19 Mar, 2010

ကို စေတန် ရဲ့ Web Routing ဆိုတဲ့ Map တွေ့ဖူးမယ် ထင်တယ် အခုကတော့ Sam Loman ရဲ့ Anatomy Routing, Transit Map ပါ။ London ကလို UnderGround မြေပုံတော့ မဟုတ်ပါဘူး.. Under Skin လို့သက်သက်ပါပဲ =D ဘာရယ်မဟုတ်ဘူး creative ကောင်းလို့ မှတ်ပုံတင် blog ပုံ တင်ထားတာပါ။
Read the rest of this entry »
15 Mar, 2010

Commercial ဆိုတဲ့ စာကားလုံးကနေ အတိုယူထားတဲ့ .COM ဆိုတဲ့ gTLD ဒိုမိန်းက ဒီနေ့ ၁၅ ရက်နေ့မှာ ၂၅ ပြည့်မွေးနေ့ကို ရောက်ပါပြီ။ ကမ္ဘာပထမဆုံး domain ဖြစ်တဲ့ symbolics.com ကို ဒီနေ့လို မတ်လ ၁၅ ရက် 1985 မှာ စပြီး registered လုပ်ခဲ့တာဖြစ်ပါတယ်။ နောက် ၅ နှစ်ကြာတဲ့ အထိကို နောက်ထပ် company ၅ ခုသာ registered လုပ်ခဲ့တဲ့ .com domain ဟာ ဒီနေ့ အချိန်မှာ 90 million လောက် ရှိနေပြီဖြစ်ပါတယ်။ မိတ်ဆွေ dicitionary စကားလုံးမျိုးနဲ့ .com အခု ယူချင်တယ်ဆိုတောင် မရတော့ပါဘူး နံပါတ်တွေတပ်ယူလဲ ၄ လုံး ၅ လုံးလောက်တပ်ယူမှ ရနိုင်တော့မယ့် ခေတ်ရောက်သွားပါပြီ။
Read the rest of this entry »
14 Mar, 2010

Internet က တဖြည်းဖြည်းနဲ့ လူသုံးများလာနေပါပြီ အခုဆို Extranet လို့တောင် ခေါ်ရမလားပဲ။ အခုကတော့ Data တွေ ကြည့်ကြည့်ရအောင်ပါ။ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ စာရင်းအရ ကမ္လာပေါ်မှာ web site ပေါင်း 234 Million ရှိနေပြီ အဲဒီ အထဲမှာ စာဖတ်သူ အခုဖတ်နေတဲ့ site လေးလဲ ပါနေတယ်
Read the rest of this entry »
14 Mar, 2010

Hold Your Horses ရဲ့ 70 Million လို့ခေါ်တဲ့ သီချင်း music video ကို ဒီနေ့ ၁ ခေါက်ကြည့်မိပြီးတာနဲ့ စွဲသွားတယ်။ အခု ပုံတွေတင်ထားတဲ့ အတိုင်းပါပဲ မိတ်ဆွေ ပုံတွေကို မြင်ဖူးသလိုလို ရှိနေလိမ့်မယ်…. ဘာလို့လဲဆိုတော့ နာမည်ကျော် ပန်းချီ ကားတွေကို ပြန်ပြီး သရုပ်ပြရင်း ဆိုထားလို့ပါ။ ဒါဗင်ချီ ပန်းချီတွေကော ခရစ်တော်နဲ့ သက်ဆိုင်တဲ့ ပုံတွေကော အကုန်ပါတယ်။
Read the rest of this entry »
13 Mar, 2010

ဒီရက်ပိုင်း ဘာရယ်မဟုတ်ဘူး ဟာသ တီရှပ်တွေ ဝယ်ဖြစ်တယ်။ နောက် ပေါက်ကရတွေ ပဲလုပ်ချင်နေတယ်။ ဒါနဲ့ ဖုန်းမှာလဲ ဟာသ ပုံတွေ wallpaper လုပ်သုံးဖြစ်တယ်။ ကျွန်တော်က Wallpaper ခဏတိုင်း ပြောင်းရတာ ဝါသနာ ပါတယ်။ ပြောင်းရင် desktop, laptop, phone, mp4 တွေအကုန် one set ဆင်တူပြောင်းတာကလဲ ဝါသနာ အခုလဲ ညနေပိုင်း funny ringtones တွေ download လုပ်နေဖြစ်တယ်။ ဒါနဲ့ ကျွန်တော်လိုလူတွေ အတွက် အဆင်ပြေအောင် ဒီနေ့ ရှာခဲ့တဲံ ဆိုဒ်တွေ ပို့စ်တင်ပြီး ရေးလိုက်ပါတယ်။ ကျွန်တော်လဲ နောက်မေ့သွားရင် ပြန်ရှာလို့ ရအောင်။
Read the rest of this entry »
11 Mar, 2010

iPad ကို နောက်လ April 3 ရက်နေ့မှာ US မှာ စဖြန့်တော့မယ်။ တချို့တွေကလဲ စိတ်ဝင်စားကြတယ်၊ တစ်ချို့ကလဲ စိတ်မဝင်စားကြဘူး။ ကျွန်တော်ကတော့ စိတ်မဝင်စားဘူး မတတ်နိုင်လို့
Steve Jobs ကတော့ keynotes မှာ အပြောကောင်းသူဆိုတော့ မနားတမ်း ကောင်းကြောင်းတွေ ပြောသွားလေရဲ့။ ကျွန်တော်ကတော့ မဝယ်နိုင်မယ့်တဲ့ ကျောက်သင်ပုန်းကြီး ကိုတော့ စိတ်ဝင်စားနေတယ်။ Steve မပြောသွားတဲ့ အချက်တွေလဲတွေ့နေရလို့ ၁၀ ခုစုလိုက်ပြီး ဖွပါရစေတော့။
Read the rest of this entry »
7 Mar, 2010

လူတွေအတွက် သင်းချိုင်းရှိသလို လေယာဉ်ပျံတွေ အတွက်လဲ သင်းချိုင်းရှိတာကို ပြီးခဲ့တဲ့ အပတ်ကတွေ့လိုက်မိတယ်။ Arizona, USA မှာ ရှိပါတယ်။ အပေါ်က ပုံမှာ ပြထားသလိုပဲ လေယာဉ်တွေ တန်းစီနေတာပါ။ အကြီးကြီးတွေကနေ ပေါက်စလေးတွေထိရှိပါတယ်။ ရဟတ်ယာဉ်တွေလဲ ရှိပါတယ်။ ရာချီပြီး ရှိတာမို့ အပြင်မှာ နေရာအရမ်းကျယ်လိမ့်မယ်လို့ ခန့်မှန်းရတယ်။ များလိုက်တဲ့ လေယာဉ်တွေများ အရုပ်တွေကျနေတာပဲ။ ကျွန်တော်ကတော့ ဘာမှမလုပ်ချင်ဘူး Counter Strike ထဲကလိုပဲ သေနတ်ပစ်တိုင်း သွားကစားချင်တယ်။
အောက်မှာ ပုံတွေ အသေးစိတ်ကြည့်လို့ ရပြီး E Irvington Rd, Tucson, Pima, Arizona, USA ကို Google Map မှာ ကြည့်လိုက်ရုံပါပဲ။ Google Map embed လုပ်ထားတာမို့ RSS က ဖတ်ရင်တော့ မြင်ရမယ် မထင်ပါဘူး ခင်ဗျာ။ ပျော်ရွှင်ပါစေ။
Read the rest of this entry »
6 Mar, 2010
ဒီရက်တွေမှာ ကျွန်တော် အတော် ကံကောင်းနေပုံရတယ်။ ပြီးခဲ့တဲ့ အပတ်တွေက Google Buzz ပို့စ်နဲ့ ပြသနာဖြစ်တယ်။ တော်တော်ရှင်းပြီးတော့မှ အဆင်ပြေသွားတယ်။ အခုကတော့ နောက်တစ်မျိုးပေါ့ ကျွန်တော် အားနေမှာ စိုးလို့ထင်တယ်။ ပြသနာထပ်ဖြစ်ပြန်တယ်။ အမှန်တော့ ကျွန်တော်လဲ ဒီရက်တွေမှာ မအားလို့ ပို့စ်လဲ မရေးဖြစ်ဘူး။ အလုပ်ကပြန်လာရင် ဘာမှ မလုပ်နိုင်ပဲ တန်းအိပ်တာများလို့။ အခြား ကိစ္စတွေကြောင့် စိတ်ရှုပ်နေတာလဲပါတယ်။ ပင်ပန်းတော့ စိတ်မရှည်ဖြစ်နေတယ်။ အမှားလုပ်မိဖို့ လွယ်တဲ့ အခြေအနေဖြစ်နေတယ်။
Read the rest of this entry »
6 Mar, 2010

ကျွန်တော့်မှာ အရင်ကတည်းက walkman, mp3 တွေ နားထောင်ရင် ပြသနာ ခဏတိုင်း ဖြစ်တာက နားကြပ်ပါပဲ။ ကျွန်တော်က အပြင်သွားတိုင်း လမ်းလျောက်တိုင်း၊ ကားစီးတိုင်း အမြဲ နားကြပ်တပ်ပြီး သီချင်းနားထောင်လေ့ရှိတယ်။ အပြင်မှာလဲ ဘယ်သူမှ လမ်းတွေ့လို့ခေါ်ရင် မကြားဘူး။ ဒါပေမယ့် နားကြပ်တပ်ထားပေမယ့် ကားတွေ ဘာတွေကိုတော့ အမြဲသတိထားတယ်။ နားကြပ်တပ် သီချင်းနားထောင်ရင်းနဲ့ ကားကို မမြင်ပဲ လမ်းဖြတ်ကူးတဲ့သူတွေလဲ လိုက်ဆွဲဘူးတာတော့ မနဲဘူး။ နောက်ဆုံး ဆွဲခဲ့တာကတော့ လမ်းလျောက်တတ်စ ကလေးကို သွားဆွဲဖူးတာ အရင်ပြောဖူးပါတယ်။ သီချင်းက တစ်ယောက်ထဲနေမှ နားထောင်ပါတယ် သူငယ်ချင်းတွေနဲ့ သွားရင် ဘယ်တော့မှ နားမထောင်ဘူး။ သူများကို မလေးစားရာကျသလို နားတစ်ဖက်ဖြုတ်ထားပြန်ရင်လဲ battery waste ဖြစ်ပြီး သီချင်းကိုလဲ စိတ်မရောက်ဖူးထင်လို့။
Read the rest of this entry »