Why Myanmar Fonts Doesn’t Work On Your Blog?

လွန်ခဲ့တဲ့ ရက်က ကိုBoBo က မေးတယ် သူ့ wordpress blog မှာ မြန်မာဖောင့် ဘယ်လိုပဲ ပြင်ထားထား မရလို့တဲ့ မေးလာတယ်။ ကျွန်တော်လဲ အဲဒီလိုကြုံဖူးထားတော့ သိလိုက်တယ် WordPress ကို One Click Install နဲ့ သွင်းထားလို့ ဖြစ်တယ်ဆိုတာကိုလေ။ အဲဒီလိုဖြစ်တာက Hosting မှာပါတဲ့ Cpanel ထဲက Fantastico De Luxe ကြောင့်ဖြစ်တာပါ။ အခြား One Click Installer (eg. Simple Script) တွေမှာ မဖြစ်ပါဘူး။

![]()
Fantastico One Click WordPress Installer က MySQL Database ကို UTF-8 မသုံးတဲ့ အတွက်ဖြစ်တာပါ။ Unicode, ZawGyi, Ayar လိုဖောင့်တွေ သုံးတာမျိုးနဲ့လဲ မဆိုင်ပါဘူး။ မြန်မာစာရချင်ရင်တော့ Fantastico မသုံးပဲ အခြား Installer ကနေသွင်းရင် အဆင်ပြေပါတယ်။ နောက်ဖြစ်နိုင်တာ တစ်ခုက WordPress Dashboard > Setting > Reading က အောက်ဆုံးမှာ Encoding for pages and feeds ဆိုတာကို သွားပြင်လိုက်လို့ မမြင်ရတာလဲ ဖြစ်နိုင်ပါတယ်။ သူ့ default က UTF-8 အနေနဲ့ သတ်မှတ်ပြီးသားမို့ ဒီအတိုင်းသွင်းလဲ ဘာမှမဖြစ်ပါဘူး ပြင်မှာသာ ဖြစ်ပါတယ်။ WordPress မှာ မြန်မာစာ မမြင်ရဘူးဆိုရင် အခုပြောခဲ့တဲ့ အချက်တွေကြောင့်လဲ ဖြစ်နိုင်တာမို့ စစ်ကြည့်နိုင်ပါတယ်။ ပျော်ရွှင်ပါစေ။


saturngod said,
Wrote on February 2, 2010 @ 9:35 pm
Fantastico သုံးလိုက်ရင် default အနေနဲ့ database ကို Latin နဲ့ သွားသိမ်းလိုက်လို့ ပြဿနာတက်သွားတာ။ အကုန်လုံးကို UTF-8 ပြန်ပြောင်းပေးရတယ်။ http://code.google.com/p/mysqlutf8convertor/ အဲဒါနဲ့ ပြန်ပြောင်းလို့ရတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဘာသာကိုယ် upload တင်အစအဆုံး လုပ်ပြီး သွင်းတာပဲ။
Htoo Tay Zar said,
Wrote on February 3, 2010 @ 10:05 pm
ဟုတ်တယ် ကိုစေတန် database မှာ အခုထိ အဲဒီအတိုင်းသုံးတုန်းပဲ convert တော့ မလုပ်ခိုင်းပဲ အသစ်ပဲ လုပ်တာပိုကောင်းတယ်။ ကွန်နက်ရှင်နဲ့ ပြန်ဆွဲပြန်တင်နဲ့ အလုပ်ရှုပ်လို့..
devil-king said,
Wrote on April 6, 2010 @ 4:34 am
ရှဲ့ရှဲ့ဗျာ
အဲဒါလိုက်ရှာနေတာ
အဟီး
အဆင်ပြေတွားဘီ