hit counter

MPT Need To Respect Users

iPhone's Worst Marriage

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း Myanmar Post And Telecommunication ကနေ ဒီလ ဇန်နဝါရီ ၁ ရက်နေ့မှာ တရားဝင်ကြေငြာပါတယ် mobile phone တွေအားလုံးရဲ့ အထွက်ခေါ်ခကို တစ်မိနစ်ကို ၅၀ ဈေးနဲ့ တိုးလိုက်တယ်လို့ ဂျာနယ်မှာ ဖတ်ရပါတယ်။ အဲဒီနှုန်းနဲ့ စတွက်မယ့် ရက်က ဒီနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတွက်ယူမှာ ဖြစ်ပါတယ်။

အဲဒီမှာပဲ ပြောစရာရှိလာပါတယ်.. မပြောခင် စကားကြိုခံထားရရင် ကျွန်တော့် ဘလော့ဂ်က အားလုံးသိတဲ့ အတိုင်း နိုင်ငံရေး ဘလော့ဂ် မဟုတ်သလို ကျွန်တော်လဲ နိုင်ငံရေးသမား မဟုတ်ပါဘူး။ ဆိုတော့ ဒီတစ်ခုကတော့ မနေနိုင်လို့ ပြောပါရစေ။ နိုင်ငံတော်ပိုင် ဆက်သွယ်ရေး department တစ်ခု အနေနဲ့ ဒါမျိုးလုပ်တာ ဖြစ်သင့်သလားလို့ပါ.. ကျွန်တော်မြင်တာ ပြောတာပါ လူတိုင်းမှာ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့တွေဆီက ဖုန်းလခကြတော့ လတိုင်းကျတဲ့ နှုန်းအတိုင်း ဖုန်းခဆောင်တဲ့ အခါ လူအပြုံလိုက်ကြားထဲကို တိုးပြီးဝင်ရတဲ့ အပြင် ဆောင်ရင် နောက်လတွေ ကျမယ့် နှုန်း ပျမ်းမျှပါ ပိုဆောင်ရတယ်။ ဒီလို သတင်းမျိုးကျတော့ ၁ ပတ်လောက်တောင် ကြိုပြီး မကြေငြာဘူး။ ကြေငြာတော့ ရုံးမှာ စာကပ်တယ်တဲ့ ဖြစ်သင့်တာ အများပြည်သူသိအောင် သတင်းစာလိုမျိုးက ကြေငြာသင့်တယ် မဟုတ်လား။ အခုပါတာတောင် သတင်းစာထဲက မဟုတ်ဘူး ဂျာနယ်မှာ ပါလို့ သိရတာ။ ဂျာနယ်ကလဲ ဒီအပတ်ထုတ်မှ စိတ်ဝင်စားစရာ သတင်းတချို့ပါလို့ဝယ်တာ မဝယ်ရင် သိလိုက်မှာတောင် မဟုတ်ဘူး။

ကြိုသိရင် ဖုန်းကိုင်တဲ့ အခါတိုင်း ကြိုပြီး ဆင်ခြင်လို့ ရတာပေါ့ အခုတော့ နောက်ကျမှ သိရတယ်။ ဒီလိုမှန်းသိခဲ့ရင် သူငယ်ချင်းတွေဆီကို ဈေးမတက်ခင် ၃၁ ရက် ည ၇ နာရီလောက်က ဆက်ပြီး Happy New Year လုပ်ပါတယ်။ အခုတော့… ဒါမျိုးတွေက ဖြစ်လဲ မဖြစ်သင့်ဘူး အများပြည်သူသိအောင် ကြိုကြေငြာသင့်တယ်။

ကြုံတုန်းမို့ တစ်ဆက်ထဲပြောတာပါ… ဖုန်းအရေအတွက် နဲ့ Cell Tower တွေနဲ့ cover ကောဖြစ်ရဲ့လား မသိဘူးဗျ။ ဖုန်းပြောရင်တော့ အိမ်ရှေ့ပြေး နောက်ပြေးနဲ့ ကြားလား ကြားလား နဲ့ two way မသွားဘဲ walkie talkie လို 1 way ပြောနေရသလိုပဲ။ ထားပါတော့ ဈေးကလဲ ဘာလို့တက်လဲ မသိပါဘူး။ ဒီလိုဈေးတက်တဲ့ အတွက် ပုံမှန်ဖုန်းခေါ်ခ အရင် ၂၅ ကျပ်နဲ့ ၁၀၀ ကျတဲ့ အချိန်မျိုးက အခု ၂၀၀ ကျပါမယ်။ အဲဒီမှာ ထပ်ဆောင်း စကားမပြောရဘဲ ကြားလား ကြားလား အချိန်ကို ထပ်ပေါင်းပေးရပါမယ် :D Time is Money ဆိုတာ အခုမှ သဘောပေါက်တော့တယ် နောက် မဖြစ်မနေ ဖုန်းပြောရရင် မပြောခင် rap ရွတ်သလို လေ့ကျင့်ထားမှပဲ။

ဖုန်းခေါ်ခသာ တက်မှာ ဖြစ်ပြီး အဝင်ကတော့ အရင်အတိုင်း ပေးစရာမလိုဘူးလို့ သိရတယ်။ နောက် ဈေးတက်တဲ့ အထဲမှာ ကြိုးဖုန်း၊ ဆယ်လူလာ၊ CDMA မပါဘူးလို့လဲ သိရပါတယ်။ ဆိုတော့ ဖုန်းဆက်ရင်နောက်ဆို PCO ကပဲ ဆက်မှပဲ ဖုန်းအဝင် ပဲလက်ခံမှ ပိုက်ဆံ အကုန်သက်သာတော့မယ်။

နိုင်ငံသားတစ်ယောက် အနေနဲ့ နိုင်ငံတော်ပိုင် ဌာန မို့ အပြုသဘောနဲ့ အကြံပြုကြည့်တာပါ။ ဗွေတော့ မယူလောက်ဖူး ထင်ပါတယ်။ ၂၀၁၀ အတွင်းမှာ အားလုံးက တဖြည်းဖြည်းပြောင်းလဲလာမယ်လို့လဲ မျှော်လင့်ပါတယ်။ ရွေးစရာ Carrier တွေလဲ ထက်တိုးလာပြီး အပြိုင်အဆိုင် ရှိလာမယ်လို့လဲ မျှော်လင့်ပါတယ်။


Related Posts

4 Comments so far »

  1. Rapster88 said,

    Wrote on January 4, 2010 @ 1:00 am

    အခွင့်အရေးပေးလို့ကတော့ မြန်မာပြည်မှာ Telecommunication စီးပွားရေး လုပ်ပစ်မယ်။ သောက်သောက်လဲ ၀င်ငွေ ကောင်းမယ့် အလုပ်။

  2. kyawzayya said,

    Wrote on January 4, 2010 @ 8:09 pm

    ဟား ဟား walkie talkie တဲ့လား…..သိပ်မှန်တာပေါ့….
    ဟယ်လိုနဲ့က သုံးမိနစ် ကြားလားက ငါးမိနစ်နဲ့ အဲဒီ့မှာတင် ကုန်ရော…..

  3. Myrtle Beach said,

    Wrote on January 19, 2010 @ 1:35 pm

    Why just limit MPT to respect users, why not expect this etiquette from all telecommunication services.

  4. sagicorns said,

    Wrote on January 21, 2010 @ 7:23 pm

    Pls write about CDMA450 phone :P

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: