hit counter

Simple CSS Trick for Large Background

CSS Layer on Htoo Tay Zar.com

ကျွန်တော့် ဘလော့ဂ်ကို တိုက်ရိုက်မ၀င်ဘဲ htootayzar.com ကနေ ၀င်တဲ့အခါ front page တစ်ခုကို အားလုံးမြင်ဘူးကြမယ် ထင်ပါတယ်။ အမှန်တော့ အဲဒီ page က ဒိုမိန်းဝယ်ကတည်းက ဘာလုပ်ရမှန်းမသိလို့ ထည့်ထားတာပါ။ ကျွန်တော်က ဆိုဒ်ကို ၀င်လိုက်တာနဲ့ ဘလော့ဂ်တက်လာတာမျိုးထက် အခြား ဆိုဒ်တစ်ခုလိုဖြစ်ချင်တာနောက် လုပ်ခဲ့ဘူးတဲ့ အလုပ်တွေလဲ ထည့်ချင်သေးတာ နောက် page rank အတွက်လဲ စဉ်းစားပြီး ဘာမှမလုပ်ပဲ index ကိုချန်ထားခဲ့တာပါ။ ပြင်မယ် ပြင်မယ်နဲ့ မအားတာရယ် လုပ်ရင်လဲ အပြည့်အစုံဖြစ်မှ တင်ချင်တာနဲ့ အခု နှစ်ချီကြာနေပြီ မပြင်ဖြစ်သေးတာပါ။ ဒီနေ့ကတော့ အဲဒီ front page ကို ဘယ်လိုလုပ်ထားလဲဆိုတာ trick တချို့ ရေးမလို့ပါ။

အဲဒီ front page ကို photoshop ထဲမှာပဲ လုပ်ထားပါတယ်။ အခြားထည့်စရာ ဒေတာ မရှိသေးလို့ full page (cross resolutions) ဖြစ်အောင် လုပ်ထားပါတယ်။ အခု ကျွန်တော်ပြောမှာက photoshop မှာ ဘယ်လိုလုပ်လဲ ပြောမှာ မဟုတ်ပါဘူး။ CSS trick လုပ်ထားတာလေးပြောမလို့ပါ။

အဲဒီ page လုပ်ဖို့ စဉ်းစားတော့ ပထမဆုံး စဉ်းစားရတာက loading time ပါ နိုင်ငံခြားမှာ အဲဒီလောက်က ဘာမှ ထည့်စဉ်းစားဖို့ မလိုပေမယ့် ပြည်တွင်းက ကြည့်ဖို့ ကြတော့ ကျွန်တော့်ရဲ့ widescreen wallpaper size background ကြီးက ကွန်နက်ရှင်ကျနေတဲ့ အခါ တော်တော်ထိုင်စောင့်ရလိ့မ်မယ်။ အဲဒါကို ထည့်တွက်ရင်းနဲ့ CSS နဲ့ trick တစ်ခု လုပ်လို့ရတယ်ဆိုတာ စဉ်းစားမိတာနဲ့ trick ထည့်လိုက်ပါတယ်။

သုံးထားတာက background ပုံ နောက်ခံပုံရယ် နောက် loading တက်နေသလိုပြပေးတဲ့ animated gif ဖိုင်တစ်ခုပါ။ loading တက်နေတဲ့ animation gif ဖိုင်ကို လိုချင်တဲ့ဒီဇိုင်းနဲ့ ajaxload.info မှာ ယူနိုင်ပါတယ်။ ကျွန်တော် အဲဒီ ဆိုဒ်က ပုံတစ်ခုကို ယူပြီး body background မှာ မြုပ်ထားလိုက်တယ်။

body {
background: #000 url(greybox/indicator.gif) no-repeat center;
font-family: Georgia, “Times New Roman”, Times, serif;
margin: 0;
padding: 0;
width: 100%;
text-align: center;
}

.background {
background: transparent url(homenew.jpg) no-repeat top center;
position: abosolute;
height: 100%;

}

နောက် အဲဒီ page မှာ ကျွန်တော်သုံးထားတဲ့ စာလုံးအရောင်က တွေ့ခဲ့တဲ့ အတိုင်းပါပဲ။ အနက်ရောင်သုံးထားတယ် အဲဒါကြောင့် body background အရောင်ကို အနက်ရောင်သုံးထားလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ပထမဆုံး နောက်ခံ image wallpaper မတက်သေးတဲ့ အချိန်မှာ စာလုံးတွေက နောက်ခံ အနက်ရောင်နဲ့ ရောပြီး ပျောက်နေအောင်လို့ပါ။ အဲဒီ အချိန်မှာပဲ file size အရမ်းသေးတဲ့ loading.gif ကတော့ center no-repeat နဲ့ တက်နေပါလိမ့်မယ်။ ဆိုတော့ ဆိုဒ်က ajax လိုလို flash လိုလို loading တက်နေတယ်ပေါ့ =D ခဏစောင့်ပါဆိုတဲ့ သဘောမျိုး visitor ကို ပြပေးထားမယ့်သဘောပေါ့။

အဲဒီချိန်မှာ cursor ကို လျှောက်ရွှေ့ကြည့်ရင်တော့ အဲဒီ link တွေ hover လုပ်တဲ့ အခါတော့ မြင်နေရလိမ့်မယ်။ နောက်ခံပုံ အကြီးတက်လာတဲ့ အခါကျတော့မှ ယူဇာကို ဆိုဒ်ကလုံးဝ တက်သွားပြီ ဆိုတဲ့ သဘောမျိုးဖြစ်သွားတာပေါ့။ ဒီအတိုင်း အဲဒီ trick မထည့်ပဲထားလိုက်ရင် ယူဇာ စက်မှာ ကွန်နက်ရှင်နှေးနေတဲ့ အချိန်ဆို ဆိုဒ်က ဘာမှမတက်ဘူး အနက်ရောင်ကြီးပဲ တက်တယ်ဆိုပြီး ပြန်မထွက်သွားအောင် စွဲဆောင်ထားတဲ့ သဘောပါ။ ဒီသဘောတရား အတိုင်းလိုက်ပြီး double background (.png files) တွေနဲ့ တွဲပြီး ဒီဇိုင်းထည့်လို့ရပါမယ်။ နောက် javascript framework တစ်ခုခုသုံးပြီး animated background မျိုးတွေ လုပ်ယူလို့ ရနိုင်တာပေါ့။ CSS ထည့်ထားတာ အသေးစိတ်ကိုတော့ home page view source မှာ ကြည့်ကြည့်ပါ ကျွန်တော် ပြင်ရမှာ ပျင်းလို့ ဖိုင်တောင် ခွဲထည့်မထားပါဘူး :D

စကားမစပ် ပြောတာပါနောက်ဆို ကျွန်တော် ဆိုဒ်တစ်ခုလုံး ဒီ blog page တင်မကပဲ ပြောင်းဖို့ အစီအစဉ်ရှိပါတယ်။ အရင်ကထဲက ပြောင်းမယ် ပြောင်းမယ်နဲ့ လုပ်ထားတာ theme တွေ ၄ ခုလောက်ရှိနေပြီ တစ်ခုလုပ်လိုက် နောက်ထပ် ဒီဇိုင်းတစ်ခုကြိုက်ပြန်တာနဲ့ မပြောင်းဖြစ်တာပါ။ အခုထိကတော့ banner ခဏတိုင်းလဲ ရတာပဲ ကြိုက်တုန်းပါပဲ =D အဆင်ပြေပါစေ…


Related Posts

5 Comments so far »

  1. Talkii said,

    Wrote on December 18, 2009 @ 5:33 am

    နောက်ခာပြောင်းမယ်ဆိုရင် comment rss ပာထည့်ပာလား။ comment update ကို လာလာကြည့်နေရလို့။

  2. Talkii said,

    Wrote on December 18, 2009 @ 5:48 am

    အဲ သေချာကြည့်မိမှ comment feed ကိုတွေ့တယ်။ email ကို တစ်ခာတည်း subscription လုပ်ရတဲ့ဟာမျိုးကိုပြောတာ။ :)

  3. Htoo Tay Zar said,

    Wrote on December 18, 2009 @ 5:56 pm

    @ Talkii ~ ဟုတ်ဗျာ ကျွန်တော် themes ပြောင်းလိုက်ရင်တော့ ထည့်ပါ့မယ် အခုတော့ RSS subscription ပဲ လုပ်လို့ ရသေးတယ် ခင်ဗျ

  4. NweYoe said,

    Wrote on December 19, 2009 @ 10:49 pm

    အသစ်ကို စောင့်နေတယ်ဗျာ။ ကြည့်ချင်နေတယ်။ ကိုယ်တိုင် မလုပ်တတ်တော့ သူများ ရေးထားတာလေးတွေပဲ အားကျနေရတယ်။း-)

  5. Of Course, ISP loves me | My Burmese Blog said,

    Wrote on January 9, 2010 @ 8:16 pm

    [...] အသစ်ပြောင်းပေးလိုက်ပါပြီ။ အရင်လို Large Background တွေလဲ မရှိတော့ဘူး တက်တာလဲ [...]

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: