Logorama Animation nominated for Oscar Award

ဒီနှစ် 2010 အတွက် Oscar Best Short Animation Film စာရင်းမှာပါနေတဲ့ Logorama ဆိုတဲ့ animation video အတိုလေးတစ်ခုကြည့်ဖြစ်ပါတယ်။ Logorama ဆိုတဲ့ အတိုင်းပဲ ကမ္ဘာကျော် လိုဂို ပေါင်း 2500 ကို သုံးပြီး ဇာတ်လမ်းဖွဲ့ထားတယ်။ အပေါ်ကပုံကို ကြည့်ရင်တောင် ဘယ်လိုဂိုတွေပါတယ် ဆိုတာ ခန့်မှန်းနိုင်မှာပါ။ ကာတွန်း ဇာတ်လမ်းအတိုလေးပေမယ့် လိုဂိုတွေ အများကြီးသုံးထားတယ်။
Logorama Trailer from www.club-construct.com on Vimeo.
Update ~ Vimeo မှာ ဗီဒီယို အပြည့်ပါတာ အကုန်ဖျက်လိုက်တာတွေ့ရပါတယ်။ အခုတော့ trailer တွေပဲကျန်ပါတော့တယ်။ အစအဆုံးကြည့်ချင်ရင် မူရင်း Logorama ဆိုဒ်မှာ ကြည့်လို့ရပါတယ်။
ဒီ Animation ကို ပြင်သစ် H5 Studio က Rançois Alaux နဲ့ Herve de Crecy က လုပ်ထားတယ်လို့ ဖတ်ရပါတယ်။ နောက် ဒီ ဗီဒီယို အတွက်လဲ ဆိုဒ်တစ်ခု သက်သက်ထားထားတာတွေ့ရတယ်။ ဆိုဒ် ၂ ခုလုံးကတော့ ဒီရက်ပိုင်း loading များလို့နဲ့တူတယ် တက်ဖို့ တော်တော်ကြာပါတယ်။ Animation ဗီဒီယိုကိုတော့ ကံကောင်းချင်တော့ Vimeo မှာ တင်ထားတာတွေ့လို့ ဒီမှာ ပြန်ထည့်ထားလိုက်ပါတယ်။ ပြည်တွင်းကနေလဲ ကြည့်လို့ရမှာပါ။ Idea အဆန်းနဲ့ လုပ်ထားတာမို့ လက်တို့တာပါ။


exiter said,
Wrote on February 16, 2010 @ 9:18 am
Sorry, “Logorama” was deleted at 9:44:48 Mon Feb 15, 2010. Vimeo has removed or disabled access to the following material as a result of a third-party notification by Autour de Minuit Productions claiming that this material is infringing: Logorama. We have no more information about it on our mainframe or elsewhere.
အဲလိုပြနေတယ် ..
Htoo Tay Zar said,
Wrote on February 16, 2010 @ 9:32 am
I’ve fixed/updated it Bro.