Happy Birthday to 55 Years Old Steve Jobs
မနေ့က 24 ရက်မှာ Apple CEO ဖြစ်တဲ့ Steve Jobs ရဲ့ ၅၅ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ၅၅ နှစ်ဆိုပေမယ့် ရောဂါ ကြောင့် ရုပ်က အသက်ထက်ပိုပြီး အိုနေတယ်လို့ ထင်ရတယ်။ ဘာပဲဖြစ်ဖြစ်ပါ Steve Jobs လို လူတော် တစ်ယောက်က ကမ္ဘာပေါ်မှာ အကြာကြီး ရှိနေသင့်တာပါပဲ။ Steve စွမ်းဆောင် ချက်တွေကြောင့်ပဲ ဒီနေ့အချိန်တွေမှာ Apple ဆိုတဲ့ ပန်းသီးလေး လူတွေ ကြားမှာ ပြန်မြင်နေရတာ။ မဟုတ်ရင် 96 ကျော်လောက်ကတည်းက Apple က သူများလက်အောက်ခံ ဖြစ်သွားခဲ့မှာ…
ဒီနေ့ အချိန်မှာ Apple က Steve ကြောင့် Computer အပြင် ကမ္ဘာပေါ်မှာ Mobile Devices အရေအတွက် အများဆုံးထုတ်တဲ့ ကော်ပိုရေးရှင်း ဖြစ်လာခဲ့တယ်။ အရင်က Apple Computer Inc. ကနေ Apple Inc. ဆိုပြီး ဖြစ်လာနိုင်ခဲ့တယ်။ Mobile Phone OS တွေထဲမှာ applications အများဆုံး ရှိခဲ့တယ်၊ မနေ့ကပဲ ကမ္ဘာပေါ်မှာ သီချင်းအများဆုံး ရောင်းနိုင်တဲ့ online store ဖြစ်လာခဲ့တယ်။ မနေ့က iTunes Store ကနေ သီချင်းရောင်းတာ 10 Billion အရေအတွက်ကို ကျော်သွားခဲ့ပြီ။ ဒါက ၇ နှစ်အတွင်းမှာ ရောင်းခဲ့တာ။ Steve Jobs က ကမ္ဘာပေါ်မှာ လူစိတ်အဝင်စားဆုံး Keynotes Speaker ဖြစ်ခဲ့တယ်။ Steve Jobs’ Presentations တွေ ဘာကြောင့် လူစိတ်ဝင်စားလဲဆိုတဲ့ စာအုပ်တွေလဲ သူများတွေ ရေးပြီး စာအုပ် အများကြီး ထုတ်ထားတာတွေ့ရတယ်။ CEO Of The Year ဆုတွေလဲ ရခဲ့တယ်။ ဆိုတော့ လူတော်တစ်ယောက်ဖြစ်တဲ့ Steve မွေးနေ့မှာ ပျော်ရွှင်ပြီး ကျန်းမာရေး အမြဲကောင်းနေဖို့ ဆုတောင်းပါတယ်။

emoracket said,
Wrote on February 26, 2010 @ 12:01 am
Yeah!! I wish steve for healthy…
Like or Dislike:
0
0
Ye Myat said,
Wrote on March 3, 2010 @ 3:20 pm
Happy Birthday, Steve! You the man!
Like or Dislike:
0
0
10 Things About iPad That Steve Won’t Tell You | My Burmese Blog said,
Wrote on March 11, 2010 @ 10:49 pm
[...] စိတ်မဝင်စားဘူး မတတ်နိုင်လို့ Steve Jobs ကတော့ keynotes မှာ အပြောကောင်းသူဆိုတော့ [...]
Like or Dislike:
0
0
Optimus.Prime said,
Wrote on March 28, 2010 @ 7:22 pm
တစ်ကယ်တော့ Apple ကိုကယ်တင်ခဲ့တာ Steve မဟုတ်ပါဘူး
Jonathan Ive ပါ။
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on March 28, 2010 @ 8:17 pm
တကယ်လို့ Steve Jobs သာ 97 မှာ Apple ကို ပြန်ရောက်မလာခဲ့ရင် Jonathan Ive လဲ အခု အလုပ်ရခဲ့မှာ မဟုတ်ပါဘူး ပြောရရင် သူတို့ ၂ ယောက်ထဲနဲ့ လဲ Apple ဆိုပြီး လုပ်လို့ မရပါဘူး.. အားလုံး ၉ ၀ ရာခိုင်းနှုန်းလောက် ကြိုးစားတဲ့သူတွေရှိနေမှ အလုပ်ဖြစ်မှာပါ..
Like or Dislike:
0
0