးသီးမှာ အကြိမ်ပေါင်း ၅၀၀ ကျော်ပြုလုပ်ခဲ့ကြပြီးပါပြီ။ ပြုလုပ်ခဲ့တဲ့ မြို့ပေါင်းက ၃၅၀ ကျော်ရှိခဲ့ပါပြီ အခု အဲဒီ မြို့တွေထဲမှာ တစ်ခု အပါအ၀င် ဖြစ်လာမယ့် BarCamp Yangon ကို 2010 ခုနှစ် အစောပိုင်းမှာ ပြုလုပ်တော့မှာ ဖြစ်လို့ အားလုံးကို ပါဝင်ကြဖို့ တိုက်တွန်းပါရစေ။ အခြား BarCamp နဲ့ ပက်သက်ပြီး သိချင်တဲ့ အကြောင်းအရာတွေ၊ အကြံပြုလိုတာတွေ ရှိခဲ့ရင် ကျွန်တော်ဆီကို email ပေးပို့နိုင်ပါတယ်။

နောက်ဆုံး အနေနဲ့ကတော့ BarCamp ရဲ့ လက်သုံးစကားလေးနဲ့ အားလုံးကို ဖိတ်ခေါ်ရင်း BarCamp Yangon ကို ကြိုဆိုပါရစေ။

When you come, be prepared to share with barcampers.
When you leave, be prepared to share it with the world.

More About BarCamp

Official BarCamp
BarCamp History on Wikipedia
Official BarCamp Yangon .org (Under Construction)
BarCamp Yangon on Twitter


Related Posts

2 Comments so far »

  1. kyawzayya said,

    Wrote on December 18, 2009 @ 7:29 pm

    good ref :P

  2. yamin said,

    Wrote on January 6, 2010 @ 3:33 pm

    Good Idea!

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: