Download All Your PC Needs from Ninite

Download Ninite Packages

Windows တင်ပြီးတိုင်း ကျွန်တော်တို့ အမြဲကြုံရလေ့ရှိတာက လိုအပ်တဲ့ applications တွေ ပြန်ပြန်တင်ရတာ မျိုးတွေ ရှိပါတယ်။ ဥပမာ Windows မှာ OS တင်ထားရုံသက်သက်နဲ့တော့ .pdf ကို ဖတ်လို့မရဘူး။ Windows Messenger ကလဲပြီး အခြား ဘာမှမပါတော့ Gtalk ကို OS တင်ရုံနဲ့ ဝင်လို့မရဘူး။ နဂိုပါလာတဲ့ Internet Explorer ကလဲ စိတ်မချရဘူး။ Virus ကာဖို့ကလဲ ရှိသေးတယ်။ ဆိုတော့ အဲဒီလို 3rd Party (Open Sources) ဆော့ဝဲတွေ လိုက်ရှာပြီး သွင်းရမယ့် ပြသနာကို Ninite ဆိုတဲ့ package က ဖြေရှင်းပေးနိုင်ပါတယ်။ သူက Google Pack လို မျိုး softwares package တစ်ခုပါပဲ။

ပထမဆုံး Ninite ဆိုဒ်ကို သွားပြီး လိုချင်တဲ့ softwares တွေကို check လုပ်ပေးလိုက်ပါပြီးရင် သူဆီကနေ .exe package ဖိုင် KB သာသာလေးတစ်ခု ပေးပါလိမ့်မယ်။ အဲဒီကောင်ကို စက်ထဲသွင်းလိုက်ရင် အဲဒီကောင်လေးကနေ စက်ရဲ့ OS Windows XP, Vista, 7 (32bit or 64 bit) စတာကို စစ်ပေးပြီး နောက်ဆုံး version ဆော့ဝဲတွေ အွန်လိုင်းကနေ သွင်းပေးပါလိမ့်မယ်။ ဆိုတော့ အနဲဆုံးတော့ Windows ပြန်တင်တိုင်း သွင်းရတဲ့ Acrobat Reader, Flash, Silverlight, Adobe AIR, VLC Player, Java, .Net Framework, Gtalk, iTunes စတာတွေကို အလိုလျောက်သွင်းသွားပေးတာမို့ စက်ရှေ့ထိုင်ပြီး တစ်ချင်းသွင်း အချိန်ကုန်ခံစရာ မလိုတော့ပါဘူး။ အသုံးဝင်မယ်လို့ မျော်လင့်ပါတယ်။ Have A Nice Day!!

Via : Smashing Magazine Newsletter


Related Posts

2 Comments so far »

  1. mg naing said,

    Wrote on March 24, 2010 @ 5:49 pm

    အားပေးသွားပါတယ်ခင်ဗျာ။

    Like or Dislike: Thumb up 0 Thumb down 0

  2. Han Htut Zaw said,

    Wrote on March 28, 2010 @ 10:21 am

    မိုက်တယ်တေဇာရေ.. တော်တော်အသုံးဝင်တယ်.. အရင်ကဆို Window တင်ပြီးတိုင်း တခုချင်းစီ လိုက်ပြန်တင်နေရတာ.. အခုတော့ တခါတည်း အိုကေသွားတယ်. နောက် သူပေးထားတွေကလည်း Update တွေချည်းပဲ.. အချိန်ကုန်သက်သာသွားတာပေါ့..
    အခုလို ရှဲပေးတာ ကျေးဇူးအထူးတင်ပါတယ်…

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: