Happy Birthday to 4 Years Old Twitter


Happy Birthday Twitter

ဒီနေ့ March 21 ရက်မှာ Twitter ဆိုတဲ့ Microblogging, 140 characters Social Networking ဆိုဒ်ရဲ့ ၄ နှစ်ပြည့်မွေးနေ့ပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့ကတောင် ကျွန်တော် သူတို့ ရုံးခန်းပုံတွေ တင်လိုက်သေးတယ်။ ဒီနေ့က သူတို့ birthday ဖြစ်သွားပြီ။ twitter က Social Networking ဆိုဒ်တွေထဲမှာ ကျွန်တော် အကြိုက်ဆုံးပါ။ FaceBook ထက်ပိုကြိုက်ပါတယ်။ FaceBook မှာ ကြတော့ မြန်မာသူငယ်ချင်းတွေများပြီး twitter မှာတော့ နိုင်ငံခြားသား သူငယ်ချင်းတွေ ပိုများပါတယ်။

ဘာလို့ကြိုက်လဲဆိုတော့ ကမ္ဘာအနှံ့ Technology, Design Community တစ်ခုလုံးနီးပါးက လူတွေ အဲဒီမှာ ရှိတယ်။ Short Messages တွေနဲ့ သတင်းတွေ ရှဲကြတယ်။ တခါတရံ မုန်တိုင်း၊ ငလျင် စတာတွေဖြစ်ခဲ့ရင် စက္ကန့်မခြား ကျွန်တော် သိနေရတယ်။ ဘယ်နေရာ ဘာဖြစ်နေလဲ အကုန်သိရတယ်။ Vendor တွေဆိုလဲ feedback ပေးရတာ အရမ်းလွယ်တယ်.. တခါတလေဆို Twitter ကနေပဲ ကွန်ပလိန်းတက်လိုက်တယ် ချက်ချင်း အဖြေရတယ်။ စတာတွေကြောင့် ကြိုက်ပါတယ်။ သုံးရင်တော့ ရုံးမှာကော အိမ်မှာပါ Tweetie နဲ့ သုံးပြီး phone မှာတော့ TweetDeck ကို သုံးပါတယ်။ ဆိုတော့ မွေးနေ့အတွက် Twitter ကို ဆုတောင်းပေးလိုက်ပါတယ်။


“Happy Birthday to You, Twitter”





Related Posts

1 Comment so far »

  1. exiter said,

    Wrote on March 23, 2010 @ 7:02 am

    ကျွန်တော်လည်းဆုတောင်းပေးလိုက်ပါတယ် …
    Happy Birthday Twitter …..

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: