Movie Mistakes from Avatar
![]()
လွန်ခဲ့တဲ့ အပတ်က Avatar ဇာတ်ကားကို နေပြည်တော် ရုပ်ရှင်ရုံမှာ သွားကြည့်ဖြစ်ပါတယ်။ အဲဒီကားကို မြန်မာပြည်မှာ ၂၀၁၀ ၁ ရက်နေ့က စရုံတင်တာ ဖြစ်ပြီး ကျွန်တော် အဲဒီနေ့ မနက် အစောဆုံးပွဲ ကတည်းက ကြည့်ခဲ့ပြီးသားပါ။ အိမ်မှာ မီးပျက်လို့ နောက် တစ်ခေါက် သွားကြည့်ဖြစ်တာ။ ဒီမှာက 3D ကော IMAX ကောမရှိတော့ ရှိတဲ့ဆီမှာပဲ ကြည့်ရပါတယ်။
ပျင်းတာနဲ့ လွယ်နေကြအိတ်ထဲက laptop ကိုထုတ်ပြီး ရှမ်းပြည်က အမေ့သူငယ်ချင်းပို့လိုက်တဲ့ မက်မန်းသီး၊ အားလူးနဲ့ ပဲပုပ်ရောကြော်ထားတဲ့ အထုတ်တွေ ကို အပြည့်ထည့်ပြီး သွားကြည့်ဖြစ်တယ်။ ဖုန်းဆက်မှာထားတာ ၁ ယောက်စာပဲမှာတာ ရုံရောက်တော့ ၃ ယောက်စာဖြစ်နေလို့ မမှာတဲ့ အကြောင်းပြောရသေးတယ်။ ၃ ခွဲပွဲဆိုပေမယ့် ဇာတ်ကားကကြာတော့ ရုံထဲဝင်ရတော့ ၄ နာရီခွဲလောက်မှ စဝင်ရတယ်။ ရုံထဲမှာ အရေးထဲ ဘေးနားမှာ လာထိုင်တဲ့ လူငယ်အုပ်စုတစ်စုက Jake Sally ရဲ့ ခြေထောက်လေးသေးအောင်လုပ်ထားတာကို တအံ့တသြဖြစ်နေသေးတယ် ဇာတ်ကားရဲ့ ထက်ဝက်လောက်က 3D နဲ့လုပ်သွားပြီးမှတော့ ဒီခြေထောက်လေးပြောင်းတာ ဆန်းနေရသေးတယ်လို့။
အမှန်တော့ ဇာတ်ကားရဲ့ ဇာတ်လမ်းက ပုံမှန် ကြည့်ခဲ့ဖူးတဲ့ ကားမျိုးတွေလိုပါပဲ ဘာမှ မထူးခြားဘူး.. ပြောစရာရှိတာဆိုလို့ 3D ပါပဲ။ ဇာတ်ကားရဲ့ ၇၀ ရာခိုင်နှုန်းလောက်က 3D CGI တွေပါ။ အမှန်တော့ ကျွန်တော် နောက်တစ်ခေါက်မကြည့်ခင် ကတည်းက အဲဒီကားရဲ့ movie mistakes တွေကို အွန်လိုင်းမှာ ရှာဖတ်ပြီးသွားမှ နောက်တစ်ခေါက်သွားပြီး သေချာကြည့်တာ။ အဲဒီ အမှားတွေက -
Colonel နောက်ပိုင်းအခန်းမှာ air ship မီးလောင်တော့ စက်ရုပ်ထဲ ဝင်တဲ့ အချိန်မှာ ဘယ်ဘက် ပခုံးကို မီးလောင်ပါတယ် နောက်တော့ မီးက ညာဘက်ရောက်သွားတယ်။ (ကျွန်တော် အဲဒီအခန်းကို သေချာကြည့်ပေမယ့် သတိမထားလိုက်မိဘူး)
Parker RDA base ထဲမှာ ကော်ဖီခွက်ထဲကို ဂေါက်သီး ဝင်အောင် ရိုက်တဲ့ အခန်မှာ သေချာကြည့်ရင် သူ့ခြေထောက်နားက ဂေါက်သီး ၂ လုံးက ကင်မရာ angel ပြောင်းသွားတိုင်း ကပ်လိုက် ခွာလိုက်ဖြစ်နေတာ မြင်ရပါတယ်။ (အဲဒါတော့ သေသေချာချာတွေ့လိုက်တယ်)
နောက်ဆုံး အခန်းမှာ Colonel က avatar connect လုပ်တဲ့ စက်ကိုဖျက်လိုက်တော့ Jake စက်ထဲကထွက်လာပြီး အသက်ရှုကျပ်နေတဲ့ အချိန်မှာ Neytiri ကလာပြီး မျက်နှာဖုံးတပ်ပေးတဲ့ အခန်းမှာ Neytiri (Na’vi) ရဲ့ မျက်နှာကို Jake လူလက်က ကိုင်တာမှာ Jake လက်က Neytiri မျက်နှာလောက်ရှိနေတာကို တွေ့ရပါတယ်။ (အဲဒီအချိန်မှာ လူ နဲ့ Na’vi အချိုးအစား သွားတူနေတာကို တွေ့ရတယ် အမှန်တော့ Na’vi တွေက လူထက်ကြီးပါတယ်)
နောက်ဆုံးအခန်းမှာ Rogue 1 (Na’vi ဘက်က ကူပေးတဲ့ ရဟတ်ယာဉ်) ဒုံးကျည်ထိပြီး လေကာမှန်ကွဲပြီး ပြင်ပ ဂြိုလ်ပေါ်က လေဝင်နေတဲ့ အချိန်မှာ ရဟတ်ယာဉ်မောင်းတဲ့ မိန်းမ က အသက်ရှုခက်ခဲတဲ့ ပုံစံမျိုးမရှိ ပုံမှန်အတိုင်းနဲ့ မင်းသား ဆီကို သတင်းပို့နေတာ တွေ့ရပါတယ်။
Jake Sulley ပထမဆုံး avatar ထဲဝင်ခဲ့ပြီးနောက် အခန်းမှာ Colonel နဲ့ holographic 3D မြေပုံကို ကြည့်ပြီး ဆွေးနွေးတဲ့ အခန်းမှာ Jake ရဲ့ လက်က စားပွဲကို ကိုင်လိုက် လက်ပိုက်ထားလိုက်နဲ့ ပုံပြောင်းနေတာကို တွေ့ရပါမယ်။
Jake က Soul Tree မှာ သူ့ရဲ့ အကောင်ပိုကြီးတဲ့ ငှက်အသစ် နဲ့လာတဲ့ အချိန်မှာ white pixels တွေကို 15 frames လောက် ငှက်ကြီးရဲ့ တောင်ပံမှာ တွေရပါတယ်။ (ကျွန်တော်သေချာကြည့်နေရင်း အဲဒီအချိန်မှာ မေ့သွားပြီး သတိမထားလိုက်မိဘူး.. white pixels က 3D ရုံတွေမှ မြင်ရတာမျိုးလဲ ဖြစ်နိုင်ပါတယ်။)
Jake နဲ့ Neytiri တို့ soul tree တွေကြားမှာ မအိပ်ခင်မှာ Neytiri က ဆံပင်ကျစ်မထားပါဘူး.. Jake မနက်ဘက်မှာ RDA စက်တွေ ရောက်လာလို့ ပြန်ထတဲ့ အချိန်မှာ Neytiri က ဇာတ်လမ်းအစကလို ဆံပင်ကျစ်ထားပြီး အတိုပုံစံနဲ့ ပြန်တွေ့ရပါတယ်။
ဇာတ်ကားရဲ့ နောက်ဆုံးအခန်း Jake လူနဲ့ Na’vi soul သွင်းတဲ့ အခန်းမှာ Jake (Na’vi) မျက်နှာကို female avatar ကိုင်ထားတာမှာ သူမလက်က လူလက်ဖြစ်နေတာကို တွေ့ရပါမယ် အမှန်က အပြာရောင် Na’vi လက်ဖြစ်ရမှာပါ။
![]()
အခုပြောခဲ့တာတွေက Avatar Movie Mistakes ကို online ပေါ်က ကြည့်ထားတာဖြစ်ပြီး ကျွန်တော်က အဲဒီအချက်တွေ မှန် မမှန် နောက်တစ်ခေါက်သွားကြည့်ဖြစ်တာပါ။ အဲဒီထဲမှာ မပါတာတွေ ကျွန်တော်ပြောပါမယ်.. Pandora Planet ပေါ်က သတ္တဝါတိုင်း လက် ၄ ဖက်ဆီပါတာကို သတိထားမိမှာပါ။ သတ္တဝါတိုင်း မျောက်ကအစပါပြီး Native Na’vi မှာ ဘာလို့ လက် ၄ ဖက်မပါသလဲ။ နောက် ဒီ Navi Character ပုံကို အမေရိကန်မှာ december 14 ရက် စမပြခင်ကတည်းက Apple trailer ကနေကြည့်ဖူးကတည်းက သတိထားမိတယ်။ ရင်းနှီးနေတဲ့ ပုံမျိုးပဲလို့။
နောက်တော့မှ သတိထားမိတယ် Na’vi တွေက Square Enix ကထုတ်တဲ့ The Last Remanant ဂိမ်းထဲက အမျိုးအနွယ်တစ်ခုနဲ့ ပုံတူနေတာပါ။ ဂိမ်းထဲမှာလဲ အဲဒီလို လူကိုယ်လုံး ကြောင်၊ ကျား တွေလိုမျက်နှာနဲ့ပါ။ နောက် သူတို့မှာ လက် ၄ ဖက်ပါပါတယ်။ တကယ်လို့မှား james cameron ဟာ Na’vi တွေကို လက် ၄ ဖက် ထည့်ပေးလိုက်ရင် Square Enix နဲ့ ပြသနာ ရှိနိုင်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် မပါတာလဲ ဖြစ်နိုင်တယ်။
နောက် ကျွန်တော်ထင်တာ လေ ရှုလို့မရတဲ့ Pandora က ဘာလို့ တိမ်တွေ ရှိနေတာလဲ၊ floating mountain တွေရှိနေတယ်၊ နောက် Jake ပထမဆုံး တောထဲရောက်သွားချိန်မှာ သစ်သားမီးခြစ်က လေမရှိဘဲ ခြစ်လို့ ရတယ် မီးဒုတ် ကိုင်ထားတာလဲ တွေ့ရတယ်။ နောက်အခု သတင်းတွေမိတယ် Avatar ကားထဲမှာ ဆေးလိပ်သောက်တဲ့ အခန်းတွေပါတယ် အဲဒီအတွက် တချို့ အမေရိကန်က အဖွဲ့တွေက မဂ္ဂဇင်းတွေလိုမျိုးမှာ ကြော်ငြာထည့်ပြီး တိုက်ဖျက်မယ်လို့ ဆိုတယ်။
Avatar က လက်ရှိအချိန်မှာတော့ Hollywood သမိုင်းမှာ ဒုတိယဝင်ငွေအများဆုံး ကားဖြစ်နေပြီ.. အဓိကကတော့ 3D, IMAX ရုံအများစုက Pixar, Disney ကလို animation နဲ့ သာအများစုပြနေတဲ့ အချိန် James Cameron က 3D အတွက် ငွေအများကြီး အကုန်အကျခံပြီးဝင်လိုက်လို့ ဖြစ်နိုင်တယ်။ အခု Avatar 3D ရဲ့ အောင်မြင်မှုကို အားကျပြီး Steven Spielberg ထုတ်ပြီး Michael Bay ရိုက်တဲ့ Transformers 3 ကလဲ 3D ရုံဝင်မယ်လို့ သတင်းကြားနေရပြီ။
Sony ရဲ့ Spider Man 4 လဲ ဝင်မယ်လို့ ထင်တယ်။ 3D က ကုန်ကျစရိတ်များပေမယ့် အောင်မြင်နိုင်ပြီး ခေတ်တစ်ခေတ်ဖြစ်လာဦးမယ်လို့ ထင်ရတယ်။ ပြည်တွင်းကိုတော့ အားရင် 3D ရုံတစ်ရုံလာဖွင့်ရင် အတော်ကောင်းမယ်။ ဒီမှာက အခုထိပဲ ရိုးရိုး wide silk screen အဆင့်ပဲရှိသေးတယ် ဒီကြားထဲ ကြည့်နေရင်း မီးပျက်သွားလို့ ဇာတ်ကားရပ်ပြီး မီးစက်နှိုးတာ စောင့်ရတာ ပိုသေးတယ်။ နောက် Avatar ကားထဲကလို 2154 ခုနှစ်ရောက်ရင်တော့ ဒီမှာလဲ 3D ရုံလေးဘာလေးတော့ ရှိလာလောက်ပါရဲ့။ =D





NweYoe said,
Wrote on January 18, 2010 @ 9:02 am
online move အပြည့်အ၀ ကြည့်လို့ရမယ့် နေရာလေးများ ရှိရင်ပြောပါဦး။ trailer ပဲကြည့်ရတယ်။ ဒီမှာ ရုပ်ရှင်ရုံ မရှိတော့လည်း အခွေကိုပဲ စောင့်နေရမယ်ထင်တယ်။
NweYoe said,
Wrote on January 23, 2010 @ 4:09 pm
air ship မီးလောင်တော့ စက်ရုပ်ထဲ ဝင်တဲ့ အချိန်မှာ ဘယ်ဘက် ပခုံးကို မီးလောင်တာ ဟုတ်ဘူးဗျ။ ညာဖက်ပဲ လောင်တာ၊ နောက်ကျောပေးမို့ ဘယ်ဖက်လို့ မြင်လိုက်တာထင်တယ်။
Boyz said,
Wrote on January 27, 2010 @ 11:52 am
အခု ဒီနေ့ ၂၇ ဇန်နဝါရီရ်ကစွဲနဲ့ဆို ကမ္ဘာမှာ ဝင်ငွေအကောင်းဆုံးကား ဖြစ်သွားပါပြီ။ တိုင်တန်းနစ်ကို ကျော်သွားပါပြီ။
တိုင်တန်းနစ်လဲ ဂျိမ်းစ်ကင်မရွန်း ရိုက်ခဲ့တာပဲ။
သွယ်လင်းဆက် said,
Wrote on February 28, 2010 @ 12:19 am
ကိုထူးတေဇာ သုံးသပ်တာ ကောင်းပါတယ်။
The Clash Between God And Titan « My Burmese Blog said,
Wrote on April 3, 2010 @ 2:07 am
[...] US မှာ ၂ ရက်နေ့မှ စတင်ပါတယ်။ မင်းသားက Avatar ထဲက မင်းသား Sam Worthington ပါပဲ။ ဒီကားကို [...]