hit counter

Michael Amott’s Ninja-600

Michael Amott's ESP LTD ninja-600

လွန်ခဲ့တဲ့ ၂ ရက်လောက်က မြို့ထဲသွားရင်း ဂစ်တာဆိုင်တွေ့လို့ ပိုက်ဆံမပါဘဲ (ဆောတီး) ပိုက်ဆံမရှိဘဲ ဝင်ကြည့်မိပါတယ်။ အမှန်တော့ မဝင်ခင်ကတည်းက အပြင်ကနေကြည့်မိတဲ့ ဂစ်တာကြောင့်ပါ။ Arch Enemy က Michael Amott ကိုင်တဲ့ ESP Guitar တစ်လက်ပါ။ ဟိုးအရင် ကျောင်းသားကတည်းက ကြိုက်တဲ့ ဂစ်တာဆိုတော့ မြင်လိုက်တာနဲ့ တော်တော်ပျော်သွားတာ.. အပြင်မှာ လဲ ပထမဆုံးမြင်ဖူးတာဆိုတော့။

Michael Amott's ESP Guitar Ninja 600

ဒါနဲ့ဆိုင်ထဲဝင်ပြီး လက်နဲ့ တို့ကြည့်တော့တယ်။ အော် ဈေးရေးထားတာနဲ့ ကြည့်လိုက်တာ ရှော့ရသွားတယ် 3000$ တဲ့။ ဈေးကများမှာပေါ့ Michael Amott ကိုင်တဲ့ အတိုင်းအကုန်တူတူပဲ နောက်ပြီးတော့ ESP ပဲ LTD လဲမဟုတ်တော့ ဈေးက ကြီးတာပေါ့။ အမှန်တော့ Michael Amott က အပြင်မှာ ESP မကိုင်တော့တာ လအတော်ကြာပါပြီ သူက Dime Guitar နဲ့ ဖြစ်သွားပြီ။ ကျွန်တော်က personally Dime ကို မကြိုက်ဘူး ပစ္စည်းကိုပြောတာ မဟုတ်ဘူး သူ့ရဲ့ Head Stock ၂ ခွကြီးကို မကြိုက်တာ။ ကျွန်တော်ထင်တာ Michael Amott ESP နဲ့တွဲတုန်းက Ninja-600 အပြင်မှာ မရှိလောက်တော့ဘူး ထင်တာ အခုထိရှိနေသေးတာတွေ့တော့ ပျော်သွားတယ်။

Michael Amott ESP Ninja 600 Guitar

ESP Ninja-600 ကို ကြိုက်တာက Michael Amott Solo တွေ ကြိုက်တာကလဲ အကြောင်းအရင်းတစ်ခုအနေနဲ့ ပါတယ်။ ဒါပေမယ့် အဲဒီ ဂစ်တာ ရရုံနဲ့ အဲဒီအသံမျိုးထွက်မှာ မဟုတ်တာ သေချာတယ်။ Tools က အဓိက အကြောင်းအရင်း မဟုတ်ဘူး။ ဂစ်တာက အနက် ရောင် အဖြူရောင် ၂ မျိုးရှိပါတယ်။ အခုတွေ့တာ အနက်ရောင်။ ကြိုက်တာက ဂစ်တာပုံက V Shape ကိုမှ ငွေရောင် လက်ကာ နဲ့ဆိုတော့ ဂန္ဒဝင် ဆန်တယ် ပြီးတော့ လက်ကွက်မှာ Shuriken ပုံလေးတွေကို အရမ်းကြိုက်တယ်။ နောက် သူ့ရဲ့ ခေါင်းက PRS Guitar ဆန်တဲ့ ပုံစံက ဂစ်တာ တစ်ခုလုံး structure အရမ်းလှသွားစေတယ်။

ဂစ်တာက လှတယ် Pick up တွေက Seymour Duncan တွေ ရှေ့ကော နောက်ကော တပ်ထားတယ်။ မဟော်ဂနီ သားနဲ့ လုပ်ထားတယ်။ V Shape ကို Gibson Les Paul တွေလိုပဲ Stop tailpiece တပ်ထားပါတယ်။ 22 Freds ရှိပါတယ်။ ဟိုးအရင် ကတည်းက ဂစ်တာဆိုရင် ဒီတစ်ခု ကို အလိုချင်ဆုံးပဲ Slash, Zack Wylde တို့ရဲ့ Gibson လိုမျိုးတွေ လဲ ကြိုက်ပေမယ့် ဒီတစ်ခုကို ပိုဝယ်ချင်တာ။ အမှန်တော့ ဂစ်တာကလဲ ကင်မရာလိုပါပဲ တစ်ခု ဝယ်ရုံနဲ့ ပြီးမသွားသေးဘူး နောက်က FX, AMP, Pick Up ဖိုးတွေ မျိုးစုံ ထပ်လိုက်ရဦးမှာ။ အဲဒီ မှာတွေ့ခဲ့တယ် Gibson Les Paul (Black to Red Gradient) ဂစ်တာတောင် 900$ ပဲ ရှိတာ။ ဆိုတော့ ESP လဲ ဖြစ်နေတော့ မစဉ်းစားတော့ဘူး။

အခုပြောတဲ့ Michael Amott’s ESP Ninja-600 ကို ကျွန်တော် အရင်က Photoshop နဲ့ လုပ်ဖူးပါတယ်။ နောက် သူတို့သီချင်း Nemesis ကိုလဲ ကျွန်တော်တီးထားတာ ဗီဒီယိုနဲ့ တင်ဖူးတယ်။ နောက် Albums တွေလဲ တင်ဖူးပါတယ်။ အခုကတော့ တိုက်ဆိုင်လို့ ဆားချက်တဲ့ သဘောနဲ့ တင်ပါတယ်။ တွေ့တုန်းက ရိုက်ခဲ့တဲ့ ဂစ်တာပုံလဲ တင်လိုက်ပါတယ်။ သူ့အောက်က ဂစ်တာက ကျွန်တော် အရင်ပြောဖူးတဲ့ Children Of Bodom က Alexi Laiho Guitar ပါ။ ပျော်ရွှင်ပါစေ။ :D

Arch Enemy Related Articles

Arch Enemy ~ Rise Of The Tyrant
Michael Amott’s ESP Ninja600 PSD File
Arch Enemy ~ Doomsday Machine
Htoo Tay Zar is playing Arch Enemy Nemesis



Related Posts

3 Comments so far »

  1. sagicorns said,

    Wrote on February 5, 2010 @ 6:27 pm

    :P i say frankly, u ‘d better not to play

  2. Htoo Tay Zar said,

    Wrote on February 5, 2010 @ 8:17 pm

    @ Sagicorns ~ Yes, I think so toooo :D It’s too hot guitar that I can’t buy :D

  3. Jeff said,

    Wrote on February 7, 2010 @ 10:50 am

    :D . I’d rather not go to Davis if I were you.The place itself is too tempting and too hot with those guitars which obviously, I can’t afford. :(

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: