Google’s Nexus One Phone

Google ရဲ့ သတင်းပြေးနေတဲ့ Nexus One ကို ဒီနေ့ သွားကြည့်ဖြစ်တယ်။ ကြည့်ဖြစ်တယ်ဆိုတာ အွန်လိုင်း မှာပြောတာပါ။ Google.com/phone မှာ ကြည့်လို့ ရတယ်လေ။ ပြောရရင် သူများတွေလို hands on မဟုတ်ဘူး mouse on ပေါ့နော် mouse နဲ့ ပဲ ထိလို့ရလို့လေ။

Interface တွေက Android အတိုင်းပါပဲ Google က ထုတ်လို့ သူ့အတွက် သီးသန့်ပြောင်းတာမျိုးတော့ မရှိဘူး။ Hardware ကို ထိုင်ဝမ် based HTC ကနေ လုပ်ပါတယ်။ Touch Screen ဖုန်းပါ။ ဒါပေမယ့် multi-touch မရဘူး။ နောက် HTC ရဲ့ အခြား multi-touch ရတယ်ဆိုတဲ့ဖုန်းတွေလဲ စမ်းဖူးပါတယ်။ Multitouch sensitive မှာ iPhone လောက် မကောင်းကြဘူး။
ဒီဖုန်းက ဒီနှစ်အစောပိုင်းမှာ Google က အရာရှိတွေရဲ့ twitter tweet တွေကနေ သတင်းစပြန့်တာပါ။ အခုတော့ တရားဝင် သတင်းဖြစ်သွားပြီ။ Interface တွေ စမ်းကြည့်လို့ ရပြီ။ Specification သိရပြီ။

ကြည့်ရအောင် ကျွန်တော် ကြိုက်တဲ့ spec တွေပြောပါမယ်။ အပြည့်အစုံကိုတော့ Specification page မှာ ဖတ်ပါရန်။ ပထမဆုံး Qualcomm QSD 8250 1 GHz သုံးထားတာ ကြိုက်တယ်။ OS က Android 2.1 Eclair သုံးထားပါတယ်။ Assisted global positioning system (AGPS) ပါတာကိုလဲ ကြိုက်ပါတယ်။ နောက် 5 Megapixels Auto Focus Camera ကလဲ စိတ်ဝင်စားစရာပါပဲ။ Digital compass, Accelerometer တွေကလဲကောင်းပါတယ် ဒါပေမယ့် Android က ဂိမ်းဆော့ကောင်းတဲ့ platform မဟုတ်သလို Application တွေက orientation aware လုပ်တာမျိုး နဲတယ်။
SD card slot ပါတာကောင်းပါတယ်။ Micro USB ကိုသုံးတာမို့ iPhone ရဲ့ 30 pin dock connector လိုမျိုး Third Party Hardware ထုတ်လို့ မရနိုင်တော့ဘူး။ 20 fps နဲ့ Video ရိုက်လို့ရတယ်။ iPhone လိုပါပဲ battery ဖြုတ်လို့ မရရှာဘူး။ Update ~ It has removable battery. (Thanks Zip for pointing out) နောက် ရောင်းရင် lock လုပ်ထားတာ မလုပ်ထားတာ ၂ မျိုးရောင်းမယ် ကြားပါတယ်။ ဆိုတော့ Contract နဲ့ ရောင်းတာလဲရှိမယ်ပေါ့။ အရောင်ကတော့ ကျွန်တော် မကြိုက်ဖူးဗျာ။ မွဲမွဲကြီးပဲ။ ဈေးအနေနဲ့ မသိရပေမယ့် ကျွန်တော်သာ Android OS Phone ယူမယ်ဆိုရင်တော့ အဲဒီကောင် ကိုင်မယ့် အစား Motorola ရဲ့ Droid ကိုပဲ ယူမိမယ်။






zip said,
Wrote on January 8, 2010 @ 8:42 pm
Hi
Nexus One battery is removable but not iphone.
Price(unlocked): $529
Price(T-Mobile 2 year contarct): $179
http://img515.imageshack.us/img515/2692/matchup.jpg
Htoo Tay Zar said,
Wrote on January 9, 2010 @ 8:23 pm
@ Zip ~ Thanks a lot for your information. I just updated my article. Thanks for your comment.
Myrtle Beach said,
Wrote on January 19, 2010 @ 1:30 pm
I wonder aloud what synergy Google, the search engine par excellence, detects in a mobile phone?
GeoLocation Tweets From Yangon!! | My Burmese Blog said,
Wrote on February 3, 2010 @ 9:57 pm
[...] ဥပမာ SmartPhone တွေကနေ tweet လို့ ရတယ်။ iPhone, Nexus One, Google Android G1 စတဲ့ GPS ဖုန်းတွေကနေ twitter location [...]
Google Translate for Animals ~ Beta!! « My Burmese Blog said,
Wrote on April 1, 2010 @ 11:05 pm
[...] ဗီဒီယိုထဲက Google UK က ပုဂ္ဂိုလ်ကတော့ Nexus One နဲ့ စမ်းပြသွားလေရဲ့။ ဖုန်းတောင် [...]