Search Before You Ask!!

ဘယ်လိုဖြစ်တယ် မပြောတတ်ပါဘူး အရင် ကတည်းကပဲ တွေ့ရင် ဟိုကွန်ပျူတာ အကြောင်းလေး မသိလို့၊ ဒီဟာ လုပ်နည်းလေး ပြောပါဦး၊ ဒီဟာလေး လာပြင်ပေးပါဦးနဲ့ မေးတဲ့သူတွေ တော်တော်များများ တွေ့ဖူးပါတယ်။ တကယ်တမ်း ဘာလို့ မေးကြတာလဲ စဉ်းစားကြည့်တော့ မေးရင် အဖြေရတာမြန်တယ် ဒါမှမဟုတ် မလုပ်တတ်လို့ ပါပြောပြီး လုပ်ခိုင်းလို့ ရတာကြောင့်လဲ ဖြစ်မယ်။ ညီလေးရေ အကို မလုပ်တတ်လို့ ကူညီပါဦး၊ အကို ညီမ မသိတာရှိရင်မေးမယ်နော် ဆိုတာတွေ မေးမှာ တွေ အများကြီးပါ။
အမှန်တော့ Internet ပေါ် ရောက်နေပြီပဲ သိချင်တာ ရှာလိုက်ပေါ့ ချက်ချင်း သိရတယ်။ ဟင်းချက်နည်းက အစ ဒုံးပျံယာဉ် လုပ်တဲ့ နည်းတွေအထိ ကြည့်လို့ ရပါတယ်။ ဗီဒီယို tutorial တွေ ကွန်နက်ရှင်ကြောင့် ကြည့်မရတောင် ကျွန်တော်လုပ်သလိုပဲ web page တွေကို save လုပ် အိမ်ရောက်မှ ပြန်ဖတ်လဲ ရပါတယ်။ မလုပ်တတ်ဖူးဆိုပြီး ဘာမှ မလုပ်ရင်တော့ ဘာမှ တတ်လာမှာ မဟုတ်တော့ပါဘူး။ HardWare တွေမို့ ပျက်မှာစိုးလို့ မစမ်းချင်လဲ ရပါတယ် Blogging, Softwares လိုမျိုးတွေကတော့ မှားလို့ ဘယ်သူမှလာ တရားမစွဲပါဘူး။ စာဖတ်ပြီး အမှားတစ်ခုခု လုပ်လိုက်ပါ။ နောက် အဲဒီအမှားကင်းသွားလိမ့်မယ်။ ဘယ်သူမှ မွေးကတည်းက တတ်မလာပါဘူး ကိုယ့်ဖာသာ သင်ယူကြရတာပါပဲ။ ကျွန်တော်မေးတိုင်းပြောတယ် ကျွန်တော့် ညီတွေကအစပဲ ကွန်ပျူတာ တစ်ခုခုဖြစ်သွားတယ် မလုပ်တတ်တော့လို့ ဆိုပြီးပြောတယ် အဲဒီမျိုးဆို ကျွန်တော်ပြန်ဖြေတာ အဲဒီ အလုပ်မလုပ်တဲ့ ကွန်ပျူတာ ဘာကြောင့်ဖြစ်တာလို့ ထင်လဲ စဉ်းစားကြည့် အွန်လိုင်းမှာ ရှာကြည့် စာဖတ်ပြီးရင် စမ်းကြည့် အဲဒီလိုမျိုး စာဖတ်ပြီး စမ်းလိုက်လို့ စက်ပျက်သွားပါစေ ဘာမှမဖြစ်ဘူး။ စာမဖတ် manual guide တွေ မဖတ်ပဲ စမ်းကြည့်တာမျိုးကတော့ မြို့လည်ခေါင်လမ်းကို မျက်စိမှိတ်ကူးတာမျိုးပဲ ဖြစ်မှာ။
ကျွန်တော့်ကို သူများတွေ တွေ့ရင် မေးတယ် ကွန်ပျူတာမှာ ဘယ်လိုင်း လုပ်ရင် ဝင်ငွေကောင်းလဲတဲ့ ကွန်ပျူတာမှ မဟုတ်ဘူး ဝါသနာ ပါရာ ကြိုက်တာလုပ် အောင်မြင်အောင် လုပ်ဝင်ငွေကောင်းပါတယ်။ အချိန်တန်ရင် ကိုယ်က အလုပ်ရှာ စရာမလိုပဲ အလုပ်က ကိုယ့်ကို ပြန်လာရှာလိမ့်မယ်။ ကိုယ့်ကိုကိုယ် အာမခံနိုင်ဖို့ပဲလိုတယ်။ အဓိက လိုတာက self-study ကအရေးပါပါတယ်။ သင်တန်းဖွင့်မှ တက်ပြီး လေ့လာမယ်ဆိုရင်တော့ နောက်ကျသွားလိမ့်မယ်။ သူများမလုပ်တတ်တာကို ကိုယ်က လုပ်တတ်ထားမှ၊ သင်တန်းမရှိသေးတာမျိုးတွေကို ကိုယ့်ဖာသာလေ့လာပြီး တတ်ထားမှ၊ သူများထက်ပိုတဲ့ အခွင့်အရေးရမှာ။ သာမန်လူလိုနေရင် သာမန်လူပဲ ဖြစ်မှာ..
စာအုပ်တွေ ဈေးကြီးပေး သောင်းကျော်ပေးပြီး အခုချိန် လိုမျိုးမှာ Adobe Photoshop CS 2 စာအုပ်လက်ထဲ ကိုင်ဖတ်မယ့်အစား အခွေဆိုင်ပြေးပြီး 12 အုပ်လောက်ပါတဲ့ CS4 eBooks တွေ မြန်မာငွေ ၅၀၀ ပေးပြီး ဝယ်လိုက်ပါ။ ဖတ်ရတာချင်းကွာပေမယ့် ဈေးက အများကြီး ကွာသွားတယ်။ မီးပျက်ရင်တော့ ညသန်းခေါင်သာထဖတ်ဗျာ။ ပြီးရင် စမ်းကြည့် မှားသွားရင် ဘာမှမဖြစ်ဘူး hardware ကိုမထိဘူးဗျာ။ Web လဲစမ်းကြည့်ဗျာ ကြာရင် မိတ်ဆွေ F5 (Command+R) နှိပ်လိုက်ရင် ပြောင်းသွားမယ့် ပုံလေးတွေ၊ အလုပ်မဖြစ်တာကနေ အလုပ်ဖြစ်သွားတဲ့ အခါ ပျော်သွားတဲ့ အရသာ သိလာလိမ့်မယ်။
ဆရာလုပ်ပြီးရေးတာမျိုး မဟုတ်ပါဘူး စကားလုံးတွေလဲ သတိထားပြီး သုံးထားပါတယ်။ ဒီကြားထဲကမှ ဆရာလာလုပ်တယ်ထင်လဲ ခွင့်လွှတ်ပါ။ စေတနာ အမှားပါ။ နောက်ဆို အတတ်နိုင်ဆုံး ကိုယ့်ဖာသာ အွန်လိုင်းမှာ တက်ရှာ၊ ebook ဖတ်လေ့လာတာမျိုးတွေ လုပ်ရင် မေးတာထက်မြန်ပါတယ်။ ကျွန်တော့်လာမေးလို့ ဖြေလဲ အမှန်တွေ ဟုတ်ချင်မှ ဟုတ်မှာ အမှားတွေ ဖြစ်နိုင်တယ်။ တကယ်ပြောတာ ကျွန်တော် ဝါသနာ အရမ်းပါတာတွေက သင်တန်းတက်ခဲ့တာ မဟုတ်ဘူး ကိုယ့်ဖာသာ စာအုပ်တွေ အင်တာနက်တွေ သုံးသင်ခဲ့တာပါပဲ။ ဂစ်တာတီးတာမျိုးပေါ့ =D


NweYoe said,
Wrote on February 2, 2010 @ 12:02 am
that right my bro
ချစ်သူမောင် said,
Wrote on February 2, 2010 @ 1:45 am
အင်း …
တစ်ခွန်းတည်းပြောချင်တယ် “သဘောတူတယ်”
dawn said,
Wrote on February 2, 2010 @ 11:56 am
My motto is “If you want something done, do it yourself.” ရောဂါတစ်ခုရှိတယ်။ တစ်ချို့နေရာတွေမှာ ကိုယ်ကိုယ်တိုင် မလုပ်လိုက်ရရင် တစ်ခုခု လိုနေသလိုပဲ။ ဒါကြောင့်လည်း ကွန်ပြူတာ အသစ်ကို parts တွေ ဝယ်ပြီး ကိုယ်တိုင် မတတ်တတတ်နဲ့ ဆင်ကြည့်တာ.. ပါဝါကေဘယ်လ်တွေနဲ့ pc casing က ပန်ကာနဲ့ ငြိပြီး ပန်ကာ လောင်သွားလေရော…
KhineKhine said,
Wrote on February 2, 2010 @ 12:03 pm
like this article!
you’re right!
how’s your trip to SG?
mtj said,
Wrote on February 2, 2010 @ 12:09 pm
အပြည့်အ၀ သဘောတူပါတယ်
yoeyoelay said,
Wrote on February 2, 2010 @ 7:11 pm
အကိုပြောတာတွေမှန်ပါတယ်
winkabar said,
Wrote on February 3, 2010 @ 7:23 am
thanks
Htoo Tay Zar said,
Wrote on February 3, 2010 @ 10:08 pm
@ Nwe Yoe ~ Thanks bro
@ ချစ်သူမောင် ~ သဘောတူရင် ကျေးဇူးပါဗျာ
@ Dawn ~ ကျွန်တော်လိုပဲ ပစ္စည်းအသစ်ဝယ်ရင် manual မဖတ်ဖူးထင်တယ်
@ Sister Khine Khine ~ Thanks Sister, Really great here especially Internet Speed =D
@ Bro MTJ ~ သဘောတူ ရင် အမှန်ခြစ်ပေးပါ
@ yoeyoelay ~ Thanks for Your comment
@ Sister Winkabar ~ Thanks for your comment too
sagicorns said,
Wrote on February 4, 2010 @ 6:45 pm
it’s depend on which community they were raised! if i’m not wrong, many girls r like that! I seldom found girl who very intrested in doing hands on thing! so……………. difficult to say..anyway if they need to do by theirselves, they’ll do.
Ko Nyan said,
Wrote on February 10, 2010 @ 8:55 am
ယေဘုယျအားဖြင့်တော့ သဘောမတူနိုင်စရာ မရှိပါဘူး။ ဖတ်လို့ကောင်းသလို အတွေးလေးတွေလည်း ပေးတဲ့အတွက် ပထမဆုံး ကိုတေဇာကို ကျေးဇူးပါနော်။ ဒါပေမယ့် နောက်ဆက်တွဲလေးတွေ ပြောချင်သေးတယ်။ ရေးထားတဲ့ပို့စ်ကို မှားကြောင်းပြောတာ၊ အတိုက်အခံလုပ်တာ မဟုတ်ဘူးဆိုတာ ဦးစွာပလ္လင်ခံထားလိုက်ပါတယ်။ ဒီလိုပါ ကိုတေဇာရေ…။ ကိုတေဇာပြောသလို တစ်ခုခုဖြစ်ရင် လှမ်းပြီးအကူအညီတောင်းဖို့ပဲ စဉ်းစားနေတယ်ဆိုတဲ့နေရာမှာ နှစ်မျိုးရှိမယ်ထင်တယ်။ ပထမတစ်မျိုးက ကိုတေဇာနဲ့ ရင်းနှီးတဲ့ တစ်နည်း ကိုတေ့ဇာကို အားကိုးတဲ့လူတွေပေါ့။ ဒါလေးကိုတော့ ကိုတေဇာပြောလိုက်ရင် ချက်ချင်းပြီးသွားမှာပဲဆိုတဲ့ ယုံကြည်မှုမျိုး ရှိနေတဲ့လူတွေပေါ့။ အဲဒီလူတွေအတွက် ကိုတေဇာ ကျေးဇူးတင်ရမယ်။ လူတစ်ယောက် ကိုယ့်အပေါ် ယုံကြည်တယ်ဆိုတာကို ဘာနဲ့မှ ၀ယ်လို့မရဘူး။ သူတို့စိတ်ထဲမှာ အလိုလိုဖြစ်လာမှသာ ပေါ်ပေါက်လာတတ်တာမျိုး။ ဥပမာ ကိုတေဇာ တစ်ခုခုဖြစ်ရင် သူများကို အကူအညီတောင်းမှာထက် ကိုယ့်ဘာသာကိုယ် အရင်ဆုံး ကြိုးစားချင်စိတ်ပဲ ဖြစ်မယ်ဆိုတာ ယုံကြည်တယ်။ သူများကို အားမကိုးချင်ဘူးလေ။ လူအများစု (အားလုံးနီးပါးလောက်)ဟာ အဲဒီလို သဘောထားတွေ ရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ယုံကြည်ရတဲ့လူနဲ့ ပတ်သက်ရင်တော့ စောစောကပြောတဲ့ မာနလေးတွေကို မေ့ထားတတ်ကြပါတယ်။ အဲဒီလူကို ယုံကြည်တဲ့စိတ်၊ အားကိုးတဲ့စိတ်ကြောင့်ပေါ့။ အဲဒါက ပထမတစ်မျိုးပါ။ နောက်တစ်မျိုးက ကိုယ်တိုင်ရှာဖွေပြီး လုပ်ဖို့အတွက် အဆင်မပြေတဲ့အမျိုးအစားပါ။ နည်းနည်းရှုပ်သွားမယ်ထင်ပါတယ်။ ဒီလိုပါ။ အင်တာနက်မှာ ကိုတေဇာပြောသလို ဒုံးပျံလုပ်နည်းအထိ ကြိုက်တဲ့ဟာ ရှာလို့ရတယ်ဆိုတာ မှန်ပါတယ်။ ဥပမာပြောပါရစေ။ ကိုတေဇာ တဆစ်ဆစ်နဲ့ ခေါင်းကိုက်တယ်ဆိုပါတော့။ အင်တာနက်မှာ ရှာလိုက်တယ်။ ခေါင်းကိုက်တာဟာ ဘာကြောင့်ဖြစ်တာတွေ၊ ဘယ်လိုအခြေအနေမှာ ခေါင်းကိုက်တတ်တယ်ဆိုတာတွေ၊ ဘာဆေးတွေ သောက်သင့်တယ်ဆိုတာတွေကို ဖတ်ရပါလိမ့်မယ်။ နောက်ဆုံး ဆရာဝန်တွေရဲ့ ရုပ်နဲ့အသံနဲ့ကို တွဲပြီးပြောထားတဲ့ ဗီဒီယိုဖိုင်တွေကိုတောင် ကြည့်နိုင်၊ နားထောင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အထင်ပြောရရင် ကိုတေဇာ ခေါင်းအလွန်အမင်း ကိုက်နေတဲ့အချိန်မှာ အဲဒီလိုတွေ ရှာဖတ်ဖို့၊ သူတို့အကြံပေးချက်တွေကို လိုက်လုပ်ကြည့်ဖို့ စိတ်ဝင်စားမယ်မထင်ဘူးနော်။ ကျွန်တော့်အမြင်ပါ။ နောက်တစ်ခုက ဆေးသောက်လိုက်မှာပေါ့ဗျာလို့ ဖြေလို့လည်း ရတယ်။ ဒါပေမယ့် ဆေးသောက်လည်း မသက်သာတဲ့ ခေါင်းကိုက်မှုမျိုး ဆိုပါတော့။ အင်တာနက်မှာ ရှာတွေ့တာတွေကို ကိုတေဇာ ကောင်းကောင်းလည်း ဖတ်တတ်တယ်။ ဘာကို ဆိုလိုသလဲဆိုတာလည်း ကောင်းကောင်းနားလည်ချင် နားလည်ပါလိမ့်မယ်။ ဒါပေမယ့် ဆေးကုသပေးနေကျ ဆရာဝန်တွေသာသိတဲ့ မြှုပ်ကွက်ကလေးတွေလည်း ရှိနိုင်တယ်ဗျ။ ဆရာဝန်ဆီကို သွားလိုက်ပြီး ကျွန်တော်ဘာဖြစ်လို့ပါဆိုတာနဲ့ ဆရာဝန်က ဘာဆေးပေးရမယ်၊ ဘာတွေညွှန်းကြားရမယ်ဆိုတာ စာအုပ်လှန်ဖတ်နေမှာ၊ အဘိဓာန်ပြန်ကြည့်နေမှာ မဟုတ်ပါဘူး။ ချက်ချင်းဆောင်ရွက်ပေးမှာပါ။ အဲဒီအတွက် ကိုတေဇာ အင်တာနက်ကွန်နက်ရှင်းကို ထိုင်စောင့်နေရသလောက် ကြာမှာမဟုတ်တာ အသေအချာပါပဲ။ အဓိပ္ပါယ်လွဲမှားသွားမှာ စိုးတဲ့အတွက် ကျွန်တော်လေရှည်နေမိတာကို ခွင့်လွှတ်ပါနော်။
နောက်ဆက်တွဲတစ်မျိုး ရှိသေးတယ်ဗျ။း) ဆိုပါတော့ဗျာ။ “မောင်က” အနေနဲ့ ဘလော့ဂ်ရေးတဲ့နေရာမှာ အခက်အခဲတစ်ခုဖြစ်တယ်။ သူ့ဘာသာသူ မရှာတော့ဘူး။ ကိုတေဇာကို အကူအညီတောင်းတယ်။ ကိုတေဇာက ပြောပြကူညီလိုက်တယ်။ မောင်က အဆင်ပြေသွားတယ်။ စောစောက အင်တာနက်မှာရှာဖတ်ပြီး ကုန်ဆုံးရမယ့် အချိန်တွေကို သူ့အတွက် အခြားနေရာတွေမှာ သုံးနိုင်မယ်ဆိုတာ တွေးကြည့်လို့ရတယ်။ သူ့ဘလော့ဂ်ဖတ်သူတွေအတွက် အကျိုးရှိစေမယ့် ပို့စ်တစ်ခုခုကို ရေးဖို့အတွက် ဖြစ်ဖြစ်ပေါ့။
ကျွန်တော်ပြောချင်တာတွေကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုတေဇာရေးတာတွေကို အတိုက်အခံလုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ဒီဘလော့ဂ်ကို ပုံမှန်ဖတ်နေသူတစ်ဦး ဖြစ်တဲ့အတွက် ဘလော့ဂ်ရေးသူနဲ့ ရင်းနှီးစွာ ဆွေးနွေးတဲ့ သဘောသက်သက်ပါ။ လက်ဘက်ရည်ဆိုင်မှာထိုင်ပြီး လေကန်သလိုမျိုးပေါ့။
“မိမိကိုယ်သာ ကိုးကွယ်ရာ” ဆိုတဲ့ စကားကို ကျွန်တော်အကြွင်းမဲ့ ယုံကြည်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အရာအားလုံးကို ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုတာလေးတော့ ကျွန်တော်တို့တွေ မေ့မထားသင့်ဘူး ထင်ပါရဲ့နော်။
ကျေးဇူးပါဗျာ။
Htoo Tay Zar said,
Wrote on February 10, 2010 @ 9:43 am
@ Ko Nyan ~ ဟုတ်ဗျာ.. ပြောပါဗျာ ရပါတယ်.. လူတိုင်း အမြင်တူချင်မှ တူမှာလေ ကျွန်တော်နဲ့ အမေတောင် တစ်ခါတစ်လေ အမြင်တူတာမဟုတ်ဘူး။ ဟုတ်ပါတယ် တစ်ချို့တွေက ကျွန်တော့်ကို ယုံလို့ မေးတာလဲ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ ခက်ခဲတာမျိုး (ကျွန်တော်သိတာမျိုး) ဆိုရင် ကျွန်တော် ဖြေပေးတာများပါတယ်။ သိပ်မခက်ရင်တော့ ကျွန်တော် မဖြေတော့ဘူး ကိုယ့်ဖာသာ စမ်းလုပ်ကြည့်လို့ပဲ ကျွန်တော်ပြောတာများတယ်။ အမှန်တော့ ကိုယ့်ဖာသာလဲ လုပ်တတ်သွားစေချင်တာမျိုးလဲ ပါပါတယ်။ တစ်ချိန်ကျလို့ မေးစရာလူမရှိလို့ မလုပ်တတ်တော့ဘူး ဖြစ်သွားမှာ စိုးတာလဲပါတယ်။ ယုံကြည်မှု့ကို ဝယ်လို့မရဘူးဆိုတာလဲ မှန်ပါတယ်။ ကျွန်တော့်ကို ယုံကြည်လို့ ကျွန်တော်ပြောတာလိုက်လုပ်တာမျိုး ကျတော့လဲ မဖြစ်စေချင်ဘူး။ ကျွန်တော်ဆို ကွန်ပျူတာ နဲ့ သာ အလုပ်လုပ်တာ virus တွေ စက်ချို့ယွင်းတာမျိုးတွေ တကယ် မသိတာမျိုးပါ။ အဲဒါမျိုးတွေကျတော့ ကျွန်တော် ပေါက်ကရပြောတာမျိုး အဆင်ပြေမယ် မထင်ဘူး။ တကယ်လို့များ ကျွန်တော့်ကို အရမ်းယုံကြည်လို့ လိုက်လုပ်တာမှားသွားပြီဆိုရင် ယုံကြည်မှုပျက်သွားမှာ အဆိုးဆုံးပါပဲ။
တချို့ ကိစ္စတွေကတော့ ကိုယ့်ဖာသာ မလုပ်ခင် တိုင်ပင်တာမျိုးပိုကောင်းတာ ကျွန်တော်လက်ခံပါတယ်။ စာသင်တာမျိုးမှာ မှားတာက အတွေ့အကြုံဖြစ်နိုင်တယ်။ ဒါပေမယ့် တချို့ အခြေအနေတွေမှာ အမှားက ပြင်လို့ မရတာမျိုးရှိနိုင်ရင် အားလုံးနဲ့ တိုင်ပင်တာ ပိုကောင်းတာ လက်ခံပါတယ်။ ဥပမာ – ကွန်ပျူတာ အစိတ်အပိုင်း တစ်ခုခုဝယ်ဖို့ လာမေးရင်တော့ ကောင်းတယ်ထင်တာကို ကျွန်တော် ညွှန်းပေးမှာပါပဲ အမှန်သိသွားအောင် အမှားလုပ်လိုက်ဆိုပြီးတော့ ကျွန်တော်မပြောပါဘူး.. ဆင်းရဲရင် အမှားလုပ်ခွင့် အခြေအနေပိုနည်းလာပါတယ်.. ကျွန်တော်ဆိုလဲ စက်တစ်ခုခုဝယ်မယ်ဆို ဈေးသက်သာတဲ့ ဆိုင် ပစ္စည်းမှန်တာမျိုးအတွက် အတွေ့အကြုံရှိတဲ့သူတွေ မေးရတာပါပဲ နောက် ဆိုင်တွေ လှည့်ပတ်ကြည့်ရတယ်။ ပြန်ပြင်လို့ မရနိုင်တာမျိုးတွေပါ။ Photoshop ကို ဘယ်လိုသုံးရလဲ ဆိုတာမျိုးတော့ ကျွန်တော် tutorial ဆိုဒ်မျိုးတွေပဲ လမ်းညွှန်လိုက်မှာပါပဲ ကျွန်တော် အသေးစိတ် မဖြေချင်ပါဘူး မဟုတ်ရင် တစ်ခုခု ဆိုမေးလိုက်လုပ်လိုက်နဲ့ အချိန်ပိုကြာပါတယ် နောက် ဆော့ဝဲသုံးတာမျိုးက အမှားလုပ်လိုက်လို့ ငွေမကုန်သွားတာမျိုးလဲ ဖြစ်ပါတယ်။ ကျွန်တော် ခေါင်းကိုက်ရင်တော့ သေချာပါတယ် အင်တာနက်မှာ ရှာချင်မှ ရှာမှာပါ အခြေအနေမကောင်းရင် ဆရာဝန်ဆီပဲ သွားရမှာပါပဲ။ ဘာလို့လဲဆိုတော့ အမှားမခံတော့လို့ပါ
Blog ရေးတာမျိုးမှာ တချို့ အချိန် အခက်အခဲဖြစ်တာမျိုး (ဖြစ်ခဲတာမျိုး၊ ကျွန်တော်သိရဲ့ သားနဲ့ မဖြေလို့ အချိန်ပိုကြာမှာမျိုး) ဆိုရင် ကျွန်တော်သိရင် ဖြေတာပါပဲ။ ဒါပေမယ့် Blog ရေးနည်းမျိုးပြောပါဆိုရင်တော့ ကျွန်တော် မဖြေတော့ပါဘူး။ ကိုယ့်ဖာသာ စမ်းလုပ်ကြည့်တာပိုကောင်းပါတယ်လို့ပဲ ကျွန်တော်ပြောဖြစ်ပါတယ်။ လွယ်တယ် အီးမေးလ် ရေးသလိုပါပဲလို့ပဲ ပြောတော့တယ်။ လမ်းညွှန်သူ (ဆရာ) မျိုးတွေက အရေးပါတာ ကျွန်တော်လက်ခံပါတယ်။ တခါတစ်လေ ကိုယ့်ဖာသာ လေ့လာရင် ဘာမဟုတ်တဲ့ အမှားလေးသေးသေးလေးက ဆရာမရှိတဲ့ အတွက် ၁ ပတ်လောက် ကြာနေတာမျိုးလဲ ဖြစ်ပါတယ်။ ဆရာတွေပြောလိုက်ရင် အဲဒါမျိုးက ၅ မိနစ်မကြာတဲ့ အချိန်အတွင်းမှာ ရသွားနိုင်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ကို ကျွန်တော် ဆရာလို့ ပြောတာမဟုတ်ပါဘူး ကျွန်တော့် ဆရာတွေ ကျေးဇူးပြောပြတာပါ။ နောက်ဆုံး စာမေးပွဲရောက်ရင်တော့ ကိုယ့်ဖာသာပဲ ဖြေရမှာပါပဲ ဆရာတွေ လာဖြေတော့မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော့်ကို သင်ပေးတဲ့ ဆရာတွေက တစ်နေ့ ၂ နာရီလောက် အတွင်းမှာ အတတ်ပညာလဲ အကုန်မပြောပေးနိုင်ပါဘူး။ ဆရာတွေ သင်ပေးတဲ့ အခြေခံနဲ့ပဲ ကိုယ့်ဖာသာ ဆက်လုပ်ရတာပါပဲ။ ရဟတ်ယာဉ်မောင်းနည်းတို့၊ ကားမောင်းနည်းတို့မျိုးကတော့ ကျွန်တော်လဲ ဆရာတွေ သင်တန်းတွေမှာ မေးရမှာပါပဲ ကိုယ့်ဖာသာစမ်းလုပ်လို့ အမှားဖြစ်သွားရင် ပြန်ပြင်လို့ မရနိုင်တာမျိုးမို့ပါ။ ပြန်ပြင်လို့ရနိုင်တာမျိုးဆိုရင်တော့ ကိုယ့်ဖာသာ self-study လုပ်တာက ငွေကုန်သက်သာပြီး အတတ်မြန်တယ်လို့ ကျွန်တော်ထင်တာပဲ။
Ko Nyan ပြောတာ ကျွန်တော် နားလည်ပါတယ် အမြဲတမ်းတော့ self-study နဲ့မပြီးပါဘူး။ ကျွန်တော့် ဒီပို့စ်ရေးဖြစ်တယ်ဆိုတာကလဲ အများစုက လွယ်တာမျိုးတွေကအစ ဘယ် tool ဘယ်ကနေ စလုပ်ရမယ်ဆိုတာ သိပါရက်နဲ့ ကိုယ်တိုင်လုပ်မကြည့်ပဲ မေးကြလို့ ရေးဖြစ်တာပါ။ နောက်လဲ အမြင်မတူရင် ပွင့်ပွင့်လင်းလင်းရေးလို့ ရပါတယ်ဗျာ စကားပလ္လင်ခံစရာမလိုပါဘူး။ =D အပြုသဘောနဲ့ ပြောတာဆိုတာ သိပါတယ်ဗျာ။ ကျေးဇူးလဲ တင်ပါတယ်။