hit counter

What is RSS?

What is RSS?

ဒီနေ့တော့ Valentine Day မှာ ဘယ်မှ မသွားပဲ တစ်နေကုန် အိမ်တွင်းအောင်းပြီး ကာတွန်းဆွဲကျင့်နေဖြစ်တယ်။ ပို့စ်အသစ်ရေးရမှာလဲ ပျင်းတာနဲ့ စက်ထဲရှိတာ ရှာလိုက်တာ။ RSS အကြောင်း ရေးထားတာပြန်တွေ့တာနဲ့ ဆားချက်ပြီး တင်လိုက်ပါတယ်။ အမှန်တော့ ဒီတစ်ခုက ပို့စ်တင်ဖို့ ရေးထားတာမဟုတ်ပါဘူး မဂ္ဂဇင်းတိုက်တစ်ခုခု ပို့မယ်ဆိုပြီးရေးထားတာ ကြာလှပါပြီ အခုမှ ရှာတော့ ပြန်တွေ့တာ ကံကောင်းချင်တော့ ဇော်ဂျီ နဲ့ပဲရေးထားတော့ ဘာမှ မပြောင်းရပဲ တင်လို့ရသွားတယ်။ ရေးထားတာက မပြီးသေးပါဘူး.. ကျန်တာတွေ နောက်ထပ် ထပ်ရေးပါဦးမယ်။ web ပေါ်မှာတင်တော့ hyper links တွေထည့်လို့ရတာကို သဘောကျတယ် မဂ္ဂဇင်းမှာလဲ ထည့်လို့ရရင် နောက်ထပ်ပို သိချင်သူတွေ အခြားသူတွေ၊ ရေးထားတာတွေ ညွှန်းလို့ရတော့ စာဖတ်တဲ့သူတွေ အတွက် အများကြီး အကျိုးရှိတယ်။ ခက်တာက ကျောက်ခေတ်တွေပြီးလို့ စာအုပ်ခေတ်ပဲရှိသေးတယ် e-paper ခေတ်ရောက်ရင်တော့ အဆင်ပြေသွားမှာပါ :D ဟုတ်ကဲ့ အခုကတော့ RSS ဆိုတာ ဘာလဲဆိုတဲ့ အကြောင်းပါ။

RSS ဆိုတာ ဒီနေ့ Web 2.0 နဲ့ သတင်း၊ အချက်အလက် စီးဆင်းမှု မြန်ဆန်နေတဲ့ အချိန်မှာ အဓိက ကျတဲ့ အခန်းကနေပါဝင်နေတဲ့ format တစ်ခုပါ။ RSS လိုဂိုကို web browsers, web sites, iTunes, mobile phones, PDA, desktop clients, email clients စတဲ့ ပစ္စည်းတွေမှာ အမြဲမြင်တွေ့ရမှာပါ။ RSS ကို အသုံးချဖို့ အတွက် RSS အကြောင်းကိုလဲ သိဖို့လိုအပ်ပါတယ်။ ဒီအတွက် RSS ဆိုတာ ဘာလဲ ကျွန်တော်တို့ လေ့လာရပါလိ့မ်မယ်။

What is RSS?

RSS ဆိုတာ Really Simple Syndication ကို အတိုကောက်ခေါ်ခြင်း ဖြစ်ပါတယ်။ RSS က light weight XML format ဖြစ်ပြီး web content တွေကို သယ်ယူဖို့၊ ပြောင်းလဲဖို့ အတွက် အသုံးပြုပါတယ်။ RSS document ရဲ့ ဟာ .rss, .xml တို့ဖြစ်ပြီး သူတို့ကို feed, web feed, channel လို့လဲခေါ်ပါတယ်။ Feed တွေက RSS publisher ပေါ်မူတည်ပြီး သတင်း အပြည့်အစုံ ဒါမှမဟုတ် အကျဉ်းချုပ် မျိုးတွေ ဖြစ်နိုင်ပါတယ်။ သတင်းမှာ meta data လို့ခေါ်တဲ့ publishing date, author, category တွေလဲ ပါဝင်ပါတယ်။

History

RSS formats ကို အစပျိုးခဲ့တာဟာ ၁၉၉၅ မှာ Ramanathan V. Guha နှင့် Apple Inc’s Advanced Technology Group တို့က Meta Content Framework ကို development လုပ်ခဲ့ရာက စတင်ပါတယ်။ RSS ကို

▪ Rich Site Summary (RSS 0.91)
▪ RDF Site Summary (RSS 0.9 and 1.0)
▪ Really Simple Syndication (RSS 2.0)

version အလိုက် ကွဲပြားတဲ့ နာမည်တွေနဲ့ ခေါ်ဆိုပါတယ်။ ပထမဆုံး RDF Site Summary ကို Netscape browser က Guha က ၁၉၉၉ မှာ My.Netscape.com ပေါ်တယ် ဆိုဒ်အတွက် ဖန်တီးပါတယ်။ အဲဒီတုန်းက version ကို RSS 0.9 လို့ခေါ်ဆိုခဲ့တာ ဖြစ်ပြီး ဂျူလိုင် ၁၉၉၉ မှာ Netscape က Dan Libby က new version RSS 0.91 ကို develop ထပ်လုပ်ခဲ့ပါတယ်။ 0.91 က အရင် RDF နည်းကို အသုံးမပြုတော့ပဲ ပိုပြီး ရိုးရှင်းတဲ့ နည်းကို အသုံးပြုပါတယ်။ နာမည်ကိုလဲ Rich Site Summary လို့ ပြောင်းလဲခဲ့ပါတယ်။

Netscape ကို AOL company က ၀ယ်ယူပြီးတဲ့နောက် ဧပရယ် ၂၀၀၁ မှာ My.Netscape.com က RSS support ကို ဖြုတ်ပစ်ခဲ့ပါတယ်။ Support တင်မဟုတ်ပဲ tools နဲ့ documentation တွေလဲ ဖယ်ရှားခဲ့ပါတယ်။ နောက်ပိုင်းမှာ RSS-DEV Working Group, Winer စတဲ့ အဖွဲ့တွေက RSS publishing tools, readers တွေ ဆက်ပြီး အပြိုင်ထုတ်ကြပါတယ်။ Winer အသစ်ပြုပြင်ထားတဲ့ RSS version 0.91 ကို UserLand website မှာ စတင် အသုံးပြုပါတယ်။ လအနည်းငယ် အကြာမှာတော့ UserLand က RSS ကို သူ့မူပိုင် ဖြစ်ဖို့ အတွက် U.S trademark မှာ စာရင်းသွင်းဖို့ လုပ်ပါတယ်။ ဒါကို trademark စူးစမ်းရှာဖွေရေး အဖွဲ့ USPTP က ၂၀၀၁ ဒီဇင်ဘာမှာ ပယ်ချခဲ့ပါတယ်။

အခြား တစ်ဖက်ဖြစ်တဲ့ RSS-DEV Working Group မှာ တော့ Netscape မှာတုန်းက အလုပ်လုပ်ခဲ့တဲ့ Guha နှင့် Web 2.0 ရဲ့ ရှေ့ပြေး အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ O’Reilly Media တို့က develope ဆက်လုပ်ကြတာ ဖြစ်ပြီး RSS 1.0 ကို ဒီဇင်ဘာ ၂၀၀၀ မှာ ထုတ်လုပ်ခဲ့ပါတယ်။ XML namespaces စပြီး support လုပ်ပြီး metadata တွေ စတင် ပါဝင်လာပါတယ်။ ဒီဇင်ဘာ ၂၀၀၀ မှာပဲ Winer က RSS 0.92 အဖြစ်နဲ့ အပြောင်းအလဲ တချို့ လုပ်ထားတဲ့ version ထုတ်လုပ်ပါတယ်။

၂၀၀၂ စက်တင်ဘာ မှာတော့ Winer ဟာ RSS 2.0 ကို စတင် ထုတ်လုပ်ပြီး Really Simple Syndication အဖြစ် နာမည် အသစ်ပြောင်းလဲ ခဲ့ပါတယ်။ RSS 2.0 မှာ type attribute အသစ်ပါဝင်ပြီး namespaces ကိုလဲ support လုပ်ပါတယ်။ ၂၀၀၃ ဂျူလိုင် မှာတော့ Winer And UserLand Software တို့ဟာ RSS 2.0 ကိုHarvard’s Berkman Center for Internet & Society မှာ copyright ပြုလုပ်ပါတယ်။ နောက် RSS Advisory Board အဖြစ် format နဲ့ ပတ်သက်တဲ့ အမေးအဖြေတွေ ဖြေကြားဖို့ ဘုတ်အဖွဲ့ စတင်ပါတယ်။

ဒီဇင်ဘာ ၂၀၀၅ မှာတော့ Microsoft ရဲ့ Internet Explorer team နှင့် Outlook team တို့ဟာ သူတို့ ဘလော့ဂ်တွေမှာ feed icon နှင့် RSS ကို စတင် support လုပ်တဲ့ အကြောင်း ကြေငြာပါတယ်။ RSS icon ကိုတော့ Mozilla Firefox Browser မှာ ပထမဆုံး စတင် အသုံးပြုတဲ့ လိမ္မော်ရောင် ရေဒီယို လှိုင်းပုံ icon ကို အသုံးပြုပါတယ်။ လအနည်းငယ် အကြာမှာ Opera browser ကလဲ စပြီး support လုပ်လာပါတယ်။ နောက်ပိုင်းမှာ အသုံးတွင်ကျယ်လာပြီး RSS icon ကို ဒီနေ့ web 2.0 sites, applications, devices တွေ မှာပါ တွေ့မြင်ရပါပြီ။

What problem does RSS solve?

RSS မတိုင်ခင် နေ့တွေမှာ အင်တာနက် အသုံးပြုသူတွေဟာ web site တစ်ခုခုကို ကြိုက်နှစ်သက်တယ် ဆိုရင် browser မှာ bookmark လုပ်ပြီး အမြဲတမ်း သတင်းအသစ်တွေ ဖတ်ရှုဖို့ web sites တွေကို ပြန်သွားနေရပါတယ်။ ဒီနည်းဟာ web sites တွေ အများကြီး bookmark လုပ်ထားတဲ့အခါ သတင်းအသစ်တွေ သိရဖို့ ခက်ခဲလာပါတယ်။ ဒါ့အပြင် ဆိုဒ်တွေကို သတိမေ့လို့ မဖတ်ဖြစ်ခဲ့ရင် သတင်း အသစ်တွေနဲ့လဲ လွဲချော်နိုင်ပါတယ်။ ဒါ့အပြင် သတင်းအသစ် မတင်ထားတဲ့ ဆိုဒ်တွေကို ထပ်ခါထပ်ခါ သွားရောက် ကြည့်ရှုရတာလဲ အချိန်ကုန်ပါတယ်။ အဲဒီ အတွက် အရင်က newsletter subscribe လုပ်ပြီး email ကနေ အသိပေးတဲ့ စနစ်ကို သုံးခဲ့ကြပေမယ့် နောက်ပိုင်းမှာ spammer တွေရဲ့ အသုံးချခံရတာတွေနဲ့ အခြား alert message တွေ အ၀င်များပြီး ရှုပ်ထွေးလာတာကြောင့် အင်တာနက် အသုံးပြုသူတွေဟာ ဒီစနစ်ကိုလဲ မကြိုက်ကြတော့ပါဘူး။

RSS ပေါ်လာပြီးတဲ့ နောက်မှာတော့ ယူဇာက အရင်လို sites တွေကို လှည့်ပတ်ကြည့်ရှုစရာ မလိုတော့ပဲ ယူဇာဆီကို သတင်းက လာတဲ့ user center စနစ်ကို ပြောင်းလဲ လာပါတယ်။ ယူဇာဟာ RSS ဖတ်ရှုခြင်းဖြင့် အရင်လို အချိန်မကုန်ပဲ update ဖြစ်တဲ့ sites တွေက သတင်းတွေကို တစ်နေရာထဲကနေ ဖတ်ရှုနိုင်ပါတယ်။ သတင်းတွေဟာ web sites တွေမှာ အသစ်တင်လိုက်တဲ့ စက္ကန့်ပိုင်း အတွင်းမှာပဲ ယူဇာကလဲ ဖတ်ရှုနိုင်ပါတယ်။ နောက် web sites သတင်းတွေကိုလဲ organize လုပ်ရတာ လွယ်ကူလာပါတယ်။

How does RSS work?

RSS တွေဟာ .xml, .rss ဖိုင်အတွင်းမှာ notifications lists တွေ၊ metadata တွေ၊ content (images, video, audio) တွေကို ပို့ဆောင်ပါတယ်။ ဒီလို ဖိုင်တွေကို RSS feed လို့ခေါ်ပြီး ယူဇာတွေရဲ့ ကွန်ပျူတာက programs တွေကနေ သတင်းတွေ၊ အချက်အလက်တွေ၊ ဒေတာ တွေကို ရယူပါတယ်။ အဲဒီ program တွေကို RSS aggregators လို့ခေါ်ပြီး သူက .xml, .rss က ကုဒ်တွေကို သာမန်လူတွေ နားလည်နိုင်တဲ့ format ပုံစံချထားတဲ့ သတင်းပုံစံကို ပြောင်းလဲ ယူပေးပါတယ်။ RSS aggregators တွေကို RSS Readers, RSS Channels လို့လဲ ခေါ်ဆိုပါတယ်။ RSS file, link တွေကိုတော့ ကိုယ်နှစ်သက်တဲ့ web sites တွေကနေ ရယူ subscribe လုပ်နိုင်ပါတယ်။

How to use RSS?

RSS ကိုဖတ်ရှုဖို့ RSS reader တစ်ခုခုရှိဖို့ လိုအပ်ပါတယ်။ RSS readers တွေကို desktop clients အတွက် ခြားနားတဲ့ Operating System တွေ အတွက် ဆော့ဝဲပေါင်းများစွာ ရှိပါတယ်။ နမူနာ ပြောရရင် ListGarden, တို့အပြင် email clients တွေ ဖြစ်တဲ့ Outlook express, Thunderbird (Linux, Windows, Mac), Air Mail (Mac) တို့တွေနဲ့လဲ ဖတ်ရှုလို့ ရပါတယ်။ ဒါ့အပြင် Web based RSS readers တွေဖြစ်တဲ့ Google Readers, Bloglines တို့ကိုလဲ အသုံးပြုနိုင်ပါတယ်။ အခြားအနေနဲ့ email ကနေလဲ ဖတ်ရှုနိုင်ပါတယ်။ Web sites တွေရဲ့ RSS feeds တွေ အများစုမှာ email feed subscribe လုပ်လို့လဲရပါတယ်။ ဒီနည်းက အရင်တုန်းကလို news letter subscribe လုပ်တာနဲ့ ဆင်တူပေမယ့် RSS subscribe က သတင်း၊ အချက်အလက်တွေကို အကုန်လုံး email ကနေ ဖတ်နိုင်ပါတယ်။ News letter ကတော့ အသစ်တင်ထားကြောင်း အသိပေးရုံ၊ ကြော်ငြာရုံ သက်သက်ပါ။

How do I find out if a website has an RSS feed?

RSS_Animation_by_Conichan

RSS ကို Web 2.0 ဆိုဒ်တွေ၊ သန်းချီတဲ့ web sites တွေ၊ blogs တွေ၊ video channels တွေမှာ support လုပ်ထားပြီးသားဖြစ်ပါတယ်။ နှစ်သက်တဲ့ web sites တွေကနေ RSS feed ရယူဖို့ web site ရဲ့ content တွေ sidebar တွေမှာ RSS buttons, widgets, လိမ္မော်ရောင် RSS icon, RSS counters လေးကို ရှာပြီး ကလစ်လုပ် ရယူနိုင်ပါတယ်။ အခြားအနေနဲ့ web browsers တွေရဲ့ Address bar အနောက်နားမှာပါတဲ့ RSS icon လေးကို ကလစ်လုပ်ပြီး feed ရယူနိုင်ပါတယ်။

benefits And Reasons for using RSS

RSS feed အသုံးပြုခြင်းဖြင့် ယူဇာတွေ အတွက် အချိန်ကုန် သက်သာစေသလို သတင်း၊ အချက်အလက်တွေကို အချိန်နှင့်အမျှ ဖတ်ရှုလို့ ရနိုင်ပါတယ်။ Web sites author တွေ အနေနဲ့လဲ ယူဇာတွေနဲ့ သတင်းအချက်အလက်ကို အချိန်မှီ ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ယူဇာတွေက RSS ကနေ လိုအပ်တဲ့ data, images, videos ဖိုင်တွေကို သာလျှင်ယူတာ ဖြစ်တဲ့ အတွက် site ကိုလာဖတ်သလို bandwidth traffic မြင့်တက်ခြင်းကိုလဲ အကာအကွယ်ပေးနိုင်ပါတယ်။ Web site owner တွေ အနေနဲ့လဲ feed မှာ သတင်းအချက် အလက်အပြင် Google Ads လို ကြော်ငြာတွေ ထည့်ခြင်းအားဖြင့် ၀င်ငွေပါ တစ်ပါတည်း ရှာယူနိုင်ကြပါတယ်။

How to create RSS?

မိမိ web site မှာ RSS feed ပေးနိုင်ဖို့ အတွက် အခုအချိန်မှာ .XML ရေးသားနည်း သိထားဖို့ မလိုအပ်တော့ပါဘူး။ Content Management System (CMS), Bulltin Board (Forum), Blogging Platforms, Social Networks တွေအားလုံးဟာ အခုချိန်မှာ ပုံမှန် အီးမေး တစ်စောင်ကို ပို့သလို သတင်းရေးသားလိုက်ရုံနဲ့ RSS feed ကို အလိုလျောက် generate လုပ်ပြီး ထုတ်ပေးနိုင်ပါတယ်။ Static Web Site တွေ အတွက်လဲ static to RSS generator တွေကို အွန်လိုင်းမှာ အလွယ်တကူရှာဖွေပြီး လုပ်ယူနိုင်ပါတယ်။

More About RSS on Other Myanmar Blogs

What is RSS? on MMHan’s Blog
RSS? on Mystery Zillion Forum
Reading Blogs from RSS Feeds by IT Men Blog
What is RSS on KoTZP Blog


Related Posts

6 Comments so far »

  1. mtj said,

    Wrote on February 15, 2010 @ 11:33 am

    အရမ်းကောင်းတဲ့ဆောင်းပါးပါပဲညီရေ.. အဆင်ပြေရင် atom feed အကြောင်းကိုလဲ တင်ပြပေးပါဦး

  2. kom said,

    Wrote on February 15, 2010 @ 3:40 pm

    လာဖတ်၏။

  3. minkansi said,

    Wrote on February 15, 2010 @ 5:24 pm

    လာသွးပါတယ်ဗျာ

  4. မလေး said,

    Wrote on February 16, 2010 @ 11:13 am

    လာရောက်လည်ပတ်သွားခဲ့ပါတယ်

  5. Myoe Htet Zaw » Blog Archive » RSS ဆိုသည်မှာ said,

    Wrote on April 25, 2010 @ 12:11 pm

    [...] ဆိုသည်မှာကို ထူးတေဇာ ရေးထားတာ ဒီလင့်မှာ [...]

  6. RSS ဆိုသည်မှာ | Myoe Htet Zaw said,

    Wrote on April 27, 2010 @ 10:58 am

    [...] ဆိုသည်မှာကို ထူးတေဇာ ရေးထားတာ ဒီလင့်မှာ [...]

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: