Get iPhone Wallpapers, Ringtones Free

iPhone Wallpapers

ဒီရက်ပိုင်း ဘာရယ်မဟုတ်ဘူး ဟာသ တီရှပ်တွေ ဝယ်ဖြစ်တယ်။ နောက် ပေါက်ကရတွေ ပဲလုပ်ချင်နေတယ်။ ဒါနဲ့ ဖုန်းမှာလဲ ဟာသ ပုံတွေ wallpaper လုပ်သုံးဖြစ်တယ်။ ကျွန်တော်က Wallpaper ခဏတိုင်း ပြောင်းရတာ ဝါသနာ ပါတယ်။ ပြောင်းရင် desktop, laptop, phone, mp4 တွေအကုန် one set ဆင်တူပြောင်းတာကလဲ ဝါသနာ အခုလဲ ညနေပိုင်း funny ringtones တွေ download လုပ်နေဖြစ်တယ်။ ဒါနဲ့ ကျွန်တော်လိုလူတွေ အတွက် အဆင်ပြေအောင် ဒီနေ့ ရှာခဲ့တဲံ ဆိုဒ်တွေ ပို့စ်တင်ပြီး ရေးလိုက်ပါတယ်။ ကျွန်တော်လဲ နောက်မေ့သွားရင် ပြန်ရှာလို့ ရအောင်။

iPhone Wallpapers တွေကိုတော့ iDesigniPhone.net က အများဆုံးယူပါတယ်။ Funny ဆိုတဲ့ category က အများဆုံးယူတယ် နောက် အများဆုံးသုံးတာက ဟာသ စာသားတွေ ပုံတွေ အခုတင်ထားတဲ့ ပုံလိုပေါ့ အဲဒါမျိုးတွေ ကြိုက်တယ် နောက် illustration character, cartoon character တွေ သုံးတယ်။ jailbreak လုပ်ရင် သုံးလို့ ရတဲ့ Winterboard Themes တွေတော့ သိပ်သုံးလေ့မရှိပါဘူး။ Cydia ထဲက themes တွေ ringtones တွေ system tweak themes တွေဆို ပိုတောင် မသုံးပါဘူး။ ဘာလို့လဲဆို အဲဒီကောင်တွေ နောက်ပိုင်းကြာရင် ဖုန်းလေးလာတယ်။ နောက် system tweak လုပ်တဲ့ themes တွေက သွင်းနေတုန်း ကွန်နက်ရှင်ကြောင့် တစ်ချို့ ဖိုင်တွေ skip လုပ်သွားရင် သွင်းပြီး ၁ လ ၂ လ ကြာလို့ စက်ပိတ်မိသွားရင် ဂန့်သွားတတ်လို့ မသုံးဖြစ်တာ။

iTunes iPhone Ringtones LibraryRingtones, Videos တွေကိုတော့ Zedge ဆိုတဲ့ india ဆိုဒ်တစ်ခုက အများဆုံးယူပါတယ်။ အကုန် ဖရီးရတယ် sony ericsson, nokia လိုအတွက် themes တွေ games တွေလဲ ရပါတယ်။ အဲဒီဆိုဒ်ကနေ ဒီနေ့ တော်တော်များများ ယူလိုက်တယ် ရှားပါး ringtones တွေလဲ ရလိုက်တယ်။ ဥပမာ ငယ်ငယ်က မြန်မာ့ရုပ်မြင်သံကြားမှာ လာဖူးတဲ့ Air Wolf ရဟတ်ယာဉ်ကားက theme sound, Mission Impossible, Final Fantasy လိုမျိုးတွေလဲ ယူလိုက်တယ်.. Avatar, WWE Smack Down က intro songs တွေလဲ ယူလိုက်တယ်.. UP, LooneTunes, Tom&Jerry လို ကာတွန်းတွေလဲ ယူလိုက်တယ်.. တစ်နေ့ တစ်မျိုးပြောင်းသုံးဖို့ :D ဖိုင်တွေကို တိုက်ရိုက်တန်းယူလို့ရပါတယ်။ ပေးတာက .mp3 ဖိုင်တွေဆိုတော့ iPhone ကို တိုက်ရိုက် သွင်းလို့ မရပါဘူး။ iPhone အတွက် သုံးချင်ရင် ကတော့ အောက်ကနည်းအတိုင်း လုပ်ယူနိုင်ပါတယ်။

Convert .mp3 file to iPhone Ringtone File .m4r

- ပထမဆုံး download လုပ်ထားတဲ့ ဖိုင်တွေကို iTunes နဲ့ ဖွင့်လိုက်ပါ.. ပြီးရင် iTunes Menu က Advanced မှာ convert AAC ဆိုတာ ရှိပါတယ် အဲဒါနဲ့ download လုပ်ထားတဲ့ .mp3 ဖိုင်တွေကို ပြောင်းလိုက်ပါ။

- ပြီးရင် iTunes ထဲမှာပဲ convert လုပ်ပြီးသားဖိုင်တွေ ပေါ်လာရင် အဲဒီဖိုင်တွေပေါ်မှာ right click လုပ်ပြီး Show File လုပ်ပါ။

- ပြီးရင်တော့ ပေါ်လာတဲ့ .m4a ဖိုင်တွေကို .m4r ဖိုင်အဖြစ် rename လုပ်ပြီး file extension ပြောင်းယူပါ။

- ပြောင်းပြီးရင်တော့ အဲဒီဖိုင်တွေကို iTunes software ပေါ် drag n drop လုပ်လိုက်ရင် ringtones ဆိုတဲ့ library ထဲ ကို ဝင်သွားမှာ ဖြစ်ပြီး sync လုပ်လို့ရပါပြီ။

တစ်ခု သိထားရမှာက iPhone ringtones က အရှည်က စက္ကန့် ၃၀ ထက် ကျော်လို့ မရပါဘူး ဖိုင်ဆိုဒ်ကတော့ ကန့်သတ်မထားပါ… iPhone က ringtones သာပေးပြောင်းပြီး messages (sms) tone ကို default ကလွဲပြီး (jailbreak မလုပ်ပဲ) ထပ်ထည့်ခွင့်မရှိပါဘူး။ နောက်မှပဲ ကျွန်တော် download လုပ်ထားတာတွေ zip နဲ့ ပြန်တင်ပေးတော့မယ်။ အခုတော့ အပေါ်က ကျွန်တော်ပြောခဲ့တဲ့ ဆိုဒ်တွေမှာ လိုချင်တာ ရှာယူလို့ ရပါတယ်။ ပျော်ရွှင်ပါစေ။

3 Comments

  1. NweYoe March 13, 2010

    zedge ကတော့ အမြဲဝင်ပြီး လိုချင်တာလေးတွေ ရှာတယ်။ တချို့ဗမာ ring tone တွေလည်းရှိတယ်၊ wallpaper တွေလည်း တင်ထားတာ တွေ့မိတယ်။ ဖုန်းထဲကို တိုက်ရိုက် download လုပ်လို့ရတာလည်း မဆိုးဘူး :D အရင်က မသိတော့ ဖုန်းထဲမှာ ဒီတိုင်းပဲ theme တွေ ring tone တွေ download လုပ်မိတာ၊ theme တခုကိုဆိုရင် သုံးဆယ်လောက် အုပ်သွားတယ်။ ခုလိုဖရီးရတဲ့နေရာလေးတွေ တွေ့ထားတော့ အဆင်ပြေသွားတယ် :D

    Like or Dislike: Thumb up 0 Thumb down 0

  2. Myo Kyaw Htun March 14, 2010

    I also like Zedge site … it is full of resource for mobile ringtone and wallpaper

    Like or Dislike: Thumb up 0 Thumb down 0

  3. HTET HTET July 2, 2010

    HI FRI

    LET ME KNOW THIS PROGRESS?

    - ပြောင်းပြီးရင်တော့ အဲဒီဖိုင်တွေကို iTunes software ပေါ် drag n drop လုပ်လိုက်ရင် ringtones ဆိုတဲ့ library ထဲ ကို ဝင်သွားမှာ ဖြစ်ပြီး sync လုပ်လို့ရပါပြီ။

    I SAW RING TONE FOLDER & SYNC READY,BUT NO CHANGE

    WITH REGARDS,

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 4 + 5