Happy Birthday to 25 Years Old .COM


Happy Birthday to 25 Years OlD Domain

Commercial ဆိုတဲ့ စာကားလုံးကနေ အတိုယူထားတဲ့ .COM ဆိုတဲ့ gTLD ဒိုမိန်းက ဒီနေ့ ၁၅ ရက်နေ့မှာ ၂၅ ပြည့်မွေးနေ့ကို ရောက်ပါပြီ။ ကမ္ဘာပထမဆုံး domain ဖြစ်တဲ့ symbolics.com ကို ဒီနေ့လို မတ်လ ၁၅ ရက် 1985 မှာ စပြီး registered လုပ်ခဲ့တာဖြစ်ပါတယ်။ နောက် ၅ နှစ်ကြာတဲ့ အထိကို နောက်ထပ် company ၅ ခုသာ registered လုပ်ခဲ့တဲ့ .com domain ဟာ ဒီနေ့ အချိန်မှာ 90 million လောက် ရှိနေပြီဖြစ်ပါတယ်။ မိတ်ဆွေ dicitionary စကားလုံးမျိုးနဲ့ .com အခု ယူချင်တယ်ဆိုတောင် မရတော့ပါဘူး နံပါတ်တွေတပ်ယူလဲ ၄ လုံး ၅ လုံးလောက်တပ်ယူမှ ရနိုင်တော့မယ့် ခေတ်ရောက်သွားပါပြီ။

အရင် 1987 လောက်အထိတောင် .com ဒိုမိန်း အခု ၁၀၀ ပဲရှိပါသေးတယ်။ အဲဒီအချိန်ကများ FaceBook.com, Twitter.com, YouTube.com တွေ ယူထားမိလိုက်ရင် အခုချိန်ပြန်ရောင်းစားရုံနဲ့ သူဌေးဖြစ်မှာ :D မှတ်မိနေတာက လက်ရှိ အချိန်ထိတော့ domain ပြန်ရောင်းတဲ့ ဈေးကွက်မှာ ဈေးအကြီးဆုံးပေး ဝယ်ပြီး ပြန်ဝယ်သွားတာက Sex.com က စံချိန်တင်ထားတာပါ။ ဖတ်ရင်းနဲ့ ပိုသိချင်လာလို့ Wikipedia မှာ သွားဖတ်တော့ ထူးဆန်းတယ် MCC.com ကလဲ 1987 လောက်ကတည်းက ယူထားခဲ့တာပဲ။ မြန်မာ company တွေ မခေဘူးဆိုပြီး new tab ဖွင့်ကြည့်လိုက်တော့ အမေရိကန်က MCC ဖြစ်နေလေရဲ့ :D

တစ်ခါထဲ ကမ္ဘာပထမဆုံး ဒိုမိန်း ကိုပါဖွင့်ကြည့်လိုက်တော့ Title မှာတင် ကြွားပြီးရေးထားတာ တွေ့ရတယ် The First Domain Name Ever ဆိုပါလား။ စိတ်ဝင်စားတာနဲ့ view source လိုက်တော့ WordPress ပါဝါ ထားတာပဲ။ လောလောဆယ်တော့ ကမ္ဘာပထမဆုံးဆိုတဲ့ senior ဒိုမိန်း .COM ကြီးကို နောက်ပေါက် HtooTayZar.com ကနေ ဂါရဝပြုလိုက်ပါတယ်။


Happy Birthday to You!!





Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: