Chairlift ~ Bruises

ဒီနေ့တော့ ဘာမှလဲ မရေးနိုင်ဖြစ်နေတာနဲ့ သီချင်း တစ်ပုဒ် တင်လိုက်ပါတယ်။ ဒီ သီချင်းကို blog မှာတင်ဖို့ လုပ်ထားတာတော့ ကြာပါပြီ အခု ကွန်နက်ရှင်ကောင်းမှပဲ တင်ဖြစ်ပါတယ်။ သီချင်းက Chairlift ဆိုတဲ့ band က ဆိုထားတာဖြစ်ပြီးတော့ သီချင်းနာမည်က Bruises လို့ခေါ်ပါတယ်။ သီချင်းအေးအေး တစ်ပုဒ်ပါ။ Apple က 4th Generation iPod Nano (Chromatic) အတွက် ကြော်ငြာ သီချင်း အနေနဲ့ သုံးခဲ့ပါတယ်။ Apple ကြော်ငြာထဲမှာ သီချင်းကော ကြော်ငြာပုံကော ကျွန်တော် အကြိုက်ဆုံး တစ်ခုပါ။ Minilistic ကို Idea ကောင်းကောင်းနဲ့ ပေါင်းလိုက်တဲ့ ပုံပါ။
Apple iPod Nano Chromatic from Htoo Tay Zar on Vimeo.
သီချင်းက အေးအေးလေးနဲ့ နောက်ခံ keyboard သံ ကို အရမ်းကြိုက်ပါတယ်။ Keyboard ကထွက်တဲ့ harmonic အသံကို အရမ်းကြိုက်တယ်။ ရေစက်လေးတွေ ကျတဲ့ အသံမျိုး နောက် iPhone App Bloom နဲ့ လုပ်လို့ ရတဲ့ ဟာမိုးနစ် အသံမျိုးလေးတွေနဲ့ တူတယ်။ နောက် သီချင်း အစဝင်တဲ့ bass သံကိုလဲ ကြိုက်တယ်။ ဒီလို သီချင်းမျိုးက အဝေးကြီးက လာတဲ့ သီချင်းသံကို နားထောင်ရသလိုမျိုးပဲ။ ဒီသီချင်းက Music Video မရှိပါဘူး အဲဒီအတွက် Apple ကြော်ငြာ ဗီဒီယို၊ live video, unplugged version video ပဲတင်ထားပါတယ်။ သီချင်းကို .mp3 အနေနဲ့ download လုပ်လို့ ရအောင်လဲ လုပ်ပေးထားပါတယ်။ .m4r အနေနဲ့ လဲတင်ထားတာမို့ iPhone Ringtone လုပ်ချင်ရင် download လုပ်ပြီး library ထဲကို ဆွဲထည့်လိုက်ရုံပါပဲ။
iPod Nano 4th Generation က ဒီသီချင်းသုံးထားတာရယ် နောက် အရည်ပျော်ကျတဲ့ပုံလုပ်ထားတာမျိုးကို လုပ်သွားတာ အရမ်းကြိုက်တယ်။ အခု လက်ရှိ 5th Gen ကြော်ငြာ ကတော့ မကြိုက်ဘူး သီချင်းရော ကြော်ငြာရောပဲ ဘာတွေမှန်းကိုမသိဘူး တွန့်နေကြလို့
အခြား ကြော်ငြာဆိုရင် iPhone 3G ကြော်ငြာတုန်းက သီချင်း ကိုတော့ တင်ထားပြီးသားပါ။ Apple ကို ကြော်ငြာတာလဲ မဟုတ်ပါဘူး သီချင်းအကြောင်းပြောချင်တာရယ် စိတ်ညစ်ရင် နားထောင်ဖို့ သီချင်းကောင်း တစ်ပုဒ်ကို ညွှန်းချင်တာပါ။
Dowload Song & iPhone Ringtone Free
Download Bruises .MP3 Song
Download Bruises Ringtone for your iPhone
Chairlift: Bruises from jason miller on Vimeo.

exiter said,
Wrote on February 19, 2010 @ 7:15 am
တစ်မျိုးလေးပဲ မဆိုးဘူး … သိပ်တော့မကြိုက်ဘူး …
Like or Dislike:
0
0
ŽãųʼnĢ said,
Wrote on February 19, 2010 @ 7:53 pm
ီDownload ယူသွားပါပြီ၊ နားထောင်ကြည့်လိုက်အုံးမယ်
ကျေးဇူး
ŽãųʼnĢ
Like or Dislike:
0
0