iBook is Great But
Apple ရဲ့ iPad က မကြာခင် ထုတ်တော့မယ်။ 27 ရက်နေ့က Steve Job ရဲ့ Presentation Keynote ကို ဒီနေ့မနက် အားနေတာနဲ့ ထိုင်ကြည့်မိတယ်။ ပြီးတော့ Apple.com/iPad မှာ လဲနောက်တစ်ခေါက်သွားကြည့်မိတော့ သတိထားမိတာ တွေ့လို့ ပြန်တင်ပါတယ်။ အခု ထွက်မယ် iPad မှာ အရင် iPhone, iPod Touch တွေနဲ့မတူပဲ Store ၃ ခုပါမှာပါ။ iTunes Store, App Store နဲ့ အခုအသစ်ပါမှာက iBooks ဆိုတဲ့ စာအုပ်ဆိုင် ပါ။

iBooks က မိုက်တယ်.. စာအုပ်တွေအတိုင်း touch နဲ့ စာရွက်လှန်ဖတ်လို့ရတယ်။ ပေးထားတဲ့ ဖောင့် ၁၀ မျိုးလောက်ထဲက လိုချင်တာ ပြောင်းလို့ရတယ်။ စာလုံးတွေလဲ ကြီးလို့ရတယ်။ ဒီနေ့ အဲဒီ ဗီဒီယို ပြန်ကြည့်မိတော့မှ အောက်မှာ တွေ့တဲ့ စာသားကြောင့် ပြန်တင်ဖြစ်တာပါ။ iBooks available in the U.S only တဲ့။ ဆိုတော့ အခြားနိုင်ငံတွေက သုံးလို့မရသေးဘူးဆိုတဲ့ သဘောပါပဲ။ ကျွန်တော်တို့ iPad ကို နောက် ၃ လလောက်နေမှ ဝယ်လို့ရရင်တောင် iBooks က သုံးလို့ ရသေးမှာမဟုတ်ဘူး။ နှစ်ကုန်ခါနီးလောက်မှ ရမယ့် သဘောမှာရှိတယ်။

နောက် ပြသနာ တစ်ခုက iBooks ကို Keynote မှာ စမြင်ကတည်းက သတိထားမိတယ် User Interface က Classic ဆိုတဲ့ အိုင်ဖုန်း application နဲ့ သွားတူနေတာပါ။ စာရွက်လှန်တဲ့ ပုံစံတွေကော စာလုံး default font တွေပါတူပါတယ်။ Classic က နာမည်ကျော် ပုံပြင်စာအုပ်တွေ ဖတ်လို့ရတဲ့ application တစ်ခုဖြစ်ပါတယ်။ 27 ရက်နေ့က Keynote live ပြနေကတည်းက Classic နဲ့တူတယ်လို့ တွေးမိတယ်။ Shipley ကလဲ tweeter မှာ ဒီလိုရေးထားတယ်လို့ သတင်းတွေ ဖတ်ရတယ်။
I guess it’s not enough Apple has hired every employee who worked on Delicious Library, they also had to copy my product’s look. Flattery?

နောက်ထပ်တူတာက Mac Applicaiton Delecious Library 2 နဲ့ တူပြန်တယ်။ အဲဒါကတော့ Delecious Monster က developer တွေ Apple ပြောင်းကုန်လို့လို့ ပြောပါတယ်။ Apple အနေနဲ့ Classic လို application က UI အကုန်နီးပါးကူးချတာကတော့ စိတ်ပျက်စရာကောင်းတယ်။ အနည်းဆုံးတော့ အသိပေးထားသင့်တယ်။ Classic, Delecious Library 2 တို့ ကလည်း UI အတွက် ဘာမှ မှတ်ပုံတင်မထားဘူးလို့ သိရတယ်။
ဆိုတော့ Apple iBooks ကလာခြင်းတော့ နဲနဲမကောင်းဘူး။ အခြား Kindle တွေထက် စာအုပ်ဈေးသက်သာရင် မပြောတတ်ဖူး။ နောက် .pdf ပေးဖတ်မယ်လဲ မထင်ဘူး။ .pdf အတွက် iPad မှာ third party apps တွေကို စောင့်ရမယ်။ iPhone မှာတော့ Reddle, Documents App တွေ ရှိပြီးသားပါ။ သုံးလို့တော့ရတယ် ဒါပေမယ့် ဟိုကောင်တွေက iPhone အတွက်ပဲ အဓိကရေးထားကြတာ။ iPad မှာ စာအုပ်ဖတ်ဖို့ကတော့ စောင့်ရမယ့် အပြင် ပိုက်ဆံပါပေးဝယ်ရမှာ သေချာသလောက်ပါပဲ။ ။



sagicorns said,
Wrote on February 6, 2010 @ 5:33 pm
hi younger bro thx for sharing wow… so can save some money lah! I also faced problem for 3GS iPhone…:P
Htoo Tay Zar said,
Wrote on February 9, 2010 @ 11:46 pm
Yes, I don’t have plan to buy iPad Bro (No money too =D )
10 Things About iPad That Steve Won’t Tell You | My Burmese Blog said,
Wrote on March 11, 2010 @ 10:50 pm
[...] iPad မှာ build-in ပါမယ့် iBook Store ဆိုတာရှိတယ်။ စာအုပ်တွေ [...]