10 Things About iPad That Steve Won’t Tell You

10 Things Suck About iPad

iPad ကို နောက်လ April 3 ရက်နေ့မှာ US မှာ စဖြန့်တော့မယ်။ တချို့တွေကလဲ စိတ်ဝင်စားကြတယ်၊ တစ်ချို့ကလဲ စိတ်မဝင်စားကြဘူး။ ကျွန်တော်ကတော့ စိတ်မဝင်စားဘူး မတတ်နိုင်လို့ :D Steve Jobs ကတော့ keynotes မှာ အပြောကောင်းသူဆိုတော့ မနားတမ်း ကောင်းကြောင်းတွေ ပြောသွားလေရဲ့။ ကျွန်တော်ကတော့ မဝယ်နိုင်မယ့်တဲ့ ကျောက်သင်ပုန်းကြီး ကိုတော့ စိတ်ဝင်စားနေတယ်။ Steve မပြောသွားတဲ့ အချက်တွေလဲတွေ့နေရလို့ ၁၀ ခုစုလိုက်ပြီး ဖွပါရစေတော့။

iPad ကို ပြီးခဲ့တဲ့ Oscars မှာလဲ ကြော်ငြာပထမဆုံး စပြသွားတယ်။ စိတ်ဝင်စားစရာပဲ ဆိုတော့ Steve ပြောမှာ မဟုတ်တဲ့ အချက်တွေ HTZ ကပဲ အစားပြောရတာပေါ့

ipadfail

1 – ပထမဆုံးနဲ့ လူသိအများဆုံးကပဲ စပြောပါ့မယ် iPad က iPhone OS run ထားတာဖြစ်ပါတယ်။ ဆိုတော့ Adobe Flash ရမှာ မဟုတ်ပါဘူး။ iPhone မှာလဲ မရသလို iPad မှာလဲ ရမှာ မဟုတ်ပါဘူး။ iPhone မှာတော့ flash ရချင်ရင် jailbreak လုပ်ထားတဲ့ ဖုန်းတွေမှာ လုပ်လို့ရပါတယ်။ Steve ပြောတာကတော့ flash က crappy ဆိုပဲ နောက် memory စားလို့တဲ့ ဟုတ်ပါတယ် flash က memory စားတာ အမှန်ပဲ ကျွန်တော် ဟိုးအရင် အင်တာနက်ဆိုင် 128 MB RAM တွေတုန်းကဆို ရင် ဖွင့်ထားတာကြာရင် browser ပါ crash ဖြစ်တယ်။ battery လဲစားလိမ့်မယ်။ အဓိကက flash က လုပ်နိုင်တာတွေ အရမ်းများတော့ flash ကို Apple ကဖွင့်ပေးလိုက်ရင် Application တွေကို flash based လုပ်လို့ရသွားမှာလဲ စိုးလို့ ဖြစ်ပါတယ်။ ဆိုတော့ iPad မှာ flash ပါတဲ့ နေရာတွေမှာ lego brick တုံးလှလှ လေးတွေ အစားထိုးမြင်ရပါမယ်။ :D

iPad

2 – နောက်တစ်ခုက iPad က ကျွန်တော် အရင်က ပုံတင်ခဲ့သလိုပဲ iPod touch screen အကြီးကြီးတစ်ခုပါပဲ ဆိုတော့ GPS မပါဘူး၊ ကင်မရာ မပါဘူး (နောက် generation မှာ ပါမှာသေချာတယ်) mic ကတော့ iPod touch နဲ့ မတူပဲ စက်မှာ ပါပြီးသား ဆိုတော့ iPad နဲ့ Geolocation တွေ လုပ်လို့ မရဘူး။ Wireless Tower, IP address နဲ့ပဲ နီးစပ်တာ အလွန်ဆုံးခန့်မှန်းပေးမှာ iPhone သုံးနေကျတဲ့ သူတွေ အတွက်တော့ အဲဒါက တော်တော်ပျင်းဖို့ ကောင်းနေမှာ။

3 – iPad Screen Ratio ကို နောက်ထပ် ဆက်ပြောပါမယ် 1024 x 768 ရှိပြီး 132 Pixels per Inch ရှိတယ်။ ဆိုတော့ ဒီ အချိုးက ကျွန်တော်တို့အရင်လူသုံးများခဲ့တဲ့ လေးထောင်ကျကျ CRT monitor အချိုးဖြစ်ပါတယ်။ ဆိုလိုတာက HD ratio မကျပါဘူး။ web page ကို တွေကြည့်မယ်ဆို landscape ထားလိုက်မှ 1024 အချိုးဖြစ်မယ်ဆိုတော့ web site ရေးရင် 1024 အတွက် တွက်ထားတဲ့ sites တွေကတော့ အဆင်ပြေမှာပါ။ တစ်ခုပဲ ရုပ်ရှင်တွေ ကြည့်ရမှာတော့ အရင်တုန်းက CRT နဲ့ ပြန်ကြည့်ရသလိုပဲ ဖြစ်မှာ wide screen HD မျိုး ခံစားရမှာ မဟုတ်ဘူး။

NFS on iPad

4 – Keynotes ပွဲတုန်းက Scott သရုပ်ပြသွားတာကို ကြည့်ဖူးရင် သိမှာပါ။ iPhone X Games ကို iPad နဲ့ သရုပ်ပြသွားတာပါ။ ဆိုလိုတာက iPad က iPhone App တွေ Games တွေကို run နိုင်တယ်ပေါ့။ ကျွန်တော့် သိတာပြောရရင် သူ သရုပ်ပြသွားတာ Render လုပ်တဲ့ ဂိမ်းကိုပဲ ပြသွားတာပါ iPad screen အကြီးမှာ အဆင်ပြေတယ်ပေါ့။ iPhone Games တွေမှာ render မလုပ်တဲ့ ဂိမ်းတွေ အများကြီးရှိပါတယ်။ ဥပမာ ပြောရရင် Tap Tap Revenge ဂိမ်းဟာ .png image ဖိုင်တွေပဲ သုံးထားတာပါ။ အဲဒီလို ဂိမ်းတွေကို iPad screen အကြီးမှာ screen အပြည့်နဲ့ဆော့ရင် ပုံတွေက ဖွာထွက်သွားမှာပါ။ Native UI (Interface Builder) သုံးထားတဲ့ tab based app လိုမျိုးတွေကတော့ ဒီအတိုင်းပါပဲ ပြသနာ ရှိမှာမဟုတ်ပါဘူး။ (.png သုံးတဲ့ FieldRunner, Tap Tap Revenge လို ဂိမ်းတွေက iPad အတွက် သီးသန့်ပြန်ရေးမယ်လို့ ထင်ပါတယ် ဒါပေမယ့် လောလောဆယ်တော့ ထွက်ဦးမှာ မဟုတ်ပါဘူး)

5iPad က အပေါ်မှာပြောခဲ့သလိုပဲ 1024×768 ရှိတဲ့ အတွက် ပုံမှန် ဆိုဒ်တွေ အများစု အဆင်ပြေမှာပါ။ နောက် iPad က pinch zoom တွေ လုပ်လို့ရမှာဆိုတော့ iPhone မှာလို အတူတူပဲ နေမှာပါ။ တစ်ခုပဲ မေးစရာရှိလာတာက iPad ရဲ့ Safari (Webkit) User Agent က iPhone နဲ့ အတူတူဖြစ်မှာပဲလား ဒါမှမဟုတ် Desktop Safari နဲ့ တူသွားမှာလား။ အသစ်တစ်ခုအနေနဲ့ ရှိမှာလား မေးစရာရှိတယ်။ iPhone နဲ့ တူမယ်ဆိုရင် iPhone အတွက် ရေးထားတဲ့ ဆိုဒ်တွေက အများစုက UI ကို ကိုယ့်ဖာသာ .png နဲ့ သုံးကြတာများတယ်။ iPhone အတိုင်းဆိုရင်တော့ အချိုးလဲ မတူတော့သလို ရှိပြီးသား iPhone Web Apps တွေ အကုန် screen အကြီးမှာ ပြဲထွက်ကုန်မှာ သေချာတယ်။ နောက် Webkit APIs တွေကတော့ အကုန်ပါမယ်လို့ ထင်တယ်။ နောက် iPhone Web App လို icon တွေကို Home Screen မှာ တင်လို့ ရမှာလား။

6iPad ကို Steve ပြောသွားပါတယ် Wifi only နဲ့လဲ ထုတ်မယ် 3G support လဲထုတ်မယ်လို့ ပြောသွားတယ်။ 3G အတွက်က Steve Jobs အကျယ်ကြီး အော်မသွားတာ 3G SIM Card ထည့်လို့ရမှာ မဟုတ်ပဲ Mini 3G card သာထည့်လို့ ရမှာပါ။ ဆိုတော့ အခု လက်ရှိ မိတ်ဆွေမှာ iPhone နဲ့ 3G SIM card သုံးနေလဲ အဲဒီ ကတ်ကို iPad ထဲ ထည့်လို့ မရဘူးဆိုတာပါပဲ။ iPad က iPhone လိုပဲ Wireless Carrier တွေအကြိုက် Data Plan Contract နဲ့ ရောင်းမှာ အသေအချာပါပဲ။ AT&T လိုမျိုးပေါ့ ဆိုတော့ နောက်ထပ် ကတ်တစ်ခု မလိုအပ်ဘဲ ယူရအောင် လုပ်ထားတယ်။ လောလောဆယ် ဒီနိုင်ငံမှာတောင် 3G mini card မရှိဘူး အကိုပြောတာတော့ ဒီက Carrier တွေကလဲ iPad ထွက်ရင်တော့ မနေပါဘူး လိုက်လုပ်ကြမှာပါတဲ့။ ရန်ကုန်မှာကတော့ 3G SIM card တောင်မရှိတာ mini ဆို ဝေးပြီ။

7 – နောက် တစ်ချက်က iPad က 3G Data သုံးနိုင်တယ် ဒါပေမယ့် လွန်ခဲ့တဲ့ ၂ ရက်လောက်က ပဲ Steve Jobs ထပ်ပြောပါတယ်။ iPad နဲ့ tethering မရပါဘူးတဲ့။ iPhone ကမှ Tethering ရသေးတယ် iPad နဲ့ 3G သုံးပြီး အရေးကြီးလို့ laptop နဲ့ ချိတ်လို့ မရမှာကတော့ စိတ်ပျက်ဖို့ကောင်းပါတယ် Steve Jobs ကြီးရယ်။

8 – နောက်ထပ် တစ်ခုက iPad က iPhone games တွေ ဆော့လို့ ရတယ်လို့ပြောသွားပါတယ်။ ဒါပေမယ့် စဉ်းစားစရာတွေ ပါနေတယ် တစ်ချို့ iPhone ဂိမ်းတွေက portable game consoles လို landscape ကိုင်ပြီး လက်မ ၂ ဖက်နဲ့ move လုပ်ဆော့ရတာတွေရှိတယ်။ iPad မှာက screen မှာ အနားသတ် အပိုင်းတွေပါတယ် နောက် တကယ်ဆော့မယ်ဆို လက်မ ၂ ဖက်က touch screen area ကို ရောက်ဖို့ မလွယ်လောက်ဖူး။ နောက် iPad က weight ရှိတယ် လက်ထဲမှာ ကြာကြာကိုင်ဆော့နိုင်မှာလား နောက် တချို့ ဂိမ်းတွေက accelerometer အရမ်းသုံးတယ် iPad ကြီးကို လှည့်ဖို့က သိပ်တော့မလွယ်လောက်ဖူးထင်တယ်။

9 – iPad, iPad, iPad မှာ နောက်တစ်ခုရှိသေးတယ် iPad မှာ build-in ပါမယ့် iBook Store ဆိုတာရှိတယ်။ စာအုပ်တွေ ဝယ်ဖတ်လို့ရနိုင်တယ် ebook reader တစ်ခုလိုသုံးနိုင်တယ်။ အဲဒီ Store ကနေပေးမှာ သေချာတာကတော့ .pdf file မဟုတ်တာ သေချာပါတယ်။ ဆိုတော့ မိတ်ဆွေဆီမှာ ရှိပြီးသား ebook (.pdf) ဖိုင်တွေ ဖတ်လို့ ရဖို့ မသေချာ သလောက်ရှိတယ်။ ဖတ်ချင်ရင် 3rd party Apps တွေ သုံးရမှာ.. Readdle Doc လိုမျိုးကို သုံးရမယ်။ နောက် တစ်ခုရှိသေးတယ် ကျွန်တော် iBook store ကနေ စာအုပ် ဝယ်လိုက်ပါပြီတဲ့ ကျွန်တော့် mac, windows စက်တွေမှာ sync လုပ်ပြီး ဖတ်လို့ရမလား၊ နောက် iPhone မှာကော ဖတ်လို့ ရမှာလား.. မသေချာဘူး။ Apple အဲဒီ အပိုင်းကို ဘယ်လို က မလဲကြည့်ချင်တယ်။ iPad တစ်ခုထဲမှာသာ ဖတ်လို့ရမယ်ဆိုရင်တော့ ဝယ်ရတာ မတန်ဘူးပဲ။

iPad iWork

10iPad မှာ iWork (like Microsoft Office Suite) ကို သုံးလို့ရမယ်လို့ ပြောသွားတယ်။ ကျွန်တော်ကတော့ Seamless သုံးလို့ရမလား ဆိုတာကို သံသယရှိပါတယ်.. Mac က iWorks အတိုင်းရမယ်လို့ တော့ ကျွန်တော်မထင်ပါဘူး။ Mac တွေက Intel chip တွေနဲ့ iPad က Apple A4 Chip က လုပ်ဆောင်နိုင်တာ ကွာမယ်လို့ ကျွန်တော်ထင်တယ်။ Mac မှာလုပ်ထားတာတွေကို keynotes တွေကို iPad မှာ ပုံစံတူ ပြန်ပြလို့ ရမယ်ဆိုတာတော့ ယုံတယ်။ ဒါပေမယ့် ဖိုင်တွေစလုပ်မယ် စာရေးမယ်ဆိုရင်တော့ ကွာနေမှာ သေချာတယ်။ နောက် iPad မှာ သုံးထားတဲ့ iPhone OS ဟာ font install အလုပ်မလုပ်ပါဘူး ဆိုတော့ မြန်မာစာနဲ့ စာရေးလို့ မရနိုင်သလို မြန်မာစာနဲ့ ရေးထားတဲ့ ဖိုင်တွေ iPad က iWork မှာ အလုပ်လုပ်မှာ မဟုတ်ဘူး မြန်မာစာတင် မဟုတ်ပါဘူး Mac မှာ လုပ်ထားတုန်းက သုံးတဲ့ english font အသစ်အဆန်းတွေလဲ iPad မှာ default font တွေ အစားထိုးသွားမှာ။ Keynote တော့မပြောတတ်ဖူး သူ့မှာ font ကို file ထဲ embed လုပ်လို့ ရတာတော့ ရှိတယ်။ နောက် iPad အတွက် keyboard dock လဲရှိတာကို တွေ့မှာပါ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ရှိပြီးသား iMac က bluetooth wireless keyboard နဲ့ သုံးလို့ရရင် သုံးချင်တယ် မဝယ်ချင်ဘူး။ Apple အဲဒါကို ခွင့်ပြုမှာလား ထွက်လာမှ စောင့်ကြည့်တော့မယ်။

အိုကေ အခုဆိုရင်တော့ ကျွန်တော့် ရဲ့iPad analysis လုပ်ခြင်းပြီးဆုံးပြီ ဖြစ်ပါတယ်။ ဒီထဲမှာ မထည့်ဘဲချန်ခဲ့တာတွေ ရှိပါသေးတယ်။ ဥပမာ Apple က iPad မှာ bluetooth ရမရ မပြောသွားတာ MobileMe အကြောင်း တစ်လုံးမှ မပြောတာတွေလဲ ထူးဆန်းနေမိတယ်။ အခုကတော့ စာမရေးဖြစ်တာလဲ ကြာလို့ iPad ကို ဝေဖန်ကြည့်တာ.. America Idol က Simon Cowell လိုမျိုး ဝေဖန်ကြည့်တာပါ တူမလားလို့ =P အသေးစိတ်ကိုတော့ iPad ထွက်လာမှ ဆိုင်မှာ သွားကိုင်ကြည့်ပြီး ထပ်ဝေဖန် ပါဦးမယ်။ ပျော်ရွှင်ပါစေ… :D



5 Comments

  1. saturngod March 11, 2010

    iBook use epub. It’s also like stanza in iPodTouch :D It’s not good. PDF is more pubber than epub but epub is more lighter than PDF. epub design for ebook reading.

    Like or Dislike: Thumb up 0 Thumb down 0

  2. zipzap March 12, 2010

    Multitasking is coming to iphone this summer ?

    http://lifehacker.com/5491157/iphone-40-to-integrate-multitasking-this-summer

    Steve jumped off from the seat today because of Android share getting high at a surpise rate. :) So, iphone 4.0 is not too far away from today, I think. :)

    Like or Dislike: Thumb up 0 Thumb down 0

  3. ထွေးငယ် March 13, 2010

    တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့အီးမေးလ်စစ်လိုက်တော့ iPad is coming. April 3. Pre-order or reserve yours today က Inbox ရဲ့ အပေါ်ဆုံးမှာဝင်နေတာ။ Appleက စကြေငြာကတည်းက စိတ်ဝင်စားနေတာ ခုထွက်လာတော့လဲ မ၀ယ်နိုင်လို့ စိတ်မကောင်းဖြစ်နေတာ ခုမှပဲ စိတ်သက်သာရာ ရတော့တယ်..:D
    တချို့နည်းပညာပိုင်းဆိုင်ရာတွေ နားမလည်ပေမယ့် ကျေးဇူးတင်လျှက်
    Daywalker ကြီးကနေ တဆင့်ရောက်ပါကြောင်း…:)
    ထွေးငယ်

    Like or Dislike: Thumb up 0 Thumb down 0

  4. Samuel Faith March 17, 2010

    1. Doesn’t matter, at least for me. Personally, not a big fan of Flash.

    2. GPS, agreed. Still I ain’t so sure if I prefer my iPhone/Blackberry or iPad to use GPS while I am on the go. About the camera, do you really want to have a “up-to-your-chin” kinda shots in your video conferences? I am guessing they might use external camera along with a dock.

    5. My guess is, the Webkit UA will be same as desktop. Otherwise, the sites will be displayed in native iPhone mobile format, and … yuck … I can’t imagine how they will look like on iPad! But anyway, if the sites are designed for screens larger than 1024 (which is still not so likely, as most sites can be viewed under 1024), they might appear in zoom-out fashion.

    6. LOL. You don’t have 3G (whether mini or same ol’ regular ones) in Yangon. So why bother? But the idea of purchasing another 3G data plan just to use iPad is… not one I want to entertain. But hey, if it has WiFi, I might consider jailbreaking my iPhone to create ad-hoc WiFi network :D . Or buy a 3G to WiFi mobile wireless router and put my SIM card in it, or there will be other workarounds.

    9. Hmm… I am not worried about PDF ebooks. There are myriad of apps for that. I am more concerned with Kindle books. Ok, I know iPhone has Kindle app. Will it be usable/ported to iPad? Will Apple accept it, given that now they have their own book store for iPad? AFAIK, Kindle books are cheaper than iBook (might have to re-confirm that though).

    10. If I could really use iWork suite on iPad just like the way it can be used on OSX, I’d so totally buy it. But yeah, the font issue raised another question: will they let us install fonts (properly licensed, of cos), maybe only for iWork suite?

    Regarding to keyboard dock, I guess it allow you to put your iPad in standing position as well. Could save some bucks if you can just use existing Mac keyboard though.

    4, 8. A lot of people are excited about gaming on iPad, as if it’s a big dedicated gaming machine. At that price, wouldn’t buying a PS3 or a Wii quench your gaming desires better than an iPad? Just wondering… ^^

    Like or Dislike: Thumb up 0 Thumb down 0

  5. နှင်းနှင်း August 28, 2010

    နံပါတ် ၆ မှာ ထူးတေဇာ ပြောတာ…အမကနဲနဲဖြည့်ချင်တယ်…Mini 3G card ဆိုတာဘာမှမထူးဆန်းပါဘူး… အခုအမတို့ သုံးနေတဲ့ 3G Sim Card
    ရဲ့ ဘေးပတ်ပတ်လည်ကို ကတ်ကြေးနဲ့ ညှပ်လိုက်ရင်ရပြီ။ အဟီး… အမကတော့ ဒီလိုပဲ အောင်အောင်မြင်မြင် သုံးလိုက်တယ်။ ညှပ်ပြစ်လိုက်လို့ သေးသွားတဲ့ Sim Card အတွက်လဲ..ဘာမှမပူနဲ့ …ကြိုက်တဲ့ Phone ထဲပြန်ထည့် သုံးလို့ ရတယ်။ …

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 3 + 2