Earth Hour 2010


Earth Hour 2010

မနေ့က ၂၇ ရက် ည က WWF ကနေ ဦးဆောင်လုပ်တဲ့ Earth Hour Campaign ညဖြစ်ခဲ့ပါတယ်။ သူတို့တောင်းဆိုတာက ကမ္ဘာကြီး အတွက် စွမ်းအင် ချွေတာဖို့ သတိပေးတဲ့ အနေနဲ့ မနေ့ည နိုင်ငံအလိုက် စံတော်ချိန် 8:30pm to 9:30pm တစ်နာရီ စာကို မီးပိတ်ထားဖို့ စခဲ့တာပါ။ အပေါ်က ပုံရယ် ကျွန်တော် အရင် ၃ ရက်လောက်ကတည်းက ပြောင်းထားတဲ့ blog banner မှာလဲ တွေ့ရမှာပါ 60 ဆိုတဲ့ မိနစ် ၆၀ စာကို တောင်းဆိုထားတာ။

မနေ့ညကတောင် twitter ကနေ သူငယ်ချင်းတွေကို သတိပေးလိုက်သေးတယ် ၈ နာရီခွဲ မရောက်ခင်ကပေါ့ မီးပိတ်ထားကြဖို့ ကို ကျွန်တော်တို့လဲ မနေ့ညက တစ်အိမ်လုံး မီးပိတ်ထားခဲ့တာပါ။ ပိတ်ဆို လူအကုန် အပြင်သွားကြတာကိုး :D မြို့ထဲက နာမည် ဘာခေါ်လဲ မသိတဲ့ တိုက်ကြီးမှာတော့ New Year ညလို့ပဲ count down နဲ့ မီးပိတ်တာကို CNA Video News ကနေ ကြည့်လိုက်ရသေးတယ်။ ညက မသွားလိုက်ရတာ နာသွားတယ်။ သွားလဲ သူများတွေလို ရိုက်စရာ ကင်မရာ တော့မရှိပါဘူး။

Earth Hour from Studio Number One on Vimeo.

စောစောကတောင် အမေ နဲ့ တွေ့လိုက်သေးတယ် ရန်ကုန်မှာ Earth Hour ကို ဒီနေ့ ညအထိ ဆက်လုပ်နေတုန်းပဲတဲ့။ မီးပျက်နေလို့ သားနဲ့လာတွေ့တာတဲ့.. သူများနိုင်ငံကလူတွေ ကမ္ဘာကြီးကျေးဇူးကို မြန်မာနိုင်ငံလောက် မသိတတ်ပါဘူး.. လျပ်စစ်စွမ်း အင် ချွေတာတဲ့ နေရာမှာ ဘယ်မှီလိမ့်မလဲ။ အင်ဒီဆင် သာ မြန်မာနိုင်ငံမှာ လူဝင်စားပြီးပြန် မွေးခဲ့ရင် လျပ်စစ်မထွင်ရသေးဘူး ထင်ပြီး ပြန်ပြီး ကြိုးစားချင် ကြိုးစားနေဦးမှာ.. လျပ်စစ်အကြောင်းပြောရင်းနဲ့ သတိရလာလို့ ဟိုးအရင်က တွေ့ခဲ့ဖူးတဲ့ ပုံတစ်ခုကို မရမက ရှာပြီး အောက်မှာ ပြန်တင်လိုက်ပါတယ်။ Earth’s City Light လို့ ခေါ်ပါတယ် NASA ကနေ 23 ရက် 10 လပိုင်း 2000 ခုနှစ်က အာကသကနေ ယူထားတာပါ။

Earth's City Lights by NASA

ပုံကို ကလစ်လုပ်ပြီး ဇွန်း၊ ခက်ရင်းများ ဆွဲပြီး ကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက လျပ်စစ်စွမ်းအင် ချွေတာတာကို သက်သေပြလို့ ရပါတယ်။ ဒါက 2000 ကဆိုတော့ ဒိတ်တော့အောက်နေပြီ ကျွန်တော့် အထင် အခုနှစ်တွေမှာ ရိုက်ယူမယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံ အလယ်လောက်မှာ လူမရှိလဲ သိန်းကျော်တန်မီးတွေ ခပ်စိပ်စိပ်ထွန်းထားတဲ့ လမ်းကြီးတွေကိုတွေ့ရမှာ မလွဲပါဘူး။ ရန်ကုန်နေရာကတော့ တစ်မြို့နယ် ကလင်း၊ နောက်တစ်ဖက်က ပျက်နေတဲ့ပုံမျိုးဖြစ်လိမ့်မယ်။ ပြောလို့ မရဘူး မီးပျက်လို့ ဝရန်တာထွက်ပြီး ကားတွေထိုင်ကြည့်နေတဲ့ ကျွန်တော့်ပုံတောင် ပါချင်ပါနေခဲ့ဦးမှာ။

Earth Hour Singapore 2010

အခုတော့ မနေ့ညက သူများနိုင်ငံတွေ ဘာလုပ်ကြလဲဆိုတာ ဗီဒီယိုတွေ ထိုင်ရှာကြည့်နေပါတယ်။ Las Vigas လဲကြည့်ပြီးသွားပြီ အာရှဘက်လဲ နိုင်ငံတစ်ချို့ ကြည့်ပြီးသွားပြီ။ ပြောရင်းဆိုရင်း ည ၁၂ ခွဲနေပြီမို့ မီးပိတ်ပြီး အိပ်ပါတော့မယ်။ ပျော်ရွှင်ပါစေ :D





Related Posts

4 Comments so far »

  1. Talkii said,

    Wrote on March 30, 2010 @ 7:38 am

    မနှစ်ကတော့ မီးပိတ်ပြီး ဖယောင်းတိုင်ထွန်းတာက ပိုပြီး ဓာတ်ငွေ့ပိုထွက်တယ်လို့ အဲဒီလုပ်ရပ်ကို ဝေဖန်ခံရတယ်။ ဒီနှစ်တော့ ဘယ်လိုပြောခံရသလဲတော့ မသိဘူး။ ရွှေပြည်ကြီးကို အတုယူသင့်တယ် :)

    Like or Dislike: Thumb up 0 Thumb down 0

  2. Htoo Tay Zar said,

    Wrote on March 31, 2010 @ 11:46 am

    @ Talkii ~ ဟုတ်မယ်ဗျ မီးပိတ်ပြီး ဖယောင်းတိုင်ထွန်းတော့ ဖယောင်းတိုင်လုပ်တဲ့ ရေနံတွေ နောက် ကာဗွန်ဒိုင်အောက်ဆိုက်ထွက်တာနဲ့ ဘာမှမထူးဘူး.. နယ်မှာ လိုက်သရုပ်ပြနေသလို နောက်ချီးနဲ့ လုပ်တယ်ဆို ဟုတ်သေး :P

    Like or Dislike: Thumb up 0 Thumb down 0

  3. Earth Day 2010 « My Burmese Blog said,

    Wrote on April 22, 2010 @ 8:46 pm

    [...] Earth Hour 2010 [...]

    Like or Dislike: Thumb up 0 Thumb down 0

  4. sanwin said,

    Wrote on March 7, 2011 @ 12:51 pm

    ဘာ font သုံးထားတာလည်း စာတစ္လုံးမှဖတ်လို့မရဘူးဗျာ
    ခုကျွန်သုံးတာမြန်၃ font ပါ

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: