hit counter

GeoLocation Tweets From Yangon!!

Geolocation Tweets From Yangon, Myanmar

Twitter က လူသုံးများလာနေတဲ့ Micro Messaging, Micro Blogging Site တစ်ခုဆိုတာတော့ အားလုံးလဲ သိပြီးဖြစ်မှာပါ။ ကျွန်တော်တို့ ပြည်တွင်းမှာလဲ အရင် နှစ်တွေကထက်စာရင် အသုံးများလာနေပါတယ်.. ဒါပေမယ့် ဒီနှစ် အစ ဒုတိယ အပတ်လောက်မှာပဲ ISP က ban သွားပါတယ်။ ပြည်တွင်းက ပုံမှန် tweet တဲ့သူက ကျွန်တော်သိသလောက် မဘန်းခင် အချိန်တွေကတည်းက လူ ၃၀ တောင် မပြည့်ပါဘူး.. အဲဒီထဲကမှ Geolocation based tweet တဲ့သူဆို ပိုတောင်နည်းပါတယ်။

Geolocation tweet ဆိုတာကလဲ GPS device တွေကနေ tweet မှာ ရတာမျိုးမို့ပါ။ ဥပမာ SmartPhone တွေကနေ tweet လို့ ရတယ်။ iPhone, Nexus One, Google Android G1 စတဲ့ GPS ဖုန်းတွေကနေ twitter location နေရာကို update လုပ်လိုက်တာနဲ့ GPS က longitude, latitude ကို တွက်ပြီး update လုပ်သွားတာမျိုးပါ။ ပြည်တွင်းမှာက 3G Internet မရသေးတဲ့ အတွက် ဖုန်းကလုပ်မယ်ဆိုရင် Wifi တစ်ခုထဲသာ သုံးလို့ ရပါသေးတယ်။

Geolocation based tweet က ဘယ်နေရာမျိုးမှာ အသုံးဝင်လဲဆိုရင် သူငယ်ချင်းတွေ လက်ရှိ ဘယ်နားရောက်နေလဲဆိုတာကို ကြည့်လို့ရတယ်။ Emergency Case တွေ၊ ပြန်ပေးဆွဲခံရတဲ့ အချိန်မျိုးတွေ စတဲ့ အရေးပေါ်အခြေအနေမှာ အလွန် အသုံးဝင်ပါတယ်။ ဥပမာ ငလျင်လှုပ်ပြီးစ အချိန်မှာ building ထဲမှာ ပိတ်မိနေတဲ့ အခါမျိုးတွေမှာ အကူအညီတောင်းလို့ ရပါတယ်။ ဟေတီလိုမျိုးမှာ ဆိုလဲ သုံးကြတယ်လို့ သတင်းတွေ ဖတ်မိပါတယ်။ နောက် မိုဘိုင်းဖုန်း တွေမှာ ပါတဲ့ 3rd party twitter Applications တွေမှာလဲ Geolocation tweet တွေကို ရှာယူလို့ရပါတယ်။ အောက်ကပုံက ဘယ်ဘက်က ရန်ကုန် မှာ Geolocation လုပ်ထားပြီး tweet တဲ့သူတွေပါ။ အရမ်းနဲပါတယ် ပြီးတော့ အများစုက ပြည်တွင်းကို ခဏလာတဲ့ tourist, NGO employee တွေနဲ့ ပြည်တွင်း ဘောလုံး ကလပ်တွေက ငှားထားတဲ့ နိုင်ငံခြားသားတွေ များပါတယ်။

Geolocation Tweets from Yangon, Myanmar

ညာဘက်က တစ်ခုကတော့ Singapore မှာ ရှာထားတဲ့ ပုံပါ။ အဲဒီမှာတော့ မှိုလိုပဲပေါက်နေတာ.. တရုတ်ဘက် ရောက်တုန်းကတော့ ဘာမှ မတွေ့မိဘူး။ ဘယ်တွေ့မလဲ တရုတ် က Twitter ကို ban ထားတာကိုး။ ကြည့်ချင်ရင်တော့ ဟောင်ကောင် twitter တွေ တရုတ်လို ရေးတာတွေ ရှာကြည့်လို့ ရပါတယ်။ နောက် ထိုင်ဝမ် ဘက်ကလဲ ရှိပါတယ်။ ကမ္ဘာပေါ်မှာ အများဆုံးကတော့ US, Europe, Japan က အရမ်းများပါတယ်။ live update သတင်းတွေ၊ ကမ္ဘာအနှံ့မှာ ဘာတွေဖြစ်နေလဲဆိုတာ သိချင်ရင်တော့ Twitter က အကောင်းဆုံး နေရာ တစ်ခုမို့ အကောင့် မရှိသေးရင် စမ်းကြည့်ပါဦးလို့ တိုက်တွန်းချင်ပါတယ်။ ပျော်ရွှင်ပါစေ။


Related Posts

1 Comment so far »

  1. 10 Things About iPad That Steve Won’t Tell You | My Burmese Blog said,

    Wrote on March 11, 2010 @ 10:51 pm

    [...] စက်မှာ ပါပြီးသား ဆိုတော့ iPad နဲ့ Geolocation တွေ လုပ်လို့ မရဘူး။ Wireless Tower, IP address [...]

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: