9 Feb, 2010

Ubisoft ရဲ့ နာမည်ကြီး Prince Of Persia Game ကို Disney ကနေ ရုပ်ရှင် အဖြစ်နဲ့ ပြန်ရိုက်ထားပါပြီ။ ဇာတ်ကားကို ဒီနှစ် May 28 မှာ စပြီး ရုံတင်မယ်လို့ ပြောပါတယ်။ ဇာတ်ကားက Trailer ကြည့်ရတာတော့ ကောင်းမယ့်ပုံပါ။ Disney လိုမျိုးက ရိုက်တာဆိုတော့ တကယ်တမ်း ကြည့်ရင် ကောင်းပါ့မလားပဲ။ အသေသတ်တာမျိုးတွေကော ပါပါတော့မလား အခုထိတော့ အဲဒီဇာတ်ကားက တရားဝင် Rating မရသေးဘူး။ ကြည့်ရတာလဲ အကုန်မပြီးသေးလို့ ဖြစ်နိုင်ပါတယ်။ ဂိမ်းမှာကတော့ Over 15, 16 အမြဲရနေကျပဲ။ သွေးထွက်သံယို အခန်းတွေပါလို့။
Read the rest of this entry »
6 Feb, 2010

Apple ရဲ့ iPad က မကြာခင် ထုတ်တော့မယ်။ 27 ရက်နေ့က Steve Job ရဲ့ Presentation Keynote ကို ဒီနေ့မနက် အားနေတာနဲ့ ထိုင်ကြည့်မိတယ်။ ပြီးတော့ Apple.com/iPad မှာ လဲနောက်တစ်ခေါက်သွားကြည့်မိတော့ သတိထားမိတာ တွေ့လို့ ပြန်တင်ပါတယ်။ အခု ထွက်မယ် iPad မှာ အရင် iPhone, iPod Touch တွေနဲ့မတူပဲ Store ၃ ခုပါမှာပါ။ iTunes Store, App Store နဲ့ အခုအသစ်ပါမှာက iBooks ဆိုတဲ့ စာအုပ်ဆိုင် ပါ။
Read the rest of this entry »
5 Feb, 2010

လွန်ခဲ့တဲ့ ၂ ရက်လောက်က မြို့ထဲသွားရင်း ဂစ်တာဆိုင်တွေ့လို့ ပိုက်ဆံမပါဘဲ (ဆောတီး) ပိုက်ဆံမရှိဘဲ ဝင်ကြည့်မိပါတယ်။ အမှန်တော့ မဝင်ခင်ကတည်းက အပြင်ကနေကြည့်မိတဲ့ ဂစ်တာကြောင့်ပါ။ Arch Enemy က Michael Amott ကိုင်တဲ့ ESP Guitar တစ်လက်ပါ။ ဟိုးအရင် ကျောင်းသားကတည်းက ကြိုက်တဲ့ ဂစ်တာဆိုတော့ မြင်လိုက်တာနဲ့ တော်တော်ပျော်သွားတာ.. အပြင်မှာ လဲ ပထမဆုံးမြင်ဖူးတာဆိုတော့။
Read the rest of this entry »
3 Feb, 2010

Twitter က လူသုံးများလာနေတဲ့ Micro Messaging, Micro Blogging Site တစ်ခုဆိုတာတော့ အားလုံးလဲ သိပြီးဖြစ်မှာပါ။ ကျွန်တော်တို့ ပြည်တွင်းမှာလဲ အရင် နှစ်တွေကထက်စာရင် အသုံးများလာနေပါတယ်.. ဒါပေမယ့် ဒီနှစ် အစ ဒုတိယ အပတ်လောက်မှာပဲ ISP က ban သွားပါတယ်။ ပြည်တွင်းက ပုံမှန် tweet တဲ့သူက ကျွန်တော်သိသလောက် မဘန်းခင် အချိန်တွေကတည်းက လူ ၃၀ တောင် မပြည့်ပါဘူး.. အဲဒီထဲကမှ Geolocation based tweet တဲ့သူဆို ပိုတောင်နည်းပါတယ်။
Read the rest of this entry »
3 Feb, 2010

Apple ရဲ့ iPad ဆိုတာ ဘာကြီးလဲ မသိသေးသူများ အတွက်ပါ။ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ မှိုစားထားတဲ့ iPod Touch ကြီး ဖြစ်ပါတယ် ခင်ဗျား။
Read the rest of this entry »
2 Feb, 2010
Alter Eggo

ဒီနေ့ အားနေလို့ အွန်လိုင်းမှာ လျောက်ကြည့်ရင်းတွေ့မိတဲ့ ကာတွန်းတွေပါ။ ရုပ်ပြောင်ပုံတွေနဲ့ Fredo နဲ့ Pid’Jin ဆိုတဲ့ ၂ ကောင် ကာတွန်းတွေ ရယ်ရလို့ ပြန်တာလိုက်ပါတယ်။ အရုပ်တွေက ပြောင်သလို ကာတွန်းတွေကလဲ ရီရတယ်။ တချို့ ကာတွန်းတွေကတော့ 18+ တွေပေါ့။ ဒါပေမယ့် ရီရတယ်။ အခု တင်ထားတာထက် ပိုပြီး ကြည့်ချင်သေးရင် မူရင်းဆိုဒ် Fredo & Pid’Jin ကို သွားကြည့်လိုက်ပါ။ ပျော်ရွှင်ပါစေ။
Read the rest of this entry »
2 Feb, 2010

လွန်ခဲ့တဲ့ ရက်က ကိုBoBo က မေးတယ် သူ့ wordpress blog မှာ မြန်မာဖောင့် ဘယ်လိုပဲ ပြင်ထားထား မရလို့တဲ့ မေးလာတယ်။ ကျွန်တော်လဲ အဲဒီလိုကြုံဖူးထားတော့ သိလိုက်တယ် WordPress ကို One Click Install နဲ့ သွင်းထားလို့ ဖြစ်တယ်ဆိုတာကိုလေ။ အဲဒီလိုဖြစ်တာက Hosting မှာပါတဲ့ Cpanel ထဲက Fantastico De Luxe ကြောင့်ဖြစ်တာပါ။ အခြား One Click Installer (eg. Simple Script) တွေမှာ မဖြစ်ပါဘူး။
Read the rest of this entry »
1 Feb, 2010

ဘယ်လိုဖြစ်တယ် မပြောတတ်ပါဘူး အရင် ကတည်းကပဲ တွေ့ရင် ဟိုကွန်ပျူတာ အကြောင်းလေး မသိလို့၊ ဒီဟာ လုပ်နည်းလေး ပြောပါဦး၊ ဒီဟာလေး လာပြင်ပေးပါဦးနဲ့ မေးတဲ့သူတွေ တော်တော်များများ တွေ့ဖူးပါတယ်။ တကယ်တမ်း ဘာလို့ မေးကြတာလဲ စဉ်းစားကြည့်တော့ မေးရင် အဖြေရတာမြန်တယ် ဒါမှမဟုတ် မလုပ်တတ်လို့ ပါပြောပြီး လုပ်ခိုင်းလို့ ရတာကြောင့်လဲ ဖြစ်မယ်။ ညီလေးရေ အကို မလုပ်တတ်လို့ ကူညီပါဦး၊ အကို ညီမ မသိတာရှိရင်မေးမယ်နော် ဆိုတာတွေ မေးမှာ တွေ အများကြီးပါ။
Read the rest of this entry »