I Am ………..


Google Buzz Article has been copied without credit

မအားတာနဲ့ ဘလော့ဂ်မရေးဖြစ်တာ နဲနဲ ကြာသွားပါတယ် ဒီနေ့တော့ personal သက်သက်သာ ရေးပါရစေတော့။ ပထမဆုံး ပြောချင်တာ ကျွန်တော့်အကြောင်းပဲ Htoo Tay Zar ဆိုတာ ကျွန်တော့် နာမည် အရင်းပါပဲ။ နာမည်က မြန်မာပြည်က လူသိများတဲ့ company တစ်ခုနဲ့ သူဌေးနာမည် နဲ့ သွားတူနေတယ်။ ကျွန်တော်နဲ့ တော့ ဘာမှ မဆိုင်ပါဘူး အမျိုးလဲ မတော်ဘူး။ ခက်တာက facebook ထဲက england က အကိုကြီးတစ်ယောက်က ကျွန်တော့်ကို အဲဒီ သူဌေးသားမှတ်နေတယ် ထင်တယ်။ ကျွန်တော်ကို facebook က chat တိုင်း ဘာအကူအညီလိုလဲ ဘာလဲမေးတယ်။ တခါတလေကျတော့လဲ ရိသလိုလို လာလုပ်ပြန်တယ်။ မနေ့ကလဲ တစ်ခါ ပြည်တွင်းက ကျောင်းတွေ ကို မင်းတို့ ဝယ်လိုက်တယ်ဆို ဆိုပြီးစလာပြန်တယ်။ ကျွန်တော်တော်တော် တင်းသွားတော့ နောက်တော့ နောက်တာပါဆိုပြီးပြန်လျော့သွားပြန်တယ်။ ခဏနေတော့ မင်း facebook က friend —- ဘယ်သူ နေကောင်းလားဆိုပြီး မေးပြန်တယ်။

အမှန်တော့ သူမေးတဲ့ အကိုကြီးက ပြည်တွင်းက နာမည်ကြီး သူဌေးတစ်ယောက်ပါပဲ။ ကျွန်တော့် friend list ထဲတွေ့တော့ သူက ပိုသေချာပြီဆိုပြီး ထင်နေပုံရတယ်။ အမှန်တော့ ကျွန်တော်တို့က သိတာမကြာသေးပါဘူး ပြီးခဲ့တဲ့ BarCamp Yangon ပွဲတုန်းက အဲဒီ ပြည်တွင်း Company က ကူညီတော့မှ သိတာပါ။ အရမ်းလဲ မရင်းနှီးဘူး။ ဒါပေမယ့်ဗျာ တချို့လူတွေက ကျွန်တော့်ကို ချမ်းသာသလိုလို နဲ့ လာဆက်ဆံ ကြတာမျိုးကို မကြိုက်ဘူးဗျ။ ကျွန်တော်နဲ့လဲ ဘာမှ မပက်သက်ဘူး။ အဲဒီ အကိုက england ရောက်ပြီး အနေကြာသွားလို့ first name, last name တွေနဲ့ ယူကြတာကို အမြင်ကြာသွားပုံရတယ်။ မြန်မာ လူမျိုးမှာက first name, last name လဲ မရှိသလို နာမည်ပေးရင်လဲ မိဘ နာမည် ထည့်ပေးချင်မှ ပေးကြတာမျိုး ဆိုတာကို သူမေ့နေပုံရတယ်။ ကျွန်တော်လား ချမ်းသာဖို့နေနေသာသာ အခု စာရေးနေတဲ့ laptop တောင် battery ကြွသွားတာ မလဲနိုင်လို့ ဒီအတိုင်း ကြိုးတပ်ပြီးသုံးနေရတာ။ အဲဒီလူတွေနဲ့ အမျိုးတော်ပြီး ချမ်းသာမှတော့ ဟိုးအရင် ပိုက်ဆံ တစ်ထောင် လောက်ကို ချွေတာစုပြီး အင်တာနက်သုံးဖို့ လိုခဲ့မှာ မဟုတ်ဘူး။ အခု ချိန်လောက်ဆိုလဲ S’pore က အနုပညာကျောင်းတစ်ကျောင်းမှာ ကျောင်းတက်နေဖြစ်မှာ။ မချမ်းသာတော့ စက်ရုပ်လိုပဲ အလုပ်လုပ်နေရတယ်။

နောက် ဒီရက်မှာ အင်တာဗျူးတွေ အရမ်းရတယ်။ အင်တာဗျူးဆိုလို့ အလုပ် အင်တာဗျူးတော့ မထင်ပါနဲ့။ ကျွန်တော့် အခု ဘလော့ဂ်မှာ ထည့်ထားတဲ့ Gtalk chat ကနေ လာဗျူးကြတာရှိတယ်။ နောက် facebook ထဲက နေလာဗျူးတာတွေရှိတယ်။ Gtalk မှာ invite လုပ်ပြီး လာဗျူးတာတွေ ရှိတယ်။ ဗျူးတိုင်း ကျွန်တော် မကြိုက်တာက စပြီးမေးတာတွေက ဘယ်မှာ နေလဲ၊ အခု ဘယ်မှာလဲ ဆိုတာတွေပဲ။ ကျွန်တော်တို့တွေ အပြင်မှာ မသိတဲ့ လူတစ်ယောက်နဲ့ မိတ်ဆက်ရင် နေကောင်းလား နာမည် ဘယ်လိုခေါ်လဲ စသဖြင့် စမိတ်ဆက်ရတာပဲ။ ဘယ်မှာနေလဲ လို့ စမမေးဘူး။ မေးရင်လဲရိုင်းတယ်လို့ ခေါ်တယ်။ ကျွန်တော်က celebrity လဲ မဟုတ်ဘူး နာမည်ကျော် ဘလော့ဂ်ဂါလဲ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်မှာ နေလဲမေးရင် အဲဒီလို ဘယ်သူမှန်း မသိတဲ့သူတော့ မပြောချင်ဘူးဗျ။

ဖုံးထားတာမျိုးမဟုတ်ဘူး ရန်ကုန်က ကွန်ပျူတာ လုပ်တဲ့သူတွေ (အထူးသဖြင့် web အပိုင်း) လုပ်တဲ့သူတွေဆိုလဲ ကျွန်တော့်ကို သိတာပဲ အပြင်မှာလဲ သိတယ် ဘယ်မှာနေလဲသိတယ် ဘယ်လိုနေလဲ သိတယ်။ Outlaw လဲ မဟုတ်ဘူး။ နိုင်ငံရေးလုပ်နေတဲ့ ကောင်လဲ မဟုတ်ဘူး။ ကျွန်တော် ဘယ်နားနေလဲ ဘာတွေလုပ်လဲ ဆိုတာ ခက်ခက်ခဲခဲ စုံးစမ်းစရာမလိုပါဘူး။ အဲဒီလိုတွေ ပေါက်ကရ လူမှုရေးနားမလည်ပဲ ဘယ်မှာ နေလဲ စတဲ့ personal တွေ မေးတာတော့ ကျွန်တော် မကြိုက်ဖူးဗျ။ ဒီရက်ပိုင်းကလဲ Google Buzz အကြောင်း (Google Buzz VS Privacy) ကျွန်တော်ရေးလိုက်တာက political blog တွေမှာ ပြန်တင်ထားတာတွေ့မိတယ်။ သိတာက ကျွန်တော့် blog ကို credit link ထည့်ထားတော့ ping လုပ်တာကနေ အလိုလိုသိတယ်။ အဲဒီလို ပြန်တင်တာမျိုးကို ကျွန်တော် တားစရာမရှိပါဘူး ကျွန်တော်ရေးထားတဲ့ အတိုင်းတင်တယ် ဘာမှမပြင်ဘူး နောက် credit ထည့်ပေးတယ် ဆိုတော့ နောက် အသစ်တစ်ခုခု ရှိခဲ့ရင် စာဖတ်သူက သိနိုင်သေးတယ်။ ဘာမှမဖြစ်ဘူး။ တစ်ခုတော့ ရှိတယ် အင်တာဗျူး တချို့တော့ ဖြေလိုက်ရတာပေါ့နော်။ ဒီလိုမျိုးက ပထမဆုံးတော့လဲမဟုတ်ပါဘူး ဟိုးအရင်ကတည်းက အင်တာဗျူးဖြေဖူးပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က လူချင်းတွေ့မယ်ဆိုပြီး ချိန်းတာတောင် သွားဖြေပေးလိုက်ရသေးတယ်။

နောက် တစ်ခု ရှိပါသေးတယ် အရင်ရေးခဲ့တဲ့ Google Buzz VS Privacy ဆိုတာပေါ့။ ဒီရက်ပိုင်းမှာ forward mail တွေထဲမှာ ပါနေတယ် ပြောပါတယ်။ ကျွန်တော့်ဆီတောင် တစ်စောင်ရောက်လာသေးတယ်။ ကျွန်တော်ရေးထားတဲ့ အတိုင်းပဲ credit တော့ ဘာမှမပါဘူး။ Credit မပါတော့ ပြသနာ ရှိလာတယ်။ ကျွန်တော့် ဆိုဒ် လူမလာတာ ကိစ္စမရှိဘူး။ ကျွန်တော် အဲဒီ ပို့စ်ရေးခဲ့တုန်းက အချက်တွေ တော်တော်များများက Google က user complain တက်တာတွေကြောင့် ပြင်ပြီးသွားပြီ ဖတ်ချင်ရင် gmailblog.blogspot.com မှာ ဖတ်လို့ရပါတယ်။ တချို့တွေကျတော့ defualt မပြင်ထားဘဲ option ပေးထားတယ်။ ဆိုတော့ ကျွန်တော်ရေးခဲ့တဲ့ စာတွေက လက်ရှိ အချိန်မှာ တော်တော်များများ မမှန်တော့ဘူး။ အဲဒီလိုတွေ ဖြစ်ကုန်တယ် tech news တွေဖတ်နေကျတဲ့သူဆို ပြင်လိုက်တာသိမယ်။ မဖတ်တဲ့သူတွေ အဖို့ မသိတော့ဘူး။ ကျွန်တော် အခု ဘလော့ဂ်မှာ Google က Privacy Policy ပြင်လိုက်ပါပြီဆိုပြီး ပို့စ် အသစ်တင်လဲ forward mail ကဖတ်တဲ့သူတွေ မသိနိုင်တော့ဘူး။ ကျွန်တော် ပို့တာလဲ မဟုတ်တော့ ဘယ်သူတွေဆီရောက်မှန်းလဲ မသိဘူး။ ကျွန်တော်လဲ ပို့လို့ မရဘူး။

နောက် Ning ဆိုဒ်တွေမှာလဲ တက်နေတာတွေ့တယ် credit link မထည့်ထားတော့ ကျွန်တော်လဲ မသိဘူး။ အဲဒီပို့စ်က စာကြောင်းတစ်ကြောင်းလောက်ကို Google မှာ ထည့်ရှာ ကြည့်ရင်တွေ့ရပါတယ်။ ဟိုတစ်နေ့ကလဲ myanmaritpros.com မှာ အဲဒီပို့စ်ကိုပဲ တစ်ယောက်ပြန်တင်တာတွေ့တယ်။ သူကတော့ credit link လဲမပါဘူး forward mail က ရပါတယ်လို့လဲ မရေးတဲ့ အပြင် သူသိသလောက်ရေးထားတာပါဆိုပြီးပါ ပြောသေးတယ်။ ဖတ်လိုက်တော့ ကျွန်တော်ရေးထားတဲ့ အတိုင်း ကျွန်တော် ရိုက်တဲ့ မြန်မာစာ စာလုံး အစီအစဉ်အတိုင်းပဲ ဘာမှတောင် မပြောင်းဘူး။ ဒါနဲ့ထပ်ရှင်းရသေးတယ်။ အဲဒီ အချက်တော်တော်များများက မမှန်တော့ဘူးဆိုတဲ့ အကြောင်းပေါ့။ ကျွန်တော်ရေးခဲ့တာကလဲ Buzz Privacy အကြောင်း သက်သက် personal မကြိုက်တာ ရေးခဲ့တာ Pros And Cons ရေးထားတာမျိုးမဟုတ်ပါဘူး နောက် Complete Review သဘောမျိုးလဲ မဟုတ်တော့ လူအများကြီးဆီ ပြန့်ဖို့ကတော့ မသင့်တော်ပါဘူး။ အဆိုးဆုံးကတော့ Credit link တွေမပါတော့ ကျွန်တော် အခု စာရေးပြီး ရှင်းပြတာတောင် အချို့လူတွေဆီ ရောက်တော့မှာ မဟုတ်ဘူး။ ဒီရက်တွေကတော့ ကံကောင်းမလိုလိုနဲ့ ကံမကောင်းပါဘူးဗျာ။ ပျော်ရွှင်ပါစေ။ ။



Related Posts

24 Comments so far »

  1. kom said,

    Wrote on February 21, 2010 @ 12:46 pm

    ဟင်း (သက်ပြင်းချသွားသည်)

    Like or Dislike: Thumb up 0 Thumb down 0

  2. kom said,

    Wrote on February 21, 2010 @ 12:46 pm

    ပျော်ရွင်ပါစေ။

    Like or Dislike: Thumb up 0 Thumb down 0

  3. emoracket said,

    Wrote on February 21, 2010 @ 1:17 pm

    ဟီးဟီး…အကို့ရဲ့ အဲ့ Post ကကောင်းတာကိုးဗျ။ ခိုးချင်စရာကြီး :P

    Like or Dislike: Thumb up 0 Thumb down 0

  4. ZaunG said,

    Wrote on February 21, 2010 @ 2:45 pm

    နာမည်တူတာဆိုလို့ အခုမှသတိထားမိတယ်၊ :P

    ပျော်ရွှင်အဆင်ပြေပါစေ :)

    Like or Dislike: Thumb up 0 Thumb down 0

  5. တောင်ငူသား said,

    Wrote on February 21, 2010 @ 3:10 pm

    င့ါညီလဲ ဒုက္ခပါလားကွာ…..

    Like or Dislike: Thumb up 0 Thumb down 0

  6. sagicorns said,

    Wrote on February 21, 2010 @ 3:38 pm

    This is not a problem! Don’t care. Little bro Carry on! I think reader should not curious about blogger’s personal, anyhow. I read many blogs and strongly believe I get some info,experience..etc from individual blog to relief my daily stress,fun,new tech….etc..So no need to worry about minor group who want to know other’s personal. “Praise and blame, gain and loss, pleasure and sorrow come and go like the wind. To be happy, rest like a giant tree in the midst of them all.”

    Like or Dislike: Thumb up 0 Thumb down 0

  7. သွယ်လင်းဆက် said,

    Wrote on February 21, 2010 @ 4:52 pm

    မနေ့ကတည်းက Buzz အကြောင်းဖတ်ပြီး သတိထားမိတယ်။ တခြားဆိုက်တွေမှာလည်း
    တော်တော်တွေ့မိတယ်။ တချို့ က Credit ပေးတယ်။ တစ်ချို့ ကမပေးဘူး။ ခုလည်း
    s’pore ning ဆိုက်တစ်ခုမှာ ထပ်တင်ထားတာတွေ့လို့ပြောမလို့ဆိုပြီး ဒီဘက်လှည့်လာမှ
    အခုဒီပို့စ်ကိုဖတ်ရတာပဲ။ ခတ်တယ်ဗျာ လူတွေ။

    Like or Dislike: Thumb up 0 Thumb down 0

  8. zip said,

    Wrote on February 21, 2010 @ 5:46 pm

    စက်ရုပ်လိုဆိုတော့မှဖြင့်…. :)

    Like or Dislike: Thumb up 0 Thumb down 0

  9. Talkii said,

    Wrote on February 21, 2010 @ 7:34 pm

    အစ်ကို တစ်ခာပြောဖူးသလို ပှောတင်ကူးပော့ဗျာ။ ဘယ်တော့မှ ပျောက်မယ့် အကျင့်မဟုတ်ဘူး။ gap က အများကြီး ကွာသွားပြီ။

    Like or Dislike: Thumb up 0 Thumb down 0

  10. NweYoe said,

    Wrote on February 22, 2010 @ 9:04 am

    မလွယ် . . .
    အဆင်ပြေပါစေ :)

    Like or Dislike: Thumb up 0 Thumb down 0

  11. exiter said,

    Wrote on February 22, 2010 @ 10:00 am

    အင်းဖြစ်ရမယ် …

    Like or Dislike: Thumb up 0 Thumb down 0

  12. Ko Nyan said,

    Wrote on February 22, 2010 @ 4:22 pm

    ပြောရမယ့်လူတောင် နည်းနည်းတွန့်သွားတယ်။ ရှေ့မှာပြောထားပြီးကြပြီကိုး။ အခုလည်း ပြောမလို့ဆိုပြီးလာတာပါ။ ဒါပေမယ့် ပြောထားတာတွေက ကျွန်တော်ပြောမယ့် အကြောင်းအရာတွေပါပဲ။ အခုမှပြောတယ်ဆိုတာ အခုမှပဲ ဖော်ဝက်မေးလ်တစ်စောင် ရလို့ပါ။ Google Buzz အကြောင်း သိသမျှတဲ့။ ဖတ်ကြည့်လိုက်တော့ ကိုထူးတေဇာရဲ့ဘလောဂ်မှာ တင်ထားတဲ့အတိုင်း အားလုံးတသွေမတိမ်း။ သြော်… လက်ဆင့်ကမ်းကြတာ ဖြစ်မှာပါဆိုပြီး အောက်မှာကြည့်တော့လည်း ဘာ credit မှ ပေးထားတာ မတွေ့ရဘူး။ အတော်စိတ်ရှုပ်သွားတယ်။ ပိုဆိုးတာက အပေါ်ဆုံးမှာ မြန်မာချစ်သူဘလော့ဂ်က ဆိုတာပါတော့ အဲဒီမှာတော့ ကိုထူးတေဇာဆီက ကူးယူထားကြောင်း ပြောထားလေမလားဆိုပြီး လိုက်ရှာရတယ်။ အဲဒီ ning site ကို ၀င်ဖို့အတွက် မန်ဘာအကောင့် မရှိသေးတဲ့အတွက် sign up လုပ်ပြီးတော့ကို ၀င်ရှာလိုက်တယ်။ တွေ့ပါသကောဗျာ။ တွေ့တာမှ ခန့်ခန့်ကြီးကို တွေ့တာ။ မြန်မာချစ်သူများ ning site တစ်ခုမှာ။ (http://loverworld-myanmar.ning.com/profiles/blogs/google-buzz?xg_source=activity) ဘယ်သူရေးထားသလဲဆိုတာလည်း မပြောထားဘူး။ Posted by မြန်မာချစ်သူ တဲ့။ အတော်လေးကို စိတ်ကသိကအောက် ဖြစ်သွားတယ်။ အောက်မှာလည်း ကွန်းမန့်တွေ ရေးထားကြတယ်။ အဲဒါကိုလည်း အရှက်မရှိ ဖတ်နေရဲတဲ့ မြန်မာချစ်သူ ဆိုတာကို ဘယ်လိုမှကို နားလည်ပေးလို့ မရဘူး။ ပြောစရာ စကားလုံး ရှာမရတော့ဘူး။ ကျွန်တော်ဒီလိုတွေ ပြောနေတော့ ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲ ဖြစ်နေဦးမယ်ထင်တယ်။ မတတ်နိုင်ဘူးဗျာ။ ခံစားဖန်တီးသူတွေရဲ့ ခံစားချက်ကို နားလည်လို့ပါ။ ကိုယ်က အပင်ပန်းခံရေးထားတာတောင် ကိုယ့်နာမည်လေးတစ်လုံး တပ်မပေးချင်တဲ့လူတွေအတွက် စိတ်ညစ်ရတာ များလှပါပြီ။ ဘယ်လောက်ပြောပြော သိမှာမဟုတ်ပါဘူး။ ဘယ်အချိန်မှ သိမလဲဆိုရင် သူတို့ကိုယ်တိုင် ဖန်တီးတဲ့လူ ဖြစ်တဲ့အချိန်ကျရင် သိလိမ့်မယ်။ မဟုတ်ရင်တော့ သိကြားမင်းဆင်းပြောလည်း နားလည်ကြမယ်မထင်ဘူး။ သူများတွေ ပြောထားတာတွေဖတ်ပြီး မပြောတော့ဘူးလို့ နေမလို့ပဲ။ ပြောချင်လွန်းလို့ ၀င်ပြောသွားပါတယ်။ ကျေးဇူးပါ။

    Like or Dislike: Thumb up 0 Thumb down 0

  13. Ko Nyan said,

    Wrote on February 22, 2010 @ 4:41 pm

    (ကျွန်တော့်ရဲ့ ကွန်းမန့်ကို သူတို့ဘလော့ဂ်ကနေ ဖျက်ပစ်ချင် ဖျက်ပစ်နိုင်တဲ့အတွက် ဒီနေရာမှာ ကော်ပီပေ့စ်လုပ်ထားလိုက်ပါတယ်။ ဒီအတိုင်း သိမ်းထားမလို့ပါပဲ။ သူတို့လည်း လာဖတ်ကြည့်ရင် တွေ့အောင်လို့ တမင်တင်ပေးထားလိုက်တာပါ။ ကိုထူးတေဇာဘလော့ဂ်မှာ အမှိုက်ရှုပ်သလို ဖြစ်သွားရင် ဆောရီးပါနော်)
း)
    ဒီပို့စ်ဟာ ကိုထူးတေဇာရဲ့ ဘလော့ဂ်က ပို့စ်ပါ။ ကိုထူးတေဇာကိုယ်တိုင် ရေးထားတဲ့ပို့စ် ဖြစ်ပါတယ်။ သိလို့ပဲဖြစ်ဖြစ်၊ မသိလို့ပဲဖြစ်ဖြစ် ဘာ credit မှ ပေးမထားတဲ့အတွက် စိတ်မကောင်းဖြစ်ရသလို ဒီစာမျက်နှာကိုလည်း (အမှန်အတိုင်းပြောရရင်) အထင်သေးသွားမိပါတယ်။ အခုဖော်ပြထားတဲ့ပို့စ်ကို ဖော်ဝက်တွေ လုပ်နေကြလို့ လာကြည့်ရင်း ရောက်လာတာပါ။ ဒီမူရင်းဆိုဒ်မှာ credit ပေးထားပါလျက်နဲ့ ဖော်ဝက်လုပ်သူတွေက အလွယ်ပဲ လုပ်ကြတယ်ထင်လို့ပါ။ ဒါပေမယ့် ဒီမှာလည်း မတွေ့တဲ့အတွက် စိတ်မကောင်းပါဘူး။ ကိုယ်တိုင်လက်နဲ့ ဖန်တီးထားတဲ့ အရာတစ်ခုဟာ အခြားတစ်ယောက်အတွက် အသုံးဝင်တယ်ဆိုရင် ဖန်တီးတဲ့လူအတွက် ပီတိဖြစ်စရာ၊ ကျေနပ်စရာ၊ ဂုဏ်ယူစရာပါ။ ဒါပေမယ့် အဲဒီဖန်တီးပေးသူကို လျစ်လျူရှုပြီး ကိုယ့်ဘာသာကိုယ် ဖန်တီးသယောင် လုပ်တာမျိုးကတော့ လူကြီးလူကောင်း မဆန်ဘူးလို့ ထင်ပါတယ်။ မြင်သာအောင် ပြောရရင် ဘောလုံးသမားတွေ ဂိုးသွင်းနိုင်တဲ့အခါ သူတို့ကို အဆင်သင့်သွင်းနိုင်အောင် ဖန်တီးပေးလိုက်တဲ့ စကားသမားကို လက်ညှိုးထိုးပြီး ပြေးဖက်တာ၊ ဂုဏ်ပြုတာမျိုး မြင်ဖူး၊ ကြည့်ဖူးကြမှာပါ။ တီဗီကနေ တစ်ဆင့်ခံ ကြည့်နေရသူတွေအတွက် ဘယ်လောက်များ ပီတိဖြစ်ရပါသလဲ။ အဲဒီလို အသိအမှတ်ပြုခံရတဲ့ ဘောလုံးသမားဆိုရင် ကြည့်နေတဲ့လူတွေထက် ပိုမှာပေါ့။ ဂိုးသွင်းသူက နာမည်ထိုးခံရတယ်၊ ပရိသတ်သြဘာပေးခံရတယ်၊ နာမည်ကြီးတာ မှန်ပါတယ်။ ဒါပေမယ့် ဂိုးသွင်းပြီးတဲ့ အခိုက်အတန့်လေးခဏမှာ ဖန်တီးပေးသူကို လက်ညှိုးလေးတစ်ချက် ထိုးပြတာပဲဖြစ်ဖြစ် လုပ်လိုက်ခြင်းဟာ သူ့ရဲ့ သိတတ်မှု၊ ရင့်ကျက်မှုကို ဖော်ပြတယ်ဆိုတာလောက်တော့ နားလည်ကြမယ်ထင်ပါတယ်။ ထားပါတော့။ ဆရာဝင်လုပ်နေတာ မဟုတ်ပါဘူး။ ဒီကလူအများစုဟာ လူငယ်တွေပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ လူငယ်ဆိုတာ အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်တွေပါ။ အဲဒီ ပဲ့ကိုင်ရှင်တွေကို လူကြီးလူကောင်းလေးတွေ ဖြစ်စေချင်ပါတယ်။ ဖန်တီးပေးသူကို ဂုဏ်ပြုတတ်တဲ့ ဂိုးသွင်းသူတွေ ဖြစ်စေချင်ပါတယ်။ အဲဒါကြောင့်ပါ။ ကိုထူးတေဇာနဲ့ ကျွန်တော်က ဘာမှ ပတ်သက်မှု မရှိပါဘူး။ လူချင်းလည်း မရင်းနှီးပါဘူး။ စာတွေဖတ်ပြီး စာတွေကတစ်ဆင့် ရင်းနှီးရုံသက်သက်ပါ။
    သူက ဖတ်စေချင်လို့ ရေးထားတာလေးတွေကိုလည်း သွားဖတ်ကြည့်စေချင်ပါတယ်။
    ၁။ Google Buzz Buzzing Around The Web Again
    ၂။ Google Buzz Vs Your Privacy
    ၃။ ဖော်ဝက်တွေလုပ်ပြီး သူ့နာမည်ကို မဖော်ပြတဲ့အပေါ် သူ့ရဲ့ ခံစားချက် တစ်စိတ်တစ်ဒေသကို သိချင်လျှင်
    ကျွန်တော့်စာကို ဖတ်တဲ့အတွက်ရော၊ ထင်ချင်သလို ထင်ကြတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်။

    Like or Dislike: Thumb up 0 Thumb down 0

  14. khet myint myint said,

    Wrote on February 22, 2010 @ 9:38 pm

    Google Buzzအကြောင်း ဒီဘလော့မှာ လာဖတ်ပြီးမှ သိတာပါ၊ facebook မှာတောင် ထူးတေဇာ ဘလော့လင့်ပေးပြီး သူငယ်ချင်းတွေ သိအောင် တင်ထားသေးတယ်။ logorama အကြောင်းဆိုလဲ ဒီအတိုင်းပဲ ၊ ဒီမှာဖတ်မိပြီးမှ သိတယ်။ အသစ်အဆန်းလေးတွေ မျှတတ်တဲ့အတွက် ကျေးဇူးတင်တယ်။ ကိုယ့်အားထုတ်မှုမဟုတ်တဲ့ တခြားသူလက်ရာကို credit မပေးဘာမပေးနဲ့ ကိုယ်လုပ်သယောင် ဟန်ဆောင်တာကတော့ လွန်ပါတယ်။ အများစုသော Myanmar Ning site တွေက သူများလက်ရာတွေ ပြန်တင်ကြတဲ့ လက်ဝေခံအဆင့်သာသာပဲ။ ဖောင်းပွလွန်းတယ်။

    ခမမ

    Like or Dislike: Thumb up 0 Thumb down 0

  15. Ko Nyan said,

    Wrote on February 23, 2010 @ 10:50 am

    ကိုထူးတေဇာရေ…
    ကျွန်တော်တော့ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်နေပြီဗျို့။ အလကားနေရင်း မနေနိုင်မထိုင်နိုင် ကျွန်တော့်ပို့စ်ကို ကူးယူခိုးချတာလည်း မဟုတ်ဘဲနဲ့ မနေ့က ကွန်းမန့်တွေ ၀င်ရေးမိတယ်။ ကိုယ်ပြောချင်နေတဲ့ အရာတစ်ခုကို လွတ်လွတ်လပ်လပ် ပြောလိုက်ရလို့ စိတ်ထဲမှာပေါ့သွားတာတော့ အမှန်ပါပဲ။ နောက်တစ်ခုက မလုပ်သင့်တဲ့ အလုပ်တစ်ခုကို လုပ်နေတာ မြင်နေပါလျက်နဲ့ ဒီအတိုင်းကြည့်နေရင် တာဝန်မကျေဘူးလို့ ခံစားမိတာကြောင့်လည်း ပါပါတယ်။ အခုတော့ တာဝန်ကျေ အခမဲ့ကူလီကြီးကျွန်တော် ပိုလို့ စိတ်ညစ်နေရပြီ။ ကိုထူးတေဇာရဲ့ ပို့စ်ကြောင့် ဖြစ်ခဲ့ရတာဆိုတော့ ထုံးစံအတိုင်း ဒီနေရာမှာပဲ ဇာတ်လမ်းရှည် ကပါရစေဦးနော်။ ကျွန်တော့်ဘလော့ဂ်မှာလည်း သီးသန့်ရေးဖို့ အစီအစဉ်ရှိပါတယ်။ လောလောဆယ်တော့ ဒီနေရာမှာ တစ်စုတစ်စည်းတည်း ဖြစ်နေတာ အကောင်းဆုံးဖြစ်မယ်ထင်လို့ပါ။ အားလုံးအေးဆေးဖြစ်မှပဲ ကျွန်တော့်ဘလော့ဂ်မှာ ရေးတော့မယ်။ တော်ကြာ အလကားနေရင်း နာမည်ကြီးချင်လို့ ထလုပ်တယ်ဖြစ်မှာလည်း ကြောက်ရသေးသကိုး။

    မနေ့က ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်သွားမိတဲ့ ning site တစ်ခုမှာ ကွန်းမန့်ရေးခဲ့တယ်ဆိုတဲ့အကြောင်းကို ဆက်ပါရစေဦး။ စောစောက အီးမေးလ်စစ်တော့ အဲဒီဆိုဒ်က အီးမေးလ်တစ်စောင် ရောက်နေတယ်။ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
    ********
    အကုန်လုံးတူပါသလားခင်ဗျ…အဲဒီ့တစ်ခုပြောမယ်..လောင်းကြေးထပ်ပြီး..
    ကျွန်တော်ထိပ်တိုက်ရှင်းရဲပါတယ်ဗျာ….ကျွန်တော်နဲ့..ကျွန်တော့်ဆရာ.
    နှစ်ယောက်ပေါင်းပြီး..ခေါင်းချင်းဆိုင်ပြီးရေးထားတာပါ..မယုံရင်.
    .ကိုဇင်…
    ********
    ကဲ… ဖတ်ကြည့်စမ်းပါဦး။ မနေ့ကတည်းက ကျွန်တော်ရေးချင်ရာကို ရေးပြီးပြီဖြစ်တဲ့အတွက် ဒီကိစ္စအပေါ် ဘယ်လိုမှ မခံစားရတော့တာကို ၀န်ခံပါတယ်။ ဒါပေမယ့် ဒီမေးလ်ကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်စိတ်ကို ဘယ်လိုမှ မထိန်းနိုင်တော့ဘူး။ အဲဒီပို့စ်ကို မူလရေးတဲ့လူကိုတင် မဟုတ်ဘဲ စေတနာသက်သက် (သူပြောသလို မယုံရင်… ပေါ့ဗျာ) နဲ့ ၀င်သတိပေးမိတဲ့ (အခုတော့ လျှာရှည်မိတယ်လို့ ခံစားနေရပါပြီ) ကျွန်တော့်ကိုပါ ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တာလို့ မြင်မိပါတယ်။ ကျွန်တော်ကပဲ မဟုတ်ကဟုတ်က ဇာတ်လမ်းဆင်ပြီး သူတို့ရေးထားတာတစ်ခုကို မနာလိုဝန်တိုဖြစ်ပြီး ရေးထားတယ်လို့များ မှတ်ထင်နေသလား မပြောတတ်ပါဘူး။ ပြီးတော့ ကျွန်တော်ဘယ်သူ့ဆီက ဖော်ဝက်ရလို့ပါ ဘာညာဆိုပြီး လျှောချလို့လည်း ရပါတယ်။ နားလည်ပေးမှာပါပဲ။ အခုလိုမျိုး အတင်းကာရော ဘူးခံနေတာကျတော့ တမင်ကို မျက်နှာပြောင်တိုက်တာလား၊ တစ်ခုခုပဲလားဆိုတာ မစဉ်းစားတတ်တော့ဘူး။

    အဲဒါနဲ့ သူတို့ရဲ့ အကောင်းစား ning site ကို ထပ်ဝင်ကြည့်ပါတယ်။ ကျွန်တော့်အတွေ့အကြုံတွေက အလကားရခဲ့တာမှ မဟုတ်တာဗျာ။ ထင်ထားသလိုပါပဲ။ အဲဒီပို့စ်မှာ ကျွန်တော်ပေးထားတဲ့ ကွန်းမန့်ကို ဖျက်ပစ်ထားတယ်။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကို ဖြေဖို့တာဝန် သူတို့မှာ မရှိဘူးလား။ သူ့ကို အထင်ကြီးနေတဲ့ အခြားလူတွေရဲ့ အထင်အမြင်သေးမှာကို ကြောက်လို့လား။ ကျွန်တော်တောင် ကျွန်တော့်အီးမေးလ်လိပ်စာ အတိအကျ၊ ကျွန်တော့်နာမည်အတိအကျနဲ့ ရေးခဲ့သေးတာပဲ။ သူတို့က မှန်တယ်ဆိုရင် ဘာကိစ္စ ကျွန်တော့်ကွန်းမန့်ကို ဖျက်ပစ်ရတာလဲ။ တကယ်ဆိုရင် ဆင်မည်းကသာ ဆင်ဖြူကို ကြောက်ရမှာပါဗျ။ ကျွန်တော်က အလကားနေရင်း လုပ်ကြံအပြစ်ရှာ ရေးထားတာဆိုရင် သူတို့အနေနဲ့ အနေသာကြီးပါ။ အခြားလူတွေကလည်း ကျွန်တော့်ကို ဒီအတိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ ၀ိုင်းဆော်ကြမှာပါပဲ။ အခုကျွန်တော် သူတို့ကို ဆော်သလိုပေါ့ (ဆော်တယ်လို့ တမင်သုံးတာပါ။ အစကတော့ ထောက်ပြဝေဖန်တာဖြစ်ပေမယ့် အခုအချိန်ကစပြီး အဲဒီလူ ၀န်မခံမချင်း ဆော်ပါတော့မယ်)

    အဲဒီပို့စ်ရဲ့ အပေါ်ဆုံးမှာ အသစ်တစ်ခုတော့ ထပ်ရေးထားသေးသဗျ။ သဘောကျစရာ ကောင်းလွန်းလို့ ဖတ်ကြည့်ပါဦး။
    ***********
    ကျွန်တော်လည်းအရမ်းသိလို့မဟုတ်ပါဘူး.အတွေ့အကြုံလေးကိုမျှပေးလိုက်ပါတယ်..
    အဲ..တစ်ခုပြောဦးမယ်ဗျ..comment တစ်ခုတက်လာလို့..ကျွန်တော်တောင်လန့်သွားတယ်
    တခြားကိစ္စတော့မဟုတ်ပါဘူး..ဒီပိုစ့်ကို..ကိုထူးတေဇာဆိုလား..အဲဒီ့လူရေးတာတဲ့..
    ကျွန်တော်ကကူးချတယ်ပေါ့ဗျာ..ကျွန်တော်တစ်ခုပြောမယ်..ဘယ်သူ့ဆီကကူးတယ်ဆိုတာကို
    ကျွန်တော့်ဘလော့ပိုစ်တိုင်းမှာဖေါ်ပြခဲ့တယ်..ကိုယ်ပိုင်ဆိုတာသိပ်မရှိပါဘူး.forwordကရတာတွေရယ်
    တခြားဆိုက်တွေကယူတာတွေရယ်.များပါတယ်..ဒါပေမယ့်ဒီပိုစ့်ကိုတင်တာ.ဘယ်သှူ့ဆီကမှ.
    ကူးယူထားခြင်းမဟုတ်ပါဆိုတာ.ကို..ကျွန်တော်အသက်ကိုပါ.လောင်းကြေးထပ်ရဲပါတယ်…
    ***********
    ဒီနေရာကနေပဲ စိန်ခေါ်တယ်ဗျာ။ ခင်ဗျားလောင်းကြေးကို လက်ခံတယ်။ ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော်မသိဘူး၊ ဘယ်လိုလူစားလဲဆိုတာလည်း သေသေချာချာ မသိဘူး (အရင်ကပြောတာ)။ အခုတော့ ဒီပို့စ်တစ်ခုတည်းနဲ့တင် ဘာကောင်လဲဆိုတာ သေချာသိသွားပြီ။

    အခုတော့ အလုပ်လေးပေါ်လာလို့ လစ်လိုက်ပါဦးမယ်။ မပြီးသေးပါဘူး ဆက်ပါဦးမယ်။ ပြန်လာခဲ့ပါ့မယ်။

    သြော်.. အဲဒီပို့စ်ကို သူခိုးကျင့်သူခိုးကြံနဲ့ ဖျက်ပစ်မှာစိုးလို့ သိမ်းထားတယ်ဗျ။ ဓာတ်ပုံလည်း ရိုက်ထားတယ်။ တော်ကြာ ကလေးကလားတွေ လုပ်နေမှာစိုးလို့။း)

    Like or Dislike: Thumb up 0 Thumb down 0

  16. Ko Nyan said,

    Wrote on February 23, 2010 @ 3:32 pm

    အဲဒီဆိုဒ်မှာလည်း ၀င်ရောက်သြဘာပေးထားကြတာ များနေပြီဖြစ်လို့ ကျွန်တော့်ရဲ့ဆော်ပလော်တီးမှုကို ရပ်လိုက်ပါပြီ။း)

    Like or Dislike: Thumb up 0 Thumb down 0

  17. Ko Nyan said,

    Wrote on February 24, 2010 @ 8:02 am

    ဒီနေ့မနက်ကြည့်တော့ http://loverworld-myanmar.ning.com/ မှာ Google Buzz အကြောင်း သိသမျှဆိုတဲ့ပို့စ် မရှိတော့ဘူး။ ဘာမှလည်း ကြေညာထားတာ၊ တောင်းပန်ထားတာ မတွေ့ရဘူး။ သူတို့ပဲ အသက်ကြေး လောင်းမလေးဘာလေး ပြောထားပြီးတော့ အခုလို လုပ်သွားတာကတော့ ဖြစ်သင့်၊ မဖြစ်သင့် မစဉ်းစားချင်တော့ပါဘူး။ တစ်ခုပဲ အဲဒီပို့စ်ကို ဖျက်ပစ်ရင်တောင် အဲဒီပို့စ်မှာ ၀င်ရေးသွားကြတဲ့ ကွန်းမန့်ရှင်တွေကိုတော့ အားနာသင့်တယ်။
    နောက်တစ်ခု တွေးမိတာက လောင်းကြေးထပ်တဲ့လူများ သူ့စကားအတိုင်း အသက်အသေခံသွားပြီလားလို့ပါ။း)

    Like or Dislike: Thumb up 0 Thumb down 0

  18. exiter said,

    Wrote on February 24, 2010 @ 10:57 am

    ရှက်ပြီး ကို့ဘာသာသတ်သေသွားတာ ဖြစ်ဖို့များတယ် Ko Nyan ရေ … LOL .

    Like or Dislike: Thumb up 0 Thumb down 0

  19. satan24 said,

    Wrote on February 26, 2010 @ 10:25 am

    စိတ်လျှော့ဟငါညီးရ

    Like or Dislike: Thumb up 0 Thumb down 0

  20. aungbanthar said,

    Wrote on February 27, 2010 @ 4:42 am

    တစ်ခါမှတော့ဒီဆိုဒ်မှာကော်မန့်မရေးဖူးဘူးဗျ :D ကူးတဲ့လူမလဲတစ်ဒုက္ခ ပထမကူးတဲ့လူက credit မပေး
    အဲဒီမပေးတဲ့ ဆိုဒ်က နောက်တစ်ယောက်ကကူး သူကလဲ credit ပေးတော့ပေးတာပဲ သို့သော် တလွဲကြီး
    အဲဒါနဲ့ ရေးထားတဲ့ပို့စ် ထဲက နဲနဲကို copy လုပ်ပြီး google မှာ ရှာကြည့်တော့ အားပါးပါး …….
    မူပိုင်ကဘယ်သူမှန်းကိုမသိတော့ဘူးဗျို့ ပုံမှန် apps download လင့်လောက်က နဲနဲတော်သေး
    ဘာသာပြန်ထားတာဖြစ်ဖြစ် ကိုယ်ပိုင်အတွေ့အကြုံ ခံစားတာတွေရေးထားတဲ့ ဟာတွေကို credit မပေးပဲ
    တင်ထားတာတော့ တော်တော်ဆိုးတယ် ဖတ်တဲ့လူကလဲ မသိကျတော့ဘူး ကျေးဇူးတင်ပါတယ်
    နောက်ဒါမျိုးလေးများများရေးပေးပါတဲ့ :D ကူးတဲ့လူကြီးကလဲ “ကျွန်တော် ကြိုးစားပါ့မယ် အဲလိုအားပေးတဲ့
    အတွက် ကျေးဇူးပါ” တို့ဘာတို့ လုပ်တယ်ဗျ
    (မနေနိုင်လွန်းလို့ ဆော်ပလော်တီးတဲ့ထဲနဲနဲရေးလိုက်တယ် :) )

    Like or Dislike: Thumb up 0 Thumb down 0

  21. kom said,

    Wrote on February 28, 2010 @ 7:44 am

    ရယ်ရတယ် အဲဒီလူသေသွားပြီထင်တယ်။ အရှက်နဲ့လဲသွားသွားတာဖြစ်မယ်။

    Like or Dislike: Thumb up 0 Thumb down 0

  22. Ye Myat said,

    Wrote on March 3, 2010 @ 3:05 pm

    ကျွန်တော်ကတော့ ဒီကိစ္စကို မနေနိုင်လို့ အခမဲ့ ကူလီ ၀င်ထမ်းနေပါတယ်။ ပြဿနာက မပြီးသေးပါဘူး။ ဒီလူလဲ (ကောင်းထက်) အခုထိ ၀န်မခံပဲ ပတ်ရမ်းနေပါတယ်။

    Like or Dislike: Thumb up 0 Thumb down 0

  23. Hlaing Min said,

    Wrote on March 7, 2010 @ 11:11 pm

    ဟီး ဒီနေ့ ပဲ ကိုထူးတေဇာကို ဘယ်မှာ နေလဲ မေးမိတယ်။ တကယ်က နာမည်က သိပြီးသားမို့ မမေးတော့တာပါ

    Like or Dislike: Thumb up 0 Thumb down 0

  24. mgko87 said,

    Wrote on August 10, 2010 @ 2:42 pm

    အကိုမြန်မာပြည်လည်ကော်ပီတော်တော်လုပ်ကြတယ်ဗျာ…….ခုဟာကကော်ပီတောင်မဟုတ်ဘူးပုံတူခိုးချတာပဲးဗျ………စိတ်လျော့ပါဗျာ…..ကော်ပီဘယ်လိုကောင်ကောင်မူရင်ကိုမှီပါဘူဗျာ……..ကော်ပီဟာကော်ပီပါပဲး……..မရှတ်တတ်တဲ့သူအတွက်တော့မျက်နှာပြောင်တယ်ဗျာ……….အကို့နေရာဆိုကျွန်တော်ရှာပြီးတီမိမှာဗျ……….အဲဒါကြောင့်မြန်မာပြည်ကြီမတိုးတတ်တာ……..

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: