Inside Your Favorite Tech Companies
ကွန်ပျူတာ အလုပ်လုပ်နေတဲ့ သူတိုင်းမှာ သူ့အတွေးနဲ့သူ အလုပ်လုပ်ချင်တဲ့ favorite company တွေရှိကြမှာပါပဲ။ တချို့ကလဲ ကိုယ်ပိုင် Software House, Studio အသေးစားလေး လုပ်ချင်တာမျိုးလဲ ရှိမယ်။ တချို့ကလဲ giant company မှာ လုပ်ချင်တာမျိုးလဲ ရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ ရက်တွေက အားနေတော့ ရုံးမှာ ဘာမှသိပ်မလုပ်ဖြစ်ပဲ Silicon Valley တွေ Mountain View, Cupertino, Redmon တွေ လျှောက်သွားပစ်လိုက်တယ်။ Google Search, Google Earth, Flickr တွေနဲ့ သွားတာပြောပါတယ်
Technology မှာ Giant ကြီးတွေ ဖြစ်နေတဲ့ FaceBook, Google, Yahoo!!, Microsoft, Apple, Flickr, FriendFeed, Twitter, eBay, Amazon စတာတွေရဲ့ ရုံးခန်း ဓာတ်ပုံတွေ အငမ်းမရ ရှာကြည့်ဖြစ်တယ်။ ပုံတွေကြည့်ပြီး အမေရိကမှာ သွား လုပ်ချင်လာပြန်ရော.. လုပ်ရင်တော့ နဂိုအကျင့်အတိုင်းပဲ ကိုယ် ဝါသနာပါတဲ့ subject ပဲ လုပ်ချင်ပြန်တယ် (ကြီးကျယ်တာ).. အရင်ကတည်းက အလုပ်ရှာရင် ကိုယ်တကယ် လုပ်ချင်တဲ့ အလုပ်မျိုးတွေမှ လျောက်လေ့ရှိတာ။
အဓိကကတော့ ရုံးဆိုတာက လူအများနဲ့ လုပ်ရတာပါပဲ ဆိုတော့ ကိုယ်နဲ့ အတူလုပ်ရမယ့် team, manager, CEO, BOSS စတာတွေကလဲ အရေးပါတယ်။ အကျင့်ကောင်းပြီး အချောင်မခိုတာမျိုးတွေ ဆုံမှလဲ ကောင်းတယ်။ နောက် စက်တွေ ပစ္စည်းတွေ ပြင်ဆင်ထားပေးတာ၊ ရုံးခန်းရဲ့ အပြင်အဆင်တွေ အရောင်တွေ စတာတွေကလဲ သွယ်ဝိုက်တဲ့ နည်းနဲ့ အရေးပါပါတယ်။ Giant ကြီးတွေ ရုံးခန်းတွေ ကြည့်မိတော့ အဲဒါတွေ အကုန်ပြည့်စုံတဲ့ အပြင် ကစားကွင်း၊ ရေကူးကန်၊ gym, games တွေ ကိုယ်ပိုင် canteen တွေနဲ့ အားကျစရာတွေ ကြည့်ပဲ။ တော်ရုံတန်ရုံ stress လောက်ကတော့ ညနေဘက် ရေဆင်းကူးလိုက်တာမျိုးနဲ့ ပျောက်သွားနိုင်တယ်။
အဲဒီ company တွေထဲမှာ အလုပ်ချင်ဆုံးနဲ့ ကိုယ်နဲ့ သင့်တော်တဲ့ အလုပ်မျိုး၊ ဝါသနာပါတဲ့ အလုပ် ရှိမယ်လို့ ယူဆထားတာတွေက အင်းပေါ့ Apple ကစတာပေါ့ နောက် Twitter မှာလဲလုပ်ချင်တယ်။ FaceBook မှာလဲ လက်လွတ်မခံချင်ပြန်ဘူး။ နောက် အခုတင်ထားတဲ့ထဲ မပါသေးတဲ့ XPlane မှာလဲ UX Designer လုပ်ချင်ပြန်တယ်။ ဂျာမန်က CulturedCode မှာလဲ လုပ်ချင်ပြန်သေးတယ်။ TechCrunch, AOL Blog Networks တွေမှာလဲ tech, gadgets review blogger လဲ လုပ်ချင်ပြန်တယ်။ Apple လိုမျိုးမှာဆို Scott Forstall လက်အောက်က အခွဲမှာ လုပ်ချင်တယ်။ Apple ကများ ခေါ်မယ်ဆိုလို့ကတော့ ကျွန်တော် အရင်လုပ်ရမှာ မဟုတ်လောက်ဘူး ခုလက်ရှိ အလုပ်က သူဌေး ကိုယ်တိုင် အရင်သွားလုပ်လိမ့်မယ်။ သူကလဲ ကျွန်တော်လိုပဲ crazy ပဲ
လောလောဆယ်တော့ ရုံးခန်းပုံတွေ ကြည့်ပြီး သရေကျပေတော့ပဲ.. လက်ရှိ အရှေ့တောင် အာရှမှာကတော့ အဲဒီ Giant ကြီးတွေ အခွဲတွေ အများစုက စင်ကာပူ နဲ့ ထိုင်း မှာ အများဆုံးရှိပါတယ်။ အခြား နီးသေးတာဆိုရင်တော့ India မှာ ရှိကြတယ်။ Google, Yahoo!!, SalesForce, Sun, Oracle, HP စတာတွေက singapore မှာ ရှိပါတယ်။ Apple လိုမျိုးမှာ technician လုပ်ချင်ရင်တော့ Cupertino သွားရလိမ့်မယ်။ ဒါမှမဟုတ် ထုတ်တဲ့ ဆီမှာ လုပ်ချင်တယ်ဆိုရင်တော့ တရုတ်ထဲဝင်ပြီး Foxconn လိုမျိုးမှာ ဝင်လုပ်ရင် အနည်းဆုံးတော့ တနေ့ကို အိုင်ဖုန်း ၁၀၀၀ ထက်မနည်းကိုင်ခွင့်ရနိုင်ပါတယ်။ ကိုင်ခွင့်ရမယ်ဆိုတာ assembly လုပ်ရမှာကို ပြောတာပါ အိမ်ယူသွားရမယ်လို့ မဆိုလိုပါ =P
ဒီပို့စ်တင်ဖို့က အချိန်တော်တော် ယူသွားတယ် ဓာတ်ပုံတွေ လျောက်ရှာရတာရယ်.. ပြန်တင်ရတာရယ်ကြောင့် ဖြစ်ပါတယ်။ လက်ရှိရေးခဲ့သမျှ ပို့စ်တွေထဲမှာ ပုံအများဆုံး ပါတဲ့ ပို့စ်ဖြစ်ပါလိမ့်မယ် ပုံ ၆၀ နီးပါးလောက် တင်လိုက်ရတယ်။ ပုံတွေကို အကြီးကြည့်ချင်ရင် ကလစ် လုပ်ကြည့်နိုင်ပါတယ်။ အခြား Giant ကြီးတွေရဲ့ Office ပုံတွေကိုတော့ နောက် အချိန်ရရင် အပိုင်းလိုက် တင်ပေးပါဦးမယ်။ ပျော်ရွှင်ပါစေ။ ။
Apple ~ Cupertino, CA
Google Plex ~ Mountain View
Twitter HeadQuarter Office
FaceBook HeadQuarter
Yahoo!! HQ And Branches
Sources : Labnol, Flickr, PaulStamatiou, Porhomme & More….


























































EMH said,
Wrote on March 21, 2010 @ 7:16 pm
I wanna work at twitter&FB…their offices doesnt look like work place..looks like hotels or homes
Like or Dislike:
0
0
sagicorns said,
Wrote on March 21, 2010 @ 7:17 pm
There have heavy pressure behind giant,full facilitate offices. I’m facing now
Like or Dislike:
0
0
exiter said,
Wrote on March 23, 2010 @ 7:08 am
ကျွန်တော်လည်း twitter ရုံးခန်းကိုအကြိုက်ဆုံးပဲဗျ …
Like or Dislike:
0
0
mgpyone said,
Wrote on March 23, 2010 @ 1:46 pm
အပေါ်က ဖေ့ဘွတ် ကတ္တီပါခင်းပေါ်မှာ မတ်တပ်ရပ်နေတဲ့ တရုတ်က Hip-Hop ကို လုပ်တဲ့ Haiping Zhao (http://www.facebook.com/hzhao) လို့ထင်တာ
.. ကျနော်ကတော့ FogCreek (http://www.fogcreek.com/) လိုနေရာမျိုးမှာတင် လုပ်ရရင် သေပျော်ပြီ
wohha.. မိုက်ထှာ သူများ ရုံးခန်းတွေ
Like or Dislike:
0
0