Google Buzz Buzzing Around The Web Again!!

Google ကနေ ဒီနေ့မနက်အစောမှာ မီဒီယာတွေကို Mountain View ခေါ်ပြီး product အသစ်ပြတာကို တွေ့ရတယ်။ Google Buzz ဆိုတာကို မိတ်ဆက်ပေးတယ်။ Buzz လို့ နာမည် မသိခင်ကတည်းက အရင်က Google Gmail မှာ Social မီဒီယာ အသစ်စမ်းနေတယ်ဆိုတဲ့ သတင်းတွေ ဖတ်ခဲ့ရတယ်။ Buzz ဆိုတာနဲ့ ကြည့်လိုက်တော့ Twitter Clone တစ်ခုလိုပဲဆိုတာတွေ့ရတယ်။

Twitter လိုတော့ မိုဘိုင်းဖုန်း friendly 140 Characters သတ်မှတ်မထားဘူး။ Integrated Image upload ရတာတွေ့ရတယ်။ Gmail မှာ ထည့်ထားပြီး လူသုံးများလာအောင် ကြိုးစားနေတာကိုလဲ တွေ့ရတယ်။ API ထုတ်ပေးထားတော့ မကြာခင်မှာ 3rd Party Applications (Mobile Apps) တွေထွက်လာမှာ သေချာတယ်။ Geolocation ကို အသားပေးထားတာတွေ့ရတယ်။ Default အနေနဲ့ ဖွင့်ပေးထားတယ်။ ဆိုတော့ privacy ပြသနာရှိနိုင်တယ်။ ကျွန်တော်ဆို Twitter မှာလဲ Geotagging သုံးတာပါပဲ။
ဒါပေမယ့် Google ကိုတော့ နဲနဲလန့်တယ်။ သူက လူသုံးများလာခဲ့ရင် Buzz ကို search engine မှာ၊ Google Map မှာတွဲပြီး real time search ဆိုပြီး လုပ်သွားနိုင်တယ်။ အဲဒီကျရင် သေပြီဆရာပဲ အနည်းဆုံးတော့ ဘော်ဒါဘော်ကျွတ်တွေ Geolocation နဲ့ ရှာပြီး ပိုက်ဆံချီးဖို့ လိုက်လာနိုင်သေးတယ်။ ပိတ်ထားမှပါပဲ။ လောလောဆယ် 3rd party iPhone App မရှိသေးပေမယ့် Buzz.Google.com ကနေ သုံးလို့ရတယ်။ Screen Shot တွေလဲ ထည့်လိုက်တယ် မြေပုံတော့ဖျောက်ထားတယ်ဗျာ ကောင်မလေးတွေ အိမ်လိုက်လာပြီး မိတ်ဆက်မှာ စိုးလို့ =P
Google က အရင်တုန်းကလဲ Twitter Clone Script ကို OpenSource လုပ်ဖူးတယ်။ နာမည်မေ့သွားပြီ India နာမည်လိုပဲ။ အခုကော Twitter ကို ကျော်နိုင်ပါ့မလား။ သူက Google Wave မှာလဲ တွဲထည့်မယ်ပြောတယ်။ မီဒီယာတွေ့တဲ့ပွဲမှာ မကျေလည်သေးတဲ့ Google China ပြသနာကိုလဲ အနည်းအကျဉ်းပြောသွားတယ် ကြားမိတယ်။ လောလောဆယ်တော့ personally Twitter လောက်မကြိုက်ဘူး သေသေချာချာ မသုံးကြည့်လို့လဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် Google ရဲ့ live Search ဆိုပြီး လုပ်လာမှာကို တွေးကြောက်နေလို့လဲ ဖြစ်နိုင်ပါတယ်။ ပျော်ရွှင်ပါစေ။
Google Buzz Official Video ~ YouTube



သဉ္ဖာ said,
Wrote on February 10, 2010 @ 1:53 pm
ဒီမှာ buzz လို့ မရသေးဘူး.. activate မလုပ်ပေးသေးဘူးနဲ့တူတယ်..
Like or Dislike:
0
0
NweYoe said,
Wrote on February 11, 2010 @ 8:12 am
ခုမနက် မေးလ်ဖွင့်မှ သိတယ်၊ twitter နဲ့ တူတယ်ဆိုတာပဲ သိတယ်။ ဘာလုပ်ရမယ်မှန်းမသိ၊
Like or Dislike:
0
0
MP said,
Wrote on February 12, 2010 @ 1:42 am
>> ကောင်မလေးတွေ အိမ်လိုက်လာပြီး မိတ်ဆက်မှာ စိုးလို့ =P
Valentine day နီးနေပီနော်.. စင်ကာပူက တရုတ်မလေးတွေကို ချောကလက် လိုက်ကျွေးဗျာ =D
>> Twitter Clone Script ဆိုတာ Jaiku ( http://www.jaiku.com/ ) ထင်တယ်ဗျ
လောလောဆယ်တော့ Twitter လောက် မကြိုက်သေးတာ အမှန်ပဲ
Like or Dislike:
0
0
minshwehtee said,
Wrote on February 25, 2010 @ 7:03 pm
hi .
good day!
Like or Dislike:
0
0