Is it Myanmar Font Rendering Problems?
iPhoto ထဲမှာ album အဟောင်းတစ်ခု ပြန်တွေ့လို့ တင်လိုက်တာပါ။ ပြီးခဲ့တဲ့ နှစ် အစပိုင်းတုန်းက မိသားစု ခရီးထွက်တုန်းက ရွှေလီ (Ruili, China) မြို့ထဲမှာ ရိုက်ထားတဲ့ ပုံတွေထဲက တစ်ချို့ပါ။ ပို့စ်ခေါင်းစဉ်ကိုတော့ ဟာသဖြစ်အောင် Myanmar Font Rendering Problems လို့တပ်ထားလိုက်တယ်။ အမှန်ကတော့ ဘာမှမဆိုင်ပါဘူး.. ဟာသပေါ့။ အဲဒီမှာက နယ်စပ်ဆိုတော့ မြန်မာလိုတွဲပြီး ဆိုင်းဘုတ်တွေ ရေးတာ သူတို့ ရေးထားတဲ့ အလွဲတွေ ဓာတ်ပုံရိုက်ထားတာပါ။ အဲဒီမှာ ဆိုင် 90% လောက်က တစ်ခုမဟုတ် တစ်ခုတော့ လွဲနေတာပဲ။
အပေါ်ဆုံးပုံဆိုကြည့် “ငါးငယ်ကလေး” ဖြစ်ရမှာ “ငါးက ငယ်လေး” ဖြစ်နေတယ်။
ဒီအောက်က တစ်ခုကတော့ ကွန်ပျူတာ ဆိုင်ပဲ သူရေးထားတာ ဘာဆိုလိုတာလဲ နားတော့လည် တယ် ကျွန်တော် အသံထွက်ပြီးတော့တော့ မဖတ်တတ်ဖူး။ စာဖတ်သူတော့ ဖတ်တတ်မယ်ထင်တယ်
တော်သေးတယ် စာလုံးကို တရုတ်စာလိုမျိုးတွေ ဒေါင်လိုက်ရေးတာ အောက် တစ်ကြောင်းဆင်းရမှာမျိုးကို သိပေလို့ မဟုတ်ရင် “ေ” တစ်လုံး “ရ” တစ်လုံး တွေ ဆင်းနေရင် ဘာမှကို နားလည်တော့မှာ မဟုတ်ဘူး။
ဒီတစ်ခုက လက်လီ၊ လက်ကား လို့ ဆိုလိုချင်တာ။

ဒီအောက်ကတစ်ခုက ထမင်းကြော် ဆိုင် အားလုံးမှန်ပေမယ့် ရရစ်မှာ အကြီး၊ အသေးမှားနေတယ်။ Unicode သုံးရင် အလိုလျောက်ပြင်ပေးမှာ ဝင်ကြော်ငြာလိုက်ရမှာ မေ့သွားတယ်။ ![]()

ဒီအောက်ဆုံးက တစ်ခုကတော့ အမေ့သူငယ်ချင်း တရုတ်ဆိုင်မှာ စာပို့သမား လာပေးသွားတာ။ ဆိုင်ထဲမှာ အစောပိုင်းထိုင်နေကတည်းက သတိထားမိတယ် အိမ်တိုင်း၊ ဆိုင်တိုင်း လိုက်ဝေနေတာ ဘာလဲ မသိဘူးဆိုပြီး ကြည့်နေတာ။ ကိုယ့် ဆီရောက်မှ သေချာကြည့်လိုက်တော့ မြန်မာ စကားပြော လေ့ကျင့်ရေးစခန်း ဆိုတဲ့ သင်တန်းကြော်ငြာ ဖြစ်နေတယ်။ သင်တန်း ကြော်ငြာကိုက ရီနေရတော့ ရယ်စရာ မဂ္ဂဇင်း ထဲက ဟာသ ကြော်ငြာတွေ ဖတ်နေရသလိုကို ရီရတယ်။ သူက စ လုံးနဲ့ မြန်မာ စာလုံး ၈ ကို မှားပြီးလဲ သုံးထားသေးတယ်။ ဟာသအနေနဲ့ တင်လိုက်တာပါ။ နောက်မှ အဲဒီ အလွဲတွေ အကြောင်းဆက်ပါဦးမယ်။ ပျော်ရွှင်ပါစေ။
P.S ~ စာလုံးများ မသဲကွဲပါက ဓာတ်ပုံပေါ် ကလစ်နှိပ်ပြီး ကြည့်နိုင်ပါတယ်။




khet myint myint said,
Wrote on February 22, 2010 @ 11:53 pm
ပုံတွေကြည့်၊ သဘောကျ၊ ရယ်မိ …
Like or Dislike:
0
0
mandy said,
Wrote on February 22, 2010 @ 11:59 pm
ဟားဟား အူနာလို့သေတော့မယ်။ နောက်ဆုံးပုံက အရီရဆုံးပဲ။ ရှယ်ပေးတဲ့အတွက် ကျေးဇူးပါ။
Like or Dislike:
0
0
saund said,
Wrote on February 23, 2010 @ 1:46 am
အောက်ဆုံးပုံကတော့ ရယ်ရတယ် သင်တန်းပေးတဲ့သူက ပေါက်ကရ ဖြစ်နေတော့ သင်တန်းသားတွေလည်း ၁၀၀% မှားမှာ သေချာတာပေါ့။
စီဘောက်မရှိလို့ ဒီမှာ ရေးလိုက်မယ်နော် http://www.htootayzar.com/myblog/2010/02/google-buzz-vs-your-privacy/ အဲဒီပို့ စ်လေးကို အမ ဆီမှာ တင်ချင်လို့  လာခွင့်တောင်းတာ။ ဖတ်ပြီးလန့် သွားတယ်။ အမရဲ့ ပရိုဖိုင်ကို ဘယ်လို ပြန်စမ်းရမလဲ ဆိုတာ သိချင်တယ် အမကို မေးလ်နဲ့ ဆက်သွယ်ပေးပါလား။ ကျေးဇူးနော်
Like or Dislike:
0
0
exiter said,
Wrote on February 23, 2010 @ 5:34 am
ဟားဟားဟား တှောတှောဟာသရသ ဖြစ်ပာပေတယ် ….
Like or Dislike:
0
0
Thant said,
Wrote on February 23, 2010 @ 8:12 am
ရယ်လိုက်ရတာ ဖတ်ဖတ်မော..ပါးတွေ ညောင်း၊ မျက်ရည်တွေထွက်……ဟားဟား……
Like or Dislike:
0
0
NweYoe said,
Wrote on February 23, 2010 @ 8:28 am
အဟားဟား . . . ရှာရှာဖွေဖွေဗျာ . . .။
Like or Dislike:
0
0
dawn said,
Wrote on February 23, 2010 @ 9:57 am
စီးဟွားရေး ကောင်းဦးမယ်
Like or Dislike:
0
0
Ye Myat said,
Wrote on February 23, 2010 @ 1:07 pm
သူတို့လဲ မပြောင်းလဲသေးဘူးကိုး။ ကျွန်တော် ၂၀၀၄ လောက်က ရောက်တုန်းကလဲ ဒီအတိုင်းပဲ အစ်ကိုရေ။ မြန်မာစာ သင်တဲ့ဟာကတော့ အရီရဆုံးပဲ။
Like or Dislike:
0
0
ဘာညာ said,
Wrote on February 23, 2010 @ 3:01 pm
ချိတ်ညစ်လိုက်တာနော်..
Like or Dislike:
0
0
နန်းညီ said,
Wrote on February 23, 2010 @ 3:19 pm
ရှိသေးတယ်.. ဗန်းမော်ဘက်ကနေ နယ်စပ်ကူးတာ.. အဲ့မှာ “ဗမာစကားပြန်လိုပါသလား´´ ဆိုတဲ့ဆိုင်းဘုတ်.. န ငယ်ကို ပြောင်းပြန်ကြီးရေးထားတာ.. တော်ချက်ဗျာ.. သူတို့မို့ နငယ်ပြောင်းပြန်ရေးတတ်တယ်.. :{
Like or Dislike:
0
0
Mac Like Font Rendering in Win? | ChristopherEmoracket said,
Wrote on February 26, 2010 @ 10:05 am
[...] ဒါပေမယ့် ဟိုတစ်နေ့က ကိုတေဇာ Blog မှာ Myanmar Font Rendering Problem? ဆိုတဲ့ Post လေးတွေ့တာနဲ့ Rendering ဆိုတာလေး [...]
Like or Dislike:
0
0