27 Feb, 2010

Flavors.me က Single Page Portfolio, Personal Web Directory လုပ်လို့ရတဲ့ service တစ်ခုပါ။ Ajax powered လုပ်ထားတဲ့ ဆိုဒ်မှာ သင့်ရဲ့ အွန်လိုင်း web profile pages တွေ profile တွေ တင်ထားလို့ရတဲ့ နေရာတစ်ခုပါပဲ။ Page ဆောက်ပြီး လုပ်ရတာလဲ လွယ်ပါတယ်။ Online service တွေ ကြိုက်တာထည့်လို့ ရပါတယ်။ နောက် background ကို၊ heading, colors စတာတွေကို ပြင်လို့ရတယ်။ Layout လဲ ပြင်လို့ရပါတယ်။ ပြီးရင်တော့ ကိုယ့်ရဲ့ twitter, LinkedIn က update မျိုးတွေကို ထည့်ထားလို့ရပါတယ်။
Read the rest of this entry »
25 Feb, 2010
မနေ့က 24 ရက်မှာ Apple CEO ဖြစ်တဲ့ Steve Jobs ရဲ့ ၅၅ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ၅၅ နှစ်ဆိုပေမယ့် ရောဂါ ကြောင့် ရုပ်က အသက်ထက်ပိုပြီး အိုနေတယ်လို့ ထင်ရတယ်။ ဘာပဲဖြစ်ဖြစ်ပါ Steve Jobs လို လူတော် တစ်ယောက်က ကမ္ဘာပေါ်မှာ အကြာကြီး ရှိနေသင့်တာပါပဲ။ Steve စွမ်းဆောင် ချက်တွေကြောင့်ပဲ ဒီနေ့အချိန်တွေမှာ Apple ဆိုတဲ့ ပန်းသီးလေး လူတွေ ကြားမှာ ပြန်မြင်နေရတာ။ မဟုတ်ရင် 96 ကျော်လောက်ကတည်းက Apple က သူများလက်အောက်ခံ ဖြစ်သွားခဲ့မှာ…
ဒီနေ့ အချိန်မှာ Apple က Steve ကြောင့် Computer အပြင် ကမ္ဘာပေါ်မှာ Mobile Devices အရေအတွက် အများဆုံးထုတ်တဲ့ ကော်ပိုရေးရှင်း ဖြစ်လာခဲ့တယ်။ အရင်က Apple Computer Inc. ကနေ Apple Inc. ဆိုပြီး ဖြစ်လာနိုင်ခဲ့တယ်။ Mobile Phone OS တွေထဲမှာ applications အများဆုံး ရှိခဲ့တယ်၊ မနေ့ကပဲ ကမ္ဘာပေါ်မှာ သီချင်းအများဆုံး ရောင်းနိုင်တဲ့ online store ဖြစ်လာခဲ့တယ်။ မနေ့က iTunes Store ကနေ သီချင်းရောင်းတာ 10 Billion အရေအတွက်ကို ကျော်သွားခဲ့ပြီ။ ဒါက ၇ နှစ်အတွင်းမှာ ရောင်းခဲ့တာ။ Steve Jobs က ကမ္ဘာပေါ်မှာ လူစိတ်အဝင်စားဆုံး Keynotes Speaker ဖြစ်ခဲ့တယ်။ Steve Jobs’ Presentations တွေ ဘာကြောင့် လူစိတ်ဝင်စားလဲဆိုတဲ့ စာအုပ်တွေလဲ သူများတွေ ရေးပြီး စာအုပ် အများကြီး ထုတ်ထားတာတွေ့ရတယ်။ CEO Of The Year ဆုတွေလဲ ရခဲ့တယ်။ ဆိုတော့ လူတော်တစ်ယောက်ဖြစ်တဲ့ Steve မွေးနေ့မှာ ပျော်ရွှင်ပြီး ကျန်းမာရေး အမြဲကောင်းနေဖို့ ဆုတောင်းပါတယ်။
Read the rest of this entry »
22 Feb, 2010

iPhoto ထဲမှာ album အဟောင်းတစ်ခု ပြန်တွေ့လို့ တင်လိုက်တာပါ။ ပြီးခဲ့တဲ့ နှစ် အစပိုင်းတုန်းက မိသားစု ခရီးထွက်တုန်းက ရွှေလီ (Ruili, China) မြို့ထဲမှာ ရိုက်ထားတဲ့ ပုံတွေထဲက တစ်ချို့ပါ။ ပို့စ်ခေါင်းစဉ်ကိုတော့ ဟာသဖြစ်အောင် Myanmar Font Rendering Problems လို့တပ်ထားလိုက်တယ်။ အမှန်ကတော့ ဘာမှမဆိုင်ပါဘူး.. ဟာသပေါ့။ အဲဒီမှာက နယ်စပ်ဆိုတော့ မြန်မာလိုတွဲပြီး ဆိုင်းဘုတ်တွေ ရေးတာ သူတို့ ရေးထားတဲ့ အလွဲတွေ ဓာတ်ပုံရိုက်ထားတာပါ။ အဲဒီမှာ ဆိုင် 90% လောက်က တစ်ခုမဟုတ် တစ်ခုတော့ လွဲနေတာပဲ။
အပေါ်ဆုံးပုံဆိုကြည့် “ငါးငယ်ကလေး” ဖြစ်ရမှာ “ငါးက ငယ်လေး” ဖြစ်နေတယ်။
Read the rest of this entry »
21 Feb, 2010

မအားတာနဲ့ ဘလော့ဂ်မရေးဖြစ်တာ နဲနဲ ကြာသွားပါတယ် ဒီနေ့တော့ personal သက်သက်သာ ရေးပါရစေတော့။ ပထမဆုံး ပြောချင်တာ ကျွန်တော့်အကြောင်းပဲ Htoo Tay Zar ဆိုတာ ကျွန်တော့် နာမည် အရင်းပါပဲ။ နာမည်က မြန်မာပြည်က လူသိများတဲ့ company တစ်ခုနဲ့ သူဌေးနာမည် နဲ့ သွားတူနေတယ်။ ကျွန်တော်နဲ့ တော့ ဘာမှ မဆိုင်ပါဘူး အမျိုးလဲ မတော်ဘူး။ ခက်တာက facebook ထဲက england က အကိုကြီးတစ်ယောက်က ကျွန်တော့်ကို အဲဒီ သူဌေးသားမှတ်နေတယ် ထင်တယ်။ ကျွန်တော်ကို facebook က chat တိုင်း ဘာအကူအညီလိုလဲ ဘာလဲမေးတယ်။ တခါတလေကျတော့လဲ ရိသလိုလို လာလုပ်ပြန်တယ်။ မနေ့ကလဲ တစ်ခါ ပြည်တွင်းက ကျောင်းတွေ ကို မင်းတို့ ဝယ်လိုက်တယ်ဆို ဆိုပြီးစလာပြန်တယ်။ ကျွန်တော်တော်တော် တင်းသွားတော့ နောက်တော့ နောက်တာပါဆိုပြီးပြန်လျော့သွားပြန်တယ်။ ခဏနေတော့ မင်း facebook က friend —- ဘယ်သူ နေကောင်းလားဆိုပြီး မေးပြန်တယ်။
Read the rest of this entry »
19 Feb, 2010

ဒီနေ့တော့ ဘာမှလဲ မရေးနိုင်ဖြစ်နေတာနဲ့ သီချင်း တစ်ပုဒ် တင်လိုက်ပါတယ်။ ဒီ သီချင်းကို blog မှာတင်ဖို့ လုပ်ထားတာတော့ ကြာပါပြီ အခု ကွန်နက်ရှင်ကောင်းမှပဲ တင်ဖြစ်ပါတယ်။ သီချင်းက Chairlift ဆိုတဲ့ band က ဆိုထားတာဖြစ်ပြီးတော့ သီချင်းနာမည်က Bruises လို့ခေါ်ပါတယ်။ သီချင်းအေးအေး တစ်ပုဒ်ပါ။ Apple က 4th Generation iPod Nano (Chromatic) အတွက် ကြော်ငြာ သီချင်း အနေနဲ့ သုံးခဲ့ပါတယ်။ Apple ကြော်ငြာထဲမှာ သီချင်းကော ကြော်ငြာပုံကော ကျွန်တော် အကြိုက်ဆုံး တစ်ခုပါ။ Minilistic ကို Idea ကောင်းကောင်းနဲ့ ပေါင်းလိုက်တဲ့ ပုံပါ။
Read the rest of this entry »
16 Feb, 2010

ဒီနှစ် 2010 အတွက် Oscar Best Short Animation Film စာရင်းမှာပါနေတဲ့ Logorama ဆိုတဲ့ animation video အတိုလေးတစ်ခုကြည့်ဖြစ်ပါတယ်။ Logorama ဆိုတဲ့ အတိုင်းပဲ ကမ္ဘာကျော် လိုဂို ပေါင်း 2500 ကို သုံးပြီး ဇာတ်လမ်းဖွဲ့ထားတယ်။ အပေါ်ကပုံကို ကြည့်ရင်တောင် ဘယ်လိုဂိုတွေပါတယ် ဆိုတာ ခန့်မှန်းနိုင်မှာပါ။ ကာတွန်း ဇာတ်လမ်းအတိုလေးပေမယ့် လိုဂိုတွေ အများကြီးသုံးထားတယ်။
Read the rest of this entry »
15 Feb, 2010

ဒီနေ့ February 15 ရက်က Single Awareness Day လို့ခေါ်တဲ့ တစ်ယောက်ထဲသမားတွေ (အတွဲ မရှိသူတွေ
) အတွက်နေ့ပါ။ ဘာလို့ Single Awareness Day (SAD) လို့ခေါ်လဲတော့ မရေးတော့ပါဘူး အရင်နှစ်တွေကလည်း ရေးခဲ့ပြီးသားမို့ပါ။ ရည်းစားမရှိလို့ Valentines’ Day မှာ စိတ်ညစ်စရာမလိုပါဘူး။ Single Awareness Day ဆိုတာရှိတာပဲ။ မနေ့က မကုန်ခဲ့တဲ့ ချောကလပ် ဖိုးတွေ၊ လက်ဆောင်ဖိုးတွေကို ဒီနေ့မှာ အသားကုန် ကိုယ့်အတွက်ကိုယ် ဖြုန်းပစ်လိုက်ပါ။ တစ်ယောက်ထဲနေရတာ ပျော်စရာကောင်းတယ်ဆိုတာ သိသွားလိမ့်မယ်။ သိလား One better than Two
& Happy Single Awareness Day!!
Read the rest of this entry »
15 Feb, 2010

ဒီနေ့တော့ Valentine Day မှာ ဘယ်မှ မသွားပဲ တစ်နေကုန် အိမ်တွင်းအောင်းပြီး ကာတွန်းဆွဲကျင့်နေဖြစ်တယ်။ ပို့စ်အသစ်ရေးရမှာလဲ ပျင်းတာနဲ့ စက်ထဲရှိတာ ရှာလိုက်တာ။ RSS အကြောင်း ရေးထားတာပြန်တွေ့တာနဲ့ ဆားချက်ပြီး တင်လိုက်ပါတယ်။ အမှန်တော့ ဒီတစ်ခုက ပို့စ်တင်ဖို့ ရေးထားတာမဟုတ်ပါဘူး မဂ္ဂဇင်းတိုက်တစ်ခုခု ပို့မယ်ဆိုပြီးရေးထားတာ ကြာလှပါပြီ အခုမှ ရှာတော့ ပြန်တွေ့တာ ကံကောင်းချင်တော့ ဇော်ဂျီ နဲ့ပဲရေးထားတော့ ဘာမှ မပြောင်းရပဲ တင်လို့ရသွားတယ်။ ရေးထားတာက မပြီးသေးပါဘူး.. ကျန်တာတွေ နောက်ထပ် ထပ်ရေးပါဦးမယ်။ web ပေါ်မှာတင်တော့ hyper links တွေထည့်လို့ရတာကို သဘောကျတယ် မဂ္ဂဇင်းမှာလဲ ထည့်လို့ရရင် နောက်ထပ်ပို သိချင်သူတွေ အခြားသူတွေ၊ ရေးထားတာတွေ ညွှန်းလို့ရတော့ စာဖတ်တဲ့သူတွေ အတွက် အများကြီး အကျိုးရှိတယ်။ ခက်တာက ကျောက်ခေတ်တွေပြီးလို့ စာအုပ်ခေတ်ပဲရှိသေးတယ် e-paper ခေတ်ရောက်ရင်တော့ အဆင်ပြေသွားမှာပါ
ဟုတ်ကဲ့ အခုကတော့ RSS ဆိုတာ ဘာလဲဆိုတဲ့ အကြောင်းပါ။
Read the rest of this entry »
12 Feb, 2010

Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။
Read the rest of this entry »
10 Feb, 2010

Google ကနေ ဒီနေ့မနက်အစောမှာ မီဒီယာတွေကို Mountain View ခေါ်ပြီး product အသစ်ပြတာကို တွေ့ရတယ်။ Google Buzz ဆိုတာကို မိတ်ဆက်ပေးတယ်။ Buzz လို့ နာမည် မသိခင်ကတည်းက အရင်က Google Gmail မှာ Social မီဒီယာ အသစ်စမ်းနေတယ်ဆိုတဲ့ သတင်းတွေ ဖတ်ခဲ့ရတယ်။ Buzz ဆိုတာနဲ့ ကြည့်လိုက်တော့ Twitter Clone တစ်ခုလိုပဲဆိုတာတွေ့ရတယ်။
Read the rest of this entry »